စိတ်ပညာလို့ပြောလိုက်ရင် သင်ဖို့လိုအပ်လို့လား၊ ဘာများ အသုံးဝင်နိုင်မှာမို့လဲ မေးချင်ကြမှာပါ။ အထူးသဖြင့် မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူတွေက စိတ်ပညာကို ကိုယ်တိုင်ကိုယ်ကျ စိတ်ဝင်တစားနဲ့ရွေးချယ်တက်ရောက်တဲ့သူက အနည်းစုသာရှိပါတယ်။

လူသားတွေရဲ့ပြောင်းလဲလာတဲ့နေထိုင်မှုပုံစံ ၊ တန်ဖိုးထားမှုတွေ ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေကို လေ့လာဖို့ စိတ်ပညာက နိုင်ငံတစ်နိုင်ငံမှာ မရှိမဖြစ်လိုအပ်တဲ့ ဘာသာရပ်တစ်ခုဖြစ်ပါတယ်။

ပညာရှင်တွေကတော့ စိတ်ပညာဆိုတာ စိတ်ပိုင်းဆိုင်ရာနဲ့ အပြုအမှု (Behavior) ကိုလေ့လာခြင်းလို့ အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။ အခုနောက်ပိုင်းမှာဆို ဖွံ့ဖြိုးရေးစိတ်ပညာ (Developmental Psychology) ၊ Social Psychology နဲ့ Cultural Psychology ဘာသာရပ်တွေကို ပိုမိုစိတ်ဝင်တစားရှိလာတာတွေ့ရပါတယ်။

ဒါကြောင့် စိတ်ပညာကိုစိတ်ဝင်စားတဲ့ မြန်မာနိုင်ငံက ကျောင်းသား၊ ကျောင်းသူတွေအတွက် Psychology နဲ့ပက်သက်ပြီး သင်ကြားရေးအကောင်းဆုံး ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် (၁၀) ခုကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

  1. Harvard University
  2. Stanford University
  3. University of Cambridge
  4. University of Oxford
  5. University of California, Los Angeles
  6. University of California, Berkeley
  7. Yale University
  8. Massachusetts Institute of Technology (MIT)
  9. University of Michigan
  10. UCL (University College London)

Ref : www.topuniversities.com

Leave a comment