ဂျပန်နိုင်ငံမှာ ကျောင်းဆက်လက်တက်ဖို့စီစဉ်နေတဲ့သူတိုင်း သိထားသင့်တဲ့ ၂၀၁၉ ခုနှစ်ရဲ့ QS Ranking အမြင့်ဆုံးတက္ကသိုလ် (၁၀) ခုကို ဖော်ပြပေးလိုက်ပါတယ်။

အဆင့် (၁၀) Keio University
1858 ခုနှစ်တည်းကတည်ထောင်ထားတဲ့ ဂျပန်နိုင်ငံရဲ့ပထမဆုံးပုဂ္ဂလိကတက္ကသိုလ်ဖြစ်တဲ့ Keio University က အကောင်းဆုံးတက္ကသိုလ်ထဲမှာ အဆင့် (၁၀) ရထားပြီး ကမ္ဘာ့အဆင့်တက္ကသိုလ်ထဲမှာတော့ အဆင့် ၁၉၈ နေရာမှာရှိပါတယ်။

Advertisements

အဆင့် (၉) Waseda Univesity
တိုကျိုမြို့က Waseda University ကတော့ နာမည်ကျော် Alumni တွေမွေးထုတ်တဲ့တက္ကသိုလ်တစ်ခုလို့ သိကြပါတယ်။ နိုင်ငံတကာကျောင်းသားအများဆုံး တက္ကသိုလ်ထဲမှာပါပြီး ကမ္ဘာ့အဆင့်အနေနဲ့ဆိုရင်တော့ Ranking 208 မှာရှိပါတယ်။

အဆင့် (၈) Kyushu University
ဂျပန်နိုင်ငံရဲ့ စတုတ္ထမြောက်သက်တမ်းအရင့်ဆုံးတက္ကသိုလ်ဖြစ်တဲ့ Kyushu University က ကမ္ဘာ့အဆင့် ၁၂၆ မှာရှိပြီးတော့ ဂျပန်ရဲ့အကြီးဆုံးတက္ကသိုလ်လည်းဖြစ်ပါတယ်။ Engineering နဲ့ပက်သက်ပြီး ဆက်လက်ပညာသင်ကြားချင်သူတွေနဲ့ အသင့်တော်ဆုံး တက္ကသိုလ်ကြီးတစ်ခုလည်းဖြစ်ပါတယ်။

Advertisements


အဆင့် (၇) Hokkaido University
ယခင်က Sapporo Agricultural College အဖြစ်သိကြတဲ့ Hokkaido University က ဘွဲ့ကြိုသင်တန်းတွေကို ဂျပန်နိုင်ငံမှာ ပထမဆုံးပို့ချသင်ကြားပေးတဲ့တက္ကသိုလ်ကြီးဖြစ်ပါတယ်။ သမိုင်းအစဉ်အလာ ကောင်းမွန် ရုံတင်မကဘဲ research ပိုင်းမှာလည်း ကမ္ဘာ့အဆင့်မီတက္ကသိုလ်ကြီးအဖြစ် သိကြပါတယ်။

Advertisements

အဆင့် (၆) Nagoya University
ကမ္ဘာ့အဆင့် ၁၁၁ မှာရှိတဲ့ သုတေသနအဆင့်မြင့်ဆုံး Nagoya University က ကျောင်းသား-ဆရာအချိုးအကောင်းဆုံးတက္ကသိုလ်ထဲမှာ ဒုတိယမြောက်တက္ကသိုလ်ကြီးဖြစ်ပါတယ်။ ၁၉၃၉ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။

အဆင့် (၅) Tohoku University
ဂျပန်နိုင်ငံရဲ့ Third Imperial University ဖြစ်ပြီး ကမ္ဘာ့အဆင့် ၇၇ နေရာမှာရှိတဲ့ Tohoku University က အမျိုးသမီးနဲ့ နိုင်ငံတကာကျောင်းသားတွေကို ပထမဆုံးလက်ခံပေးတဲ့ ဂျပန်တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ နည်းပညာပိုင်းမှာအဆင့်တန်းမြင့်မားတဲ့ တက္ကသိုလ်လို့လည်း သိကြပါတယ်။

Advertisements

အဆင့် (၄) Tokyo Institute of Technology
Practical science နဲ့ Engineering education မှာ ကမ္ဘာ့အကောင်းဆုံးသုတေသနတက္ကသိုလ်ဖြစ်ပြီး လက်ရှိမှာ ကမ္ဘာ့အဆင့် ၅၈ နေရာမှာရှိပါတယ်။ သင်ကြားရေးနဲ့ သုတေသနပိုင်းမှာ ကမ္ဘာ့အဆင့်မီ တက္ကသိုလ်ကြီးဖြစ်ပြီး Campus (၃) ခုရှိပါတယ်။

အဆင့် (၃) Osaka University
ဂျပန်နိုင်ငံရဲ့အကောင်းဆုံးတက္ကသိုလ်ထဲမှာ အဆင့် (၃) နေရာရှိပြီး Dentistry ၊ Chemical engineering ၊ Physics ၊ Astronomy နဲ့ Natural sciences ဘာသာရပ်တွေမှာ နာမည်ကျော်ကြားတဲ့တက္ကသိုလ်ကြီး ဖြစ်ပါတယ်။ Osaka University က ၁၇၂၄ ခုနှစ်တည်းကတည်ထောင်ခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ ၆ ခုမြောက်သက်တမ်းအရင့်ဆုံးတက္ကသိုလ် ဖြစ်ပါတယ်။

အဆင့် (၂) Kyoto University
ဥရောပနဲ့ အမေရိကန်တက္ကသိုလ်များကိုတန်းတူယှဉ်ပြိုင်နိုင်တဲ့ ဂျပန်တက္ကသိုလ်တစ်ခုဖြစ်တဲ့ Kyoto University ကဆိုရင် ဂျပန်နိုင်ငံရဲ့အဆင့် (၂) တက္ကသိုလ်တစ်ခုဖြစ်ပြီး ကမ္ဘာ့အဆင့် ၃၅ မှာရှိတဲ့ တက္ကသိုလ်ကြီးဖြစ်ပါတယ်။ နိုင်ငံတကာသုတေသနကွန်ရက်များနဲ့ ချိတ်ဆက်မှု ၊ သင်ကြားရေးနဲ့ Academic reputation ပိုင်းမှာနာမည်ကျော်တက္ကသိုလ်ဖြစ်ပါတယ်။

အဆင့် (၁) The University of Tokyo
ဂျပန်နိုင်ငံရဲ့အကောင်းဆုံးတက္ကသိုလ်လည်းဖြစ် ကမ္ဘာ့အဆင့် ၂၃ မှာရှိတဲ့ University of Tokyo ကို ၁၈၈၇ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး အာကာသယာဉ်မှူး (၅) ဦးနဲ့ ဂျပန်ဝန်ကြီးချုပ်တစ်ဦးကိုမွေးထုတ်ပေးနိုင်တဲ့ အမိတက္ကသိုလ်ကြီးဖြစ်ပါတယ်။

Ref: topuniversities

Advertisements

Leave a comment