photo: http://www.scholarshipfellow.com

ဘွဲ့ကြိုသင်တန်းတက်ရောက်မယ့် ဖွံ့ဖြိုးဆဲနိုင်ငံကကျောင်းသား၊ ကျောင်းသူတွေအတွက် Wells Mountain Foundation ရဲ့ ETE Program ကနေပြီးတော့ တက္ကသိုလ်ဆက်လက်တက်ရောက်ဖို့ ပညာသင်ဆုတွေ နှစ်စဉ်ထောက်ပံ့ပေးနေတာ ရှိပါတယ်။ ကိုယ့်နိုင်ငံမှာ တက္ကသိုလ်ဆက်တက်ချင်တဲ့သူတွေရော၊ ဒါမှမဟုတ်တခြားနိုင်ငံမှာ သွားရောက် တက်ချင်တဲ့သူတွေအတွက်ပါ ပညာသင်ဆုထောက်ပံ့ပေးပါတယ်။

ပညာအရည်အချင်းကောင်းမွန်ပြီး ပညာသင်ကြားပြီးတာနဲ့ကိုယ့်နိုင်ငံပြန်လာမယ့်သူမျိုးကိုပဲ ပညာသင်ဆုပေးမှာဖြစ်ပါတယ်။ အသက်ကန့်သတ်ချက်ကတော့ (၃၅) နှစ်အောက်ဖြစ်ရပါမယ်။ ပညာသင်ဆုလျှောက်ထားခွင့်ရှိတဲ့ ဘာသာရပ်တွေကတော့ ဆေးပညာ၊ ဒေသန္တရဖွံ့ဖြိုးရေး၊ ဥပဒေ ၊ ပညာရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ နည်းပညာနဲ့ အင်ဂျင်နီယာဘာသာရပ်တွေဖြစ်ပါတယ်။

ဒီဇင်ဘာ (၁) ရက်နေ့ကနေ ဧပြီ (၁) ရက်နေ့အတွင်း အွန်လိုင်းလျှောက်လွှာများစတင်လျှောက်ထာနိုင်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဖော်ပြပါ Link မှာစုံစမ်းမေးမြန်းနိုင်ပါတယ်။

http://www.wellsmountainfoundation.org/our-programs/scholarships/

Leave a comment