Ministry of Education နဲ့ Office of the Higher Commission (OHEC) ရဲ့အသိအမှတ်ပြုလက်မှတ်ရထားတဲ့ ထိုင်းနိုင်ငံက ထိပ်တန်း Corporate University တစ်ခုမှာ ပညာသင်ထောက်ပံ့ကြေးနဲ့ ကျောင်းတက်ချင်သူတွေကို အထူးသတင်းကောင်းပေးချင်ပါတယ်။
C.P Group လက်အောက်မှာရှိတဲ့ Panyapiwat Institute of Management အများသိကြတာကတော့ PIM တက္ကသိုလ်ကနေ မြန်မာနိုင်ငံကကျောင်းသား၊ ကျောင်းသူတွေအတွက် ပညာသင်ထောက်ပံ့ကြေးများနဲ့ ကျောင်းလျှောက်ထားနိုင်တဲ့အစီအစဉ်တွေကို ဒီနှစ်ပိုင်းတွေမှာပိုအားစိုက်ကြိုးစားလာခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့နာမည်ကျော် အစိုးရတက္ကသိုလ်တွေနဲ့ ပုဂ္ဂလိကတက္ကသိုလ်တွေအများကြီးထဲမှာမှ PIM ကဘာကြောင့် မြန်မာကျောင်းသားတွေကြားမှာ နာမည်ကြီးရတာလဲဆိုရင် အလုပ်အကိုင်အခွင့်အလမ်းကောင်းမွန်တာကြောင့်၊ International reputation မှာလည်း နာမည်တစ်စိတ်တစ်ပိုင်းရှိထားတဲ့အတွက်ကြောင့် မြန်မာကျောင်းသားအများဆုံး တက်ရောက်တဲ့ Corporate University တစ်ခုဖြစ်ခဲ့တာပဲဖြစ်ပါတယ်။
PIM မှာ Bachelor တက်ချင်တဲ့ နိုင်ငံတကာကျောင်းသား၊ ကျောင်းသူတွေအတွက် Bachelor of Business Administration (B.B.A) ကို ၃နှစ်ခွဲတက်ရောက်ရမှာဖြစ်ပြီး Master အတွက်ကတော့ iMBA ကို Thesis မပါသေးဘဲ သင်ကြားချိန်ချည်းပဲ တစ်နှစ်နီးပါးရှိပါတယ်။
နိုင်ငံတကာကျောင်းသား၊ ကျောင်းသူတွေအတွက် အထူးခံစားခွင့်ကတော့ ကိုယ့်ရဲ့ပညာအရည်အချင်းပေါ်မူတည်ပြီး ပညာသင်ဆုထောက်ပံ့ကြေး လျှောက်ထားခွင့်ရှိတဲ့အချက်ပါ။ အများဆုံးရရှိတဲ့ ပညာသင်ဆုရာခိုင်နှုန်းက ၅၀ % အထိမို့ ပညာရည်ချွန်ထူးချွန်သူတွေ ကျောင်းလခတစ်ဝက်တိတိ သက်သာစွာနဲ့တက်ရောက်နိုင်မှာပါ။
PIM ကနေ ဘွဲ့ရရှိပြီးတဲ့ကျောင်းသား၊ ကျောင်းသူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ဘယ်လိုဖွင့်ပေးထားလဲဆိုတော့ International coporate ကြီးတွေမှာ Internship program တွေ သွားရောက်လုပ်ကိုင်နိုင်သလို ဂျပန် Chuo University ၊ ဆွီဒင် University of Boras နဲ့ ဂျာမနီနိုင်ငံမှာ ဆက်လက်ပညာသင်ကြားဖို့အထိပါ တာဝန်ယူပေးပါတယ်။
PIM နဲ့ပတ်သက်ပြီး အသေးစိတ်ထပ်မံသိရှိလိုတာရှိရင် scholarshipannouncements@gmail.com ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

