ဒီရက်ပိုင်း စာကြည့်တိုက်တွေအကြောင်း စိတ်ဝင်စားနေလို့ Library Management အွန်လိုင်း သင်တန်းတစ်ခုလည်း တက်ဖြစ်ပါတယ်။ အခက်အခဲတွေ၊ အဆင်မပြေမှုတွေကြောင့် စိတ်ညစ်နေမယ့်အစား အိမ်မှာနေရင်း အကျိုးရှိတာ တစ်ခုခုလုပ်ရမှ ကျေနပ်တတ်တဲ့သူမို့ စာကြည့်တိုက်တွေအကြောင်း စာအုပ်တွေဖတ်ရင်း တကယ့်ကို အားရစရာကောင်း၊ ကိုယ်တိုင်သွားလေ့လာချင်စရာကောင်းအောင် နာမည်ကြီးတဲ့ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်စာကြည့်တိုက်တွေကို တွေ့ခဲ့ပါတယ်။

Advertisements

The Joe and Rika Mansueto Library, University of Chicago>>> ဒီစာကြည့်တိုက်ကို ၂၀၁၁ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာဖြစ်လို့ အဆောက်အဦးဗိသုကာလက်ရာကလည်း တော်တော် Modernized ဖြစ်ပြီး အရမ်းလှပါတယ်။ အမိုးက မှန်သားအမိုးဖြစ်လို့ ညဖက်စာကြည့်တဲ့အချိန်၊ မိုးရွာတဲ့အချိန် ဘယ်လောက်တောင် လှလိုက်မလဲ တွေးသာကြည့်ပါတော့။ လိုအပ်တဲ့စာအုပ်တွေကို မြန်မြန်ဆန်ဆန် ရှာပေးမယ့် Robotic cranes တွေလည်းရှိပါသေးတယ်တဲ့။

Hachioji Library, Tama Art University>>> ဂျပန်တက္ကသိုလ် Tama Art University ရဲ့ စာကြည့်တိုက်ဆိုပေမယ့် အဆောက်အဦးဗိသုကာ ဥရောပ စတိုင် အဆောက်အဦးမျိုးပါ။ အင်္ဂတေမျက်နှာကျက်အခုံးတွေနဲ့ အလှဆင်ထားပြီး အရင်ခေတ်အဆောက်အဦး ခေတ်မီအဆောက်အဦးအဖြစ် ပြန်လည်မွမ်းမံထားတဲ့ စာကြည့်တိုက်အပြင်အဆင်မျိုးနဲ့ တူပါတယ်။

Advertisements

George Peabody Library, Johns Hopkins University>>> ယနေ့ခေတ် စာကြည့်တိုက်အဆောက်အဦးဗိသုကာတွေ ဘယ်လောက်နာမည်ကျော်နေပါစေ သမိုင်းအစဉ်အလာနဲ့ တည်ရှိလာတဲ့ စာကြည့်တိုက်အိုကြီးတွေရဲ့ ကျော်ကြားမှုကိုတော့ ဘယ်ယှဉ်နိုင်မလဲလေ။ ၁၈၇၈ ခုနှစ်တည်းက တည်ရှိလာတဲ့ George Peabody Library က တကယ့်မှတ်တမ်း သုတေသဟောင်းများစွာကို ရှာဖွေလေ့လာလို့ရတဲ့ ကမ္ဘာ့တက္ကသိုလ်စာကြည့်တိုက်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

The Joanina Library, University of Coimbra>>> လင်းနို့၊ လင်းဆွဲတွေဆိုတာ အဆောက်အဦးဟောင်းတွေမှာ မကြာခဏ တွေ့ရတတ်ပါတယ်။ ပိုရှေးကျလေ အဲ့အဆောက်အဦးတွေမှာ သူတို့တွေကို ပိုတွေ့ရလေပါပဲ။ ဒါပေမဲ့ လူတွေမြင်ရင်၊ အသံတွေကြားရင် အဲ့ဒီနေရာတွေမှာ ကြာကြာမနေတတ်တဲ့ သတ္တဝါမျိုးတွေပါ။ ဒီ Joanine Library မှာတော့ လူနဲ့ယဉ်ပါးနေတဲ့ လင်းဆွဲကြီးတွေကို စာကြည့်တိုက်စဉ်တွေရဲ့နောက်မှာ အခုထိ တွေ့ရတုန်းပါတဲ့။ ဒီစာကြည့်တိုက်ကြီးကို ၁၈ ရာစုတည်းက ပေါ်တူဂီဘုရင် King John V အမိန့်နဲ့ဆောက်လုပ်ခဲ့တာဖြစ်ပြီး ပေါ်တူဂီလူမျိုးတွေရဲ့ ရှေးဟောင်းအမွေအနှစ်ကြီးတစ်ခုလည်း ဖြစ်ပါတယ်။

(Scholarship Announcements မှ စုစည်းရေးသားပါသည်။)

Advertisements
Advertisements

Leave a comment