𝐇𝐚𝐫𝐯𝐚𝐫𝐝 𝐋𝐢𝐛𝐫𝐚𝐫𝐲 (သို့ ) ကမ္ဘာ့ရတနာသိုက်

“𝐖𝐞 𝐜𝐡𝐚𝐦𝐩𝐢𝐨𝐧 𝐜𝐮𝐫𝐢𝐨𝐬𝐢𝐭𝐲 𝐟𝐨𝐫 𝐭𝐡𝐞 𝐛𝐞𝐭𝐭𝐞𝐫𝐦𝐞𝐧𝐭 𝐨𝐟 𝐭𝐡𝐞 𝐰𝐨𝐫𝐥𝐝.”

Credit: original uploader

ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်ကြီးမှာ ကမ္ဘာ့အကောင်းဆုံးစာကြည့်တိုက်ရှိတာ ထူးခြားတဲ့ကိစ္စတော့မဟုတ်ပေမယ့် အဲ့ဒီစာကြည့်တိုက်ထဲမှာရှိတဲ့ ရှားပါး Collection တွေ၊ စာအုပ်တွေ၊ ရှားပါးဓာတ်ပုံတွေကတော့ တကယ့်ကိုအံ့သြသင့်စရာကောင်းတဲ့ထူးခြားမှုပါ။

ဟားဗက်စာကြည့်တိုက်ကို ၁၆၃၈ ခုနှစ်က စတင်ခဲ့တာဆိုတော့ အခုဆိုရင် နှစ်ပေါင်း ၃၈၀ ကျော်သက်တမ်းရှိခဲ့ပါပြီ။ ဟားဗက်စာကြည့်တိုက်က အမေရိကန်ပြည်ထောင်စုရဲ့ သက်တမ်းအရင့်ဆုံးတက္ကသိုလ်စာကြည့်တိုက်ဖြစ်ပြီးတော့ ကမ္ဘာ့အကြီးဆုံး Academic စာကြည့်တိုက်ကြီးလည်းဖြစ်ပါတယ်။

Advertisements

တခြားစာကြည့်တိုက်တွေလိုပဲ ဟားဗက်စာကြည့်တိုက်တွေမှာလည်း အွန်လိုင်း ဒါမှမဟုတ် ဌားရမ်းဖတ်ရှု့လေ့လာလို့ရတဲ့ ပညာရပ်ဆိုင်ရာစာအုပ်တွေလည်း အများကြီးပါ။ စာကြည့်တိုက်ရဲ့တရားဝင်ထုတ်ပြန်ချက်အရဆိုရင် သူတို့ဆီမှာ Digitized လုပ်ထားတဲ့ item ပေါင်း ၆ သန်းကျော်ရှိနေပြီးတော့ လက်ရေးမူ သန်း ၄၀၀ ကျော်ရှိပါတယ်။ ဒါတင်မကသေးပါဘူး digital image ပေါင်း သန်းနဲ့ချီလည်း ပိုင်ဆိုင်ထားသေးပါတယ်။ သိမ်းဆည်းထားတဲ့ ကြွယ်ဝမှုနဲ့ကြည့်ရင် ဟားဗက်စာကြည့်တိုက်ရဲ့တန်ဖိုးက တန်ဖိုးဖြတ်မရအောင်ပါပဲ။

Credit: original uploader
Advertisements

ဟားဗက်က ရှားပါးစာအုပ် Collection တွေထဲမှာ သိပ္ပံ၊ သမိုင်း၊ ဥပဒေရေးရာဆိုင်ရာတွေနဲ့ပတ်သက်တာတွေ သုတေသနစာအုပ်တွေ၊ သမိုင်းမှတ်တမ်းတွေ အများကြီးရှိတယ်လို့ သိထားပါတယ်။ ဥပဒေရေးရာနဲ့ပတ်သက်ပြီးတော့ အမေရိကန်ပြည်ထောင်စု သမိုင်းကြောင်းဥပဒေတွေ၊ ပြစ်မှုဆိုင်ရာမှတ်တမ်းတွေ၊ စာချုပ် စာတမ်းတွေ၊ ပြည်တွင်း ပြည်ပသဘောတူညီချက်တွေ၊ Leature note တွေကနေ နိုင်ငံတကာဥပဒေတွေအထိ ဟားဗက်စာကြည့်တိုက်မှာရှိပါတယ်။

သိပ္ပံပညာရပ်ဆိုင်ရာပိုင်းမှာဆိုရင်လည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်က လူသားတွေရဲ့ သိပ္ပံဆိုင်ရာတွေ့ရှိမှုတွေကို ရေးသားထားတဲ့စာတမ်းတွေအထိ သိမ်းဆည်းထားတဲ့စာကြည့်တိုက်ကြီးမို့ ကမ္ဘာ့ရတနာသိုက်ကြီးလို့တောင်မှ တင်စားလို့ရပါတယ်။ ဒီလိုရှားပါး Collection တွေကို စိတ်ဝင်စားပြီး လေ့လာချင်ရင်တော့ ဟားဗက်စာကြည့်တိုက်ရဲ့ Houghton Library မှာ ရနိုင်ပါတယ်။

Advertisements

အခုလက်ရှိမှာတော့ Covid-19 ကြောင့် မူလစာကြည့်တိုက်ကြီးကို သွားရောက်မရဘဲ pickup စနစ်နဲ့ စာကြည့်တိုက်ခွဲတွေမှာ စာအုပ်သွားရောက်ထုတ်ပြီး ဌားရမ်းလို့ရပါတယ်။ လာမယ့်စာသင်ကာလကျရင်တော့ စာကြည့်တိုက်တွေပုံမှန်ပြန်ဖွင့်သွားမယ်လို့ ကြေညာထားပါတယ်။

Credit: original uploader

စာကြည့်တိုက်ဆိုပေမယ့် ပညာရပ်ဆိုင်ရာ ပညာသင်ဆုတွေလည်း နှစ်စဉ်ပေးနေတာတွေ ရှိပါတယ်။ ဟားဗက်ကျောင်းသား ကျောင်းသူတွေ ၊ ဆရာ ဆရာမတွေနဲ့ သုတေသနပညာရှင်တွေအတွက် ပေးတဲ့ ပညာသင်ဆုအစီအစဉ်တွေရှိသလို နိုင်ငံတကာက ကျောင်းသား ကျောင်းသူတွေအတွက်ပေးတဲ့ ပရိုဂရမ်တွေလည်းရှိပါတယ်။ အသေးစိတ်ကိုတော့ https://library.harvard.edu/about/grants-fellowships မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

(Scholarship Announcements မှ စုစည်းရေးသားပါသည်။)

Advertisements

Leave a comment