
1. edX
ဘာသာရပ်ပေါင်းများစွာကို Free သင်ယူလို့ရမယ့် edX ရဲ့ Mobile version တစ်ခုပါ။ နိုင်ငံတကာ ထိပ်တန်းတက္ကသိုလ်ကြီးတွေရဲ့ ပါမောက္ခတွေကိုယ်တိုင် သင်ပေးတဲ့ Course တွေလည်း အများကြီးရှိပါတယ်။ တကယ်လို့ ကိုယ်က အသိအမှတ်ပြု Certificate ပါလိုချင်တယ်ဆိုရင်တော့ ကိုယ်တတ်ချင်တဲ့ သင်တန်းအမျိုးအစား၊ Level လိုက် fee တွေ ကွာသွားပါတယ်။ Professional course တွေအပြင် Master course တွေပါ Online learning လုပ်လို့ရပါတယ်။ Free သင်ချင်တယ်ဆိုရင်တော့ Practice တွေမှာ ဝင်ပါလို့မရပါဘူး။ ကျောင်းလခသွင်းထားရင်တော့ Discussion တွေမှာရော၊ Assignment တွေမှာပါ ကိုယ်တိုင်ပါဝင်ပြီး credit တွေ ယူလို့ရပါတယ်။

Download➡️ edX Application
2. Phrasal Verbs
English ဘာသာစကားတိုးတက်ချင်တဲ့သူတွေအတွက် တော်တော်လေးအသုံးဝင်တဲ့ Application တစ်ခုပါ။ နေ့စဉ် ကျက်မှတ်ဖို့အတွက် phrasal verb (၅) လုံးစီ ပေးပါတယ်။ ပြီးရင် နားလည်၊ မလည် Lesson လေးတွေ လုပ်ရပါတယ်။ နေ့တိုင်းလုပ်သွားမယ်ဆိုရင် စာရေးတဲ့အခါပဲဖြစ်ဖြစ်၊ စကားပြောတဲ့အခါပဲဖြစ်ဖြစ် phrasal verbs တွေကို ကောင်းကောင်းအသုံးချနိုင်မယ်လို့ယုံကြည်ပါတယ်။

Download➡️ Phrasal Verbs Application
3. Elsa Speak
ဒီ Application လေးကတော့ paid lesson တွေအများကြီးရှိတဲ့ Application လေးပါ။ ဒါပေမဲ့လည်း Daily သင်ပေးတဲ့ Free lesson တွေလည်း အများကြီးရှိပါတယ်။ English speaking ကောင်းချင်တယ်၊ အသံထွက်မှန်ချင်တယ်ဆိုရင် ဒီ application ကနေ Free lesson တွေအရင်လေ့လာကြည့်ပါ။ ကိုယ့်အတွက် အဆင်ပြေလာတယ်၊ အသုံးဝင်လာတယ်ဆိုမှ Paid lesson တွေဝယ်ပြီး Join ကြည့်ပါ။ တော်တော်လေးကို အသုံးဝင်တာမို့ High recommend ပါနော်။

Download➡️ Elsa Speak Application
4. IELTS Vocabulary
IELTS ဖြေဆိုမယ့်သူတွေအတွက် Practice လုပ်လို့ကောင်းတဲ့ Application ပါ။ ဘာသာစကားတစ်ခု ကျွမ်းကျင်ဖို့ဆိုရင် သူ့ရဲ့စကားလုံးတွေ၊ အသုံးအနှုန်းတွေကို နားလည်ကျွမ်းကျင်မှ စာမေးပွဲဖြေတဲ့အခါ အမှတ် ပိုမြင့်မြင့်ရနိုင်မှာပါ။ IELTS နဲ့ပတ်သက်တဲ့ စာအုပ်တွေဝယ်ရင် ဈေးလည်းကြီးပါတယ်။ မူရင်းစာအုပ်မဟုတ်ရင် copy တော်တော်များများက printing မကောင်းရင် စာလုံးသေချာမမြင်ရတတ်ပါဘူး။ Mobile app တွေနဲ့ Practice လုပ်မယ်ဆိုရင်တော့ နေ့တိုင်းလည်း ကိုယ်လုပ်ခဲ့တဲ့သင်ခန်းတွေအတွက် record တွေရှိနေမယ်။ Listening တို့ Speaking တို့အပိုင်းတွေမှာလည်း native အသံတွေနဲ့ practice ကောင်းကောင်းလုပ်လို့ရတဲ့အတွက် ဒီနောက်ပိုင်း mobile app တွေနဲ့ လေ့လာတဲ့အပိုင်းကို ပိုပြီးသဘောကျပါတယ်။

Download➡️ IELTS Vocabulary Application
5. Google Podcasts
Listening ကောင်းဖို့အတွက်သာမကဘဲ တစ်ကမ္ဘာလုံးက topics တွေအများကြီးကို နေ့တိုင်း၊ နေ့တိုင်းနားထောင်နေလို့ရတဲ့ application ပါ။ Google podcasts က သုံးတတ်ရင် တကယ့်ဗဟုသုတ ဟင်းလေးအိုးကြီးပါ။ Learning အတွက်ပဲသုံးမလား၊ အပျင်းပြေပုံပြင်နားထောင်မလား၊ ကဗျာနားထောင်မလား၊ ဂန္တဝင်သီချင်းတွေ၊ ရုပ်ရှင်တွေအကြောင်းပြောပြထားတဲ့ podcasts တွေနားထောင်မလား တကယ့်ကို အများကြီးမှ အများကြီးရှိပါတယ်။ Daily TED talks တွေဆိုလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကိုယ်ကြိုက်တဲ့ channel ကို subscribe လုပ်ထားပြီး အင်တာနက်ရတဲ့အချိန် download လုပ်ထားပြီး နားတဲ့အချိန်မှ ပြန်နားထောင်ချင်လည်းရတဲ့အတွက် တော်တော်လေးအသုံးဝင်ပါတယ်။

Download➡️ Google Podcasts Application
*** Scholarship Announcements မှ စုစည်းေရးသားသည်။
Thanks..
LikeLike