Written by Scholarship Announcements

မပြီးဆုံးနိုင်တဲ့ COVID-19 ရဲ့နောက်ဆက်တွဲဗိုင်းရပ်အသစ်တွေနဲ့ ကူးစက်မှုနှုန်း ပြန်မြင့်တက်လာတွေကြောင့် နိုင်ငံတကာပညာရှင်တွေ၊ တက္ကသိုလ်တွေက သင်ကြားရေးစနစ်သစ်တွေဖန်တီးပြီး ပညာရေးကဏ္ဍ မရပ်တန့်သွားရအောင် ကြိုးစားခဲ့ကြပါတယ်။ စနစ်သစ်တော်တော်များများက ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ငွေကြေးအင်အား၊ နည်းပညာအားနည်းချက်ကြောင့် အခက်အခဲတွေရှိနေပေမယ့် ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ အချိန်တိုအတွင်း ကျင့်သားရလာပါတယ်။

ရောဂါဖြစ်ပွားမှုမြင့်မားခဲ့တဲ့ စပိန်နိုင်ငံမှာဆိုရင် သမိုင်းတစ်လျှောက် အရှည်လျားဆုံးအရေးပေါ်အခြေအနေ State of Alarm ကိုဖြတ်သန်းခဲ့ရပြီးတဲ့နောက် ပညာရေးဘက်မှာ ဖြေလျော့မှုတွေ တဖြည်းဖြည်း တိုးလာခဲ့ပါတယ်။ New Normal ကို စပိန်နိုင်ငံအနေနဲ့ တခြားဖွံ့ဖြိုးပြီးနိုင်ငံများနည်းတူ ပညာရေးဘက်မှာလည်း ကောင်းကောင်းအသုံးချခဲ့ပါတယ်။

စပိန်အစိုးရက အထိနာခဲ့တဲ့ ပညာရေးကဏ္ဍအတွက် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၄) ရက်နေ့မှာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ကို ဇွန်လမှာ ရပ်မယ်လို့ ကြေညာချက်ထုတ်လိုက်ပါတယ်။ Face-to-face စာသင်ခန်းတွေကိုတော့ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာမှာ ပြန်စမယ်လို့ ကြေညာလိုက်ပါတယ်။

Advertisements

အဲ့ဒီကြေညာချက်ကြောင့် တက္ကသိုလ်တွေက ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှာ ကိုယ့်တက္ကသိုလ်နဲ့ အဆင်ပြေတဲ့ သင်ကြားရေးစနစ်တွေကို ရွေးချယ်ပြုစုပြီး ကျောင်းတွေပြန်ဖွင့်ဖို့ လုပ်ကြရပါတော့တယ်။ စပိန်တက္ကသိုလ်တွေမှာ သုံးခဲ့တဲ့ teaching methodologies တွေကတော့ အခုပြောပြမယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

Presence Learning
ဒီသင်ကြားနည်းကတော့ ကျောင်းသားရော၊ ဆရာရော စာသင်ခန်းထဲမှာ သင်ကြားတဲ့ မူလသင်ကြားနည်းပုံစံပါ။ စပိန်နိုင်ငံမှာတော့ Presence learning ပုံစံကို ၂၀၂၀ ခုနှစ် မတ်လကနေ စက်တင်ဘာလအထိ ရပ်နားခဲ့ဖူးပါတယ်။ Non-face-to-face teaching က ဒီဘက်ခေတ်မှာ ခေတ်စားလာပေမယ့် တက္ကသိုလ်တွေဆိုတာ အရင်တည်းက Face-to-face teaching နဲ့ပဲသင်လာကြတာပါ။ ဒါကြောင့် Presence learning က ကျွန်မတို့အားလုံးနဲ့ ရင်းနှီးပြီးသားစနစ်ပါပဲ။ ဒါပေမဲ့ အဝေးရောက်သင်တဲ့ Degree တွေ တဖြည်းဖြည်း များလာတာတော့ တစ်ပိုင်းပေါ့နော်။

Distance Education
မြန်မာနိုင်ငံမှာတော့ အဝေးသင်လို့ ခေါ်ကြတာပေါ့။ မြန်မာနိုင်ငံက အဝေးသင်က Face-to-face teaching (အနီးကပ်သင်တန်း) နဲ့ Non-face-to-face teaching (သင်ကြားရေးဗီဒီယို) ပေါင်းထားတာမျိုးဖြစ်ပါတယ်။ နိုင်ငံတကာမှာတော့ အဝေးသင်ဆိုတာ Online learning တစ်ခုသာဖြစ်ပါတယ်။

အဲ့ဒါကြောင့် distance education လို့ပြောရင် သူတို့မှာ တစ်ခါတလေ Emergency remote education နဲ့ မှားတတ်ကြပါတယ်။ ဥပမာ ကိုဗစ်ကြောင့် စပိန်နိုင်ငံက တက္ကသိုလ်တွေ၊ အခြေခံပညာစာသင်ကျောင်းတွေမှာ အရေးပေါ်အခြေအနေအရ အွန်လိုင်းစနစ်နဲ့ပဲ (၄) လတာသင်ကြားခဲ့ပါတယ်။ အဲ့ဒီကာလမှာ သင်ကြားနည်းစနစ်ကို Emergency remote education လို့ခေါ်လို့ရပါတယ်။ ဒီစနစ်ရဲ့အားနည်းချက်က အရေးပေါ်အခြေအနေမှာ ရုတ်တရက်ပြောင်းလဲလိုက်ရတဲ့အတွက် လူတိုင်းမှာ လုံလောက်တဲ့ နည်းပညာပံ့ပိုးမှု၊ အခြေခံလိုအပ်ချက်တွေ မပြည့်စုံမှုတွေရှိနိုင်ပါတယ်။

Distance education ကတော့ အစတည်းက သူနဲ့လိုက်ဖက်တဲ့ အွန်လိုင်းသင်ခန်းစာတွေ၊ အကဲဖြတ်တွေ၊ သင်ကြားမှုတွေ သုံးထားတဲ့အတွက် infrastructure လိုအပ်ချက်နည်းပါတယ်။

Blended Learning
Classroom education နဲ့ Online education ကိုပေါင်းထားတဲ့ပုံစံမျိုးပါ။ Hybrid teaching တို့၊ mirror classrooms တို့နဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ methodology ပုံစံတွေမတူပါဘူး။ Blended learning က သုံးစွဲတဲ့သူက ပုံစံအမျိုးမျိုး ရောစပ်သုံးကြပါတယ်။ “Semi-Presential Learning” Blended System ဆိုတာလည်း ရှိပါတယ်။ ကျောင်းသားတွေကို အုပ်စုခွဲပြီး အွန်လိုင်း ဒါမှမဟုတ် အိမ်ကနေ သင်ကြားနိုင်အောင် လုပ်ပေးတဲ့ပုံစံပါ။

Advertisements

Hybrid Learning
စာသင်ခန်းထဲမှာ ကျောင်းသား အယောက် (၁၀၀) ရှိတယ်ဆိုရင် အယောက် (၅၀) ကို စာသင်ခန်းမှာပဲသင်မယ်။ ကျန်တဲ့အယောက် (၅၀) ကို အိမ်ကနေ Online ပုံစံသင်လို့ရတဲ့စနစ်မျိုးပါ။ Online နဲ့ Face-to-face ကိုပေါင်းထားလို့ Hybrid(HyFlex) လို့ခေါ်တာ ဖြစ်ပါတယ်။ စပိန်တက္ကသိုလ်တွေမှာ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလကစပြီး ဒီပုံစံအတိုင်းသင်ခဲ့ကြပါတယ်။

Mirror Rooms
ကိုဗစ်ကာလ စပိန်တက္ကသိုလ်တွေအတွက် option တစ်ခုအနေနဲ့ထွက်လာတဲ့ “Mirror Rooms” စာသင်ခန်းတွေတဲ့။ ကျောင်းသားဦးရေနည်းတဲ့ စာသင်ခန်းတွေမှာ တစ်ယောက်နဲ့တစ်ယောက် ၁.၅ မီတာစီခွာပြီး ခုံတွေချထားပေးပြီး ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေအတိုင်းသင်တဲ့ စာသင်ခန်းမျိုးတွေကို ခေါ်တာပါ။ သူ့ရဲ့နောက်ထူးခြားချက်က ကျောင်းသား အယောက် (၅၀) ရှိတဲ့စာသင်ခန်းမှာ ကျောင်းသား (၂၅) ယောက်စီ အုပ်စုနှစ်စုခွဲပြီး အခန်းခွဲလိုက်တယ်။ ပထမအုပ်စုအတွက်ကို စာသင်ခန်းထဲမှာ ကိုဗစ်စည်းမျဉ်း စည်းကမ်းအတိုင်း social distancing လုပ်ပြီးစာသင်တယ်။ နောက်အုပ်စုကိုတော့ ဆရာမက videoconference နဲ့ တိုက်ရိုက် Live လွှင့်ပေးထားတယ်။ သူက hybrid education လို တစ်ဝက်က အိမ်ကနေသင်ရတာမျိုး၊ blended education လို online teaching နဲ့မတူဘဲ ပိုပြီး effective ဖြစ်တယ်လို့ ပညာရှင်တွေပြောကြပါတယ်။

Source: http://www.frontiersin.org

Advertisements

Leave a comment