ကိုယ့်ကိုယ်ကိုယ် English စာကျွမ်းကျင်မှုဘယ်လောက်ရှိလဲသိချင်လို့ ဘယ်လိုစစ်ကြည့်ရမလဲ လာမေးကြတဲ့အတွက် ဒီတစ်ခါတော့ British Council ရဲ့ တရားဝင် Learn English website မှာ အခမဲ့ကိုယ်တိုင်ဝင်စစ်ကြည့်လို့ရတဲ့အကြောင်း Information sharing လုပ်ပေးချင်ပါတယ်။
ကြာမြင့်ချိန် (၁၀) မိနစ်ကနေ မိနစ် (၂၀) ဝန်းကျင်ရှိပြီးတော့ မေးခွန်းပေါင်း (၂၅) ခုဖြေဆိုရပါမယ်။
ဖြေဆိုပြီးတာနဲ့ ကိုယ့်ရဲ့ English level ကို အဆင့် (၃) ဆင့်ထဲက ဘယ်အဆင့်လဲဆိုတာ ပြပေးပါလိမ့်မယ်။ အဆင့် (၃) ဆင့်ကတော့ Beginner to Pre-intermediate ၊ Intermediate နဲ့ Upper intermediate or above တို့ ဖြစ်ကြပါတယ်။
ကိုယ့် skill level ကို ကိုယ်စစ်ကြည့်တာဖြစ်တဲ့အတွက် ဖြေဆိုနေချိန်မှာ စာအုပ်၊ အဘိဓာန် ၊ အင်တာနက်ကရှာဖွေတာမျိုးတွေ မလုပ်မိဖို့၊ ကိုယ့်ကိုယ်ကိုယ်ရိုးသားဖို့လိုပါတယ်။ ဘာသာစကားတစ်ခု လေ့လာတဲ့အခါ ကိုယ့်အရည်အသွေးအစစ်အမှန်က ဘယ်လောက်ရှိလဲသိထားမှ အားနည်းချက်ရှိတဲ့အပိုင်းတွေကို ပိုပြီးလေ့လာလို့ရမှာပါ။
Level test စစ်ဖို့ အင်တာနက်နဲ့ ဖုန်း (သို့) ကွန်ပျူတာတစ်လုံးရှိရင် ရပါပြီ။
Online Level Test <<< ဖြေဆိုရန် ဒီစာလေးကိုနှိပ်ပါ
