အမြဲတမ်း IELTS အတွက်သင်တန်းတွေ၊ Practice test တွေအကြောင်းပဲ တင်တာများလို့ ဒီနေ့တော့ TOEFL ဖြေဆိုမယ့်သူတွေအတွက် အွန်လိုင်းအခမဲ့သင်တန်းတစ်ခု sharing လုပ်ပေးချင်ပါတယ်။ ETS ဆိုတာ TOEFL ၊ GRE စာမေးပွဲတွေကို ဦးစီးဆောင်ရွက်နေတဲ့ ပုဂ္ဂလိက Testing and Measurement organization တစ်ခုပါ။

အခုဆို Test center တွေမှာ လက်တွေ့ဖြေဆိုဖို့ ခက်ခဲနေတဲ့အချိန် TOEFL ကိုအိမ်ကနေပဲ အွန်လိုင်းကဖြေဆိုဖို့ TOEFL iBT ဆိုတာ ရှိပါတယ်။ ETS ရဲ့ဒီသင်တန်းမှာတော့ TOEFL ရဲ့ Reading, Writing, Listening, Speaking အားလုံးအတွက် အရေးကြီးတဲ့စာမေးပွဲအခြေခံစည်းမျဉ်းတွေ၊ အမှတ်တိုးအောင် ဘယ်လိုနည်းလမ်းတွေသုံးပြီး လေ့လာမလဲဆိုတာကအစ TOEFL iBT နဲ့ဖြေရင် ဘာတွေပြင်ဆင်ထားသင့်လဲဆိုတာတွေကိုပါ သင်ကြားပို့ချပေးမှာပါ။

Advertisements

ထုံးစံအတိုင်း Free တက်ရောက်မှာဖြစ်လို့ သင်ခန်းစာအားလုံးမှာဝင်ပါလို့မရပါဘူး။ သင်တန်းကြေးသွင်းမှသာ အွန်လိုင်းသင်ခန်းစာအားလုံးမှာ ပါဝင်လို့ရမှာပါ။ ဒါပေမဲ့ ဆရာတွေသင်ပေးတဲ့ ဗီဒီယို Lesson တွေနဲ့ တချို့သင်ခန်းတွေမှာတော့ ပါဝင်လို့ရပါတယ်။ အပြင်မှာတက်ရင် သိန်းဂဏာန်းလောက်ပေးရတဲ့သင်တန်းကို အင်တာနက်ရှိရုံနဲ့ အိမ်မှာလေ့လာလို့ရတာမို့ ဘာပဲဖြစ်ဖြစ် TOEFL ဖြေဖို့စီစဉ်ထားတဲ့သူတိုင်း တက်သင့်တယ်လို့ အကြံပေးချင်ပါတယ်။

သင်တန်းစမယ့်ရက်ကတော့ ဇန်နဝါရီ (၁၉) ရက်နေ့ ဒီနေ့စပါမယ်။ ဇွန်လအထိ သင်ခန်းစာတွေကို လေ့လာလို့ရပါတယ်။ အကြံပေးချင်တာကတော့ တစ်ပတ်ကို အနည်းဆုံး (၃) ရက်လောက် လေ့လာပါ။ ပြီးရင် Free practice test တွေဖြေကြည့်ပါ။ ဒါဆိုရင် လပိုင်းအတွင်း တိုးတက်မှုတစ်ခုခုရမှာသေချာပါတယ်။

Register Link: TOEFL Test Preparation: The Insider’s Guide

Advertisements

Leave a comment