Cambridge English သင်ခန်းစာတွေက အသက် (၃) နှစ်~(၅) နှစ်အထက် ကလေးတွေအတွက် ကျွမ်းကျင်မှု Level အလိုက်သင်လို့ရတဲ့ အင်္ဂလိပ်စာသင်တန်းတွေဖြစ်တဲ့အတွက် ဆရာ ဆရာမတွေ၊ မိဘတွေ၊ အုပ်ထိန်းသူတွေက ဘေးကနေကူညီပေးရုံပါပဲ။ မြန်မာနိုင်ငံလိုအခြေအနေမျိုးမှာ အပြင်ကျောင်းမှာ အင်္ဂလိပ်ဘာသာစကားသင်တန်းတက်ဖို့ဆိုတာ မြို့ကြီးတွေကသူတွေအတွက် အဆင်ပြေပေမယ့် သင်တန်းရွေးချယ်စရာ ရှားပါးတဲ့နေရာက ကလေးတွေအတွက် သူတို့အသက်အရွယ်နဲ့လိုက်ဖက်တဲ့ အင်္ဂလိပ်ဘာသာစကားကို သင်ဖို့ဆိုရင်တော့ Cambridge English က အသင့်တော်ဆုံးပါပဲ။
အခမဲ့သင်တန်းဖြစ်တဲ့အတွက် အင်တာနက်ရတဲ့ဘယ်နေရာကမဆို သင်ယူလို့ရပါတယ်။ သင်ခန်းစာ၊ Level တစ်ခုစီပြီးတိုင်း Sample Test လေးတွေလည်း ဖြေကြည့်လို့ရပါတယ်။ တကယ့် Exam ကတော့ စာမေးပွဲကြေးသွင်းပြီးတော့ ဖြေလို့ရပါတယ်။ အွန်လိုင်းကသင်တန်းတွေရဲ့ အကျိုးကျေးဇူးက ကုန်ကျစရိတ်သက်သာပြီး အလွယ်တကူသင်ယူလို့ရတဲ့အချက်ပါ။ အားနည်းချက်ကတော့ သင်ယူသူရဲ့စိတ်ပါဝင်စားမှုပေါ်မူတည်ပြီး တိုးတက်မှုကွာခြားသွားတာပါပဲ။
ကလေးတွေအတွက်ဆိုရင်တော့ စိတ်ဝင်စားလာအောင်လုပ်ပေးဖို့က လွယ်ပါတယ်။ သူတို့လေးတွေ သင်ယူချင်စိတ်ရှိအောင် သူတို့လိုချင်တဲ့အရာလေးတွေကို Level တစ်ခုပြီးတိုင်း ဆုအနေနဲ့ပေးမယ်ဆိုပြီး ဆုပေး၊ မုန့်ပေးစနစ်နဲ့ သူတို့သင်ချင်စိတ်ရှိအောင် မိဘ၊ အုပ်ထိန်းသူ၊ ဆရာ ဆရာမတွေက လုပ်ပေးထားရင် သင်လို့ရမှာပါ။
ဒီနေ့ Learning အစီအစဉ်မှာ ကလေးတွေအတွက် Cambridge English သင်တန်းတွေကို CEFR Level အလိုက် အစဉ်လိုက်လေး စီပေးထားပါတယ်။ အဲ့ဒီအစဉ်လိုက်အတိုင်း ကလေးတွေကို ကွန်ပျူတာ၊ ဖုန်း၊ Tablet တွေနဲ့ ဖွင့်ပြပြီး သင်ပေးစေချင်ပါတယ်။ Level တစ်ခုစီက သင်တန်းစာတွေပြီးသွားတိုင်း Exam နမူနာအတိုင်း ဖြေဆိုခိုင်းကြည့်ပေးပါ။ ဒီလိုသာဆိုရင်ကလေးတွေရဲ့ အင်္ဂလိပ်စာအရည်အသွေး ပိုတိုးတက်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။
CEFR Level_A1~A2 (Beginners) (အသက် (၃) နှစ်မှ (၅) နှစ်အတွက်)
- Pre-A1 level activities for children
- A1 level activities for children
- A2 level activities for children
- Sing and Learn
- Exam Sample (VOL 1 & VOL 2)

CEFR Level_B1~B2 (Intermediate) (၅ နှင့်အထက်)
CEFR Level_C1~C2 (Advanced)
- Intonation
- Word stress
- Stressed words and meaning
- US or UK Pronunciation
- (Try these activities next မှာပြထားတဲ့သင်ခန်းများကို ဆက်လက်လေ့လာကြည့်စေချင်ပါတယ်)
- Exam Sample
