ပညာသင်ဆုအကြောင်းတွေ သိပ်မတင်ဖြစ်တော့ပေမယ့် Short courses တက်လို့ရတဲ့ institution တွေရွေးချယ်စရာအများကြီးရှိတဲ့နိုင်ငံမို့ ဒီပညာသင်ဆုအကြောင်းတော့ အနည်းငယ်ပြောပြပေးချင်ပါတယ်။ ဒါကြောင့် ဒီနေ့တော့ နယ်သာလန်နိုင်ငံက တက္ကသိုလ်တွေ၊ သင်တန်းကျောင်းတွေမှာ Short courses နဲ့ မာစတာတန်း ဆက်လက်တက်ရောက်ဖို့ စီစဉ်ထားတဲ့ မြန်မာနိုင်ငံအပါအဝင်ဖွံ့ဖြိုးဆဲနိုင်ငံက လူငယ်တွေအတွက် ပညာသင်ထောက်ပံ့ကြေးပံ့ပိုးပေးနေတဲ့ Orange Knowledge Programme (OKP) အစီအစဉ်အကြောင်းလေး နည်းနည်း Sharing လုပ်ပါမယ်နော်။
ဒီပညာသင်ဆုအစီအစဉ်ကနေ ထောက်ပံ့ပေးနေတဲ့ ပညာသင်ဆုအမျိုးအစား (၂) ခုရှိပါတယ်။ Short courses (နှစ်ပတ်ကနေ ၁၂ လအတွင်း)ကိုထောက်ပံ့ပေးတဲ့ ပညာသင်ဆုတွေနဲ့ နယ်သာလန်နိုင်ငံမှာ သဘာဝပတ်ဝန်းကျင်၊ ဖွံ့ဖြိုးရေး၊ စီးပွားရေးစတဲ့ဘာသာရပ်တွေနဲ့ပတ်သက်ပြီး မာစတာဘွဲ့ (တစ်နှစ်မှ နှစ်နှစ်အတွင်းကြာ) တက်ရောက်ဖို့ စီစဉ်ထားသူတွေအတွက် ထောက်ပံ့ပေးတဲ့ ပညာသင်ဆုတွေဆိုပြီး အမျိုးအစားနှစ်ခုရှိပါတယ်။
နယ်သာလန်အစိုးရရဲ့ပညာသင်ဆုအများစုက ရေအရင်းအမြစ်၊ economic ၊ ဖွံ့ဖြိုးရေးဘာသာရပ်တွေနဲ့ ပတ်သက်တာတွေပိုများပါတယ်။ သင်တန်းအမျိုးအစားရွေးချယ်ဖို့ အသေးစိတ်ကို ဒီနေရာကိုနှိပ်ပြီး ရှာဖွေကြည့်ပါ>>> (Study in Holland)
How to apply
ပညာသင်ဆုလျှောက်ပုံကို ပြောပြပေးပါမယ်။ OKP ကနေ တိုက်ရိုက်လျှောက်ရတဲ့ပုံစံမဟုတ်ဘဲ OKP ကထောက်ပံ့ပေးတဲ့သင်တန်းအမျိုးအစားတွေကို Study in Holland ထဲမှာရှာပြီး ကိုယ့်ပညာအရည်အချင်း၊ အတွေ့အကြုံပေါ်မူတည်ပြီး ကျောင်းဝင်ခွင့်အရင်တင်ရပါတယ်။ ကျောင်းဝင်ခွင့်တင်ရင်းနဲ့ OKP ပညာသင်ဆုဘယ်လိုလျှောက်ရမလဲဆိုတာပါ ကျောင်းကိုပဲမေးပြီး လျှောက်ရပါတယ်။ Short courses တွေအတွက် criteria တွေက သိပ်မများပေမယ့် Master အတွက်ဆိုရင်တော့ IELTS အနည်းဆုံး band 6.5~7.0 ရှိဖို့တော့လိုပါလိမ့်မယ်။ ကျောင်းပေါ်မူတည်ပြီး တခြားလိုအပ်ချက်တွေလည်း ရှိပါတယ်။
ကျောင်းဝင်ခွင့်မလျှောက်ခင် ကျောင်းသားအနေနဲ့ အရင်ဆုံး Studielink မှာ register လုပ်ပေးဖို့လိုပါတယ်။ (Register link>> Studielink) Studielink ဆိုတာ နယ်သာလန်နိုင်ငံမှာကျောင်းတက်ချင်တဲ့သူတွေ၊ ကျောင်းတက်နေတဲ့သူတိုင်းအတွက် Register လုပ်ထားရမယ့် Student registration link တစ်ခုပါ။ Register လုပ်ထားရင် ေကျာင်းေလျှာက်လွှာေတွကိုေတာင် အဲ့ကေနတင်လို့ရပါတယ်။
လျှောက်လွှာတွေ ရွေးချယ်တဲ့ပုံစံကတော့ ကိုယ်ရွေးထားတဲ့ကျောင်းမှာ application တင်ပါမယ်။ လျှောက်လွှာလက်ခံရင်း grant လျှောက်လွှာတင်ပါမယ်။ ကိုယ့်ရဲ့လျှောက်လွှာအချက်အလက်တွေကို သက်ဆိုင်ရာသံရုံးတာဝန်ရှိသူတွေဆီ ပြန်ရောက်ရင် သူတို့က assess လုပ်ပြီး result အတွက် ကြေညာပေးပါလိမ့်မယ်။ အရွေးခံရရင်တော့ နောက်နှစ်မှာ၊ short course ဆိုရင်တော့ ဒီနှစ်ထဲမှာ စတက်လို့ရပါပြီ။
Deadline for Short Courses and Master Program
လျှောက်လွှာတွေကတော့ ပုံမှန်အားဖြင့် Round 1 ကို ဖော်ဖော်ဝါရီ (၂) ရက်နေ့ကနေ မတ် (၂၂) ရက်နေ့အထိ လက်ခံပေးပါတယ်။ မာစတာအတွက်လျှောက်မယ်ဆိုရင် ဖေဖော်ဝါရီ (၂) ရက်နဲ့ မတ်လ (၂၂) ရက်အတွင်းပဲ လျှောက်လို့ရပါမယ်။
Round 2 – Short courses အတွက် မေလ (၁၁) ရက်နေ့ကနေ ဇွန်လ (၂၈) ရက်နေ့အထိ ပြန်လက်ခံပေးပါတယ်။ Short courses အတွက် Round 3 ကိုတော့ သြဂုတ် (၃၁) ရက်နေ့ကနေ အောက်တိုဘာ (၁၁) ရက်နေ့အထိ ထပ်ဖွင့်ပေးပါသေးတယ်။