IELTS စာမေးပွဲမှာ အဓိကဖြေဆိုရမယ့် အပိုင်း (၄) ခုရှိပါတယ်။ အဲ့ဒါကတော့ Reading ၊ Writing ၊ Listening ၊ Speaking ဆိုတဲ့အပိုင်း (၄) ပိုင်းပါ။ အခု SA ကပြောပြပေးမယ့်အပိုင်းကတော့ Writing Test အတွက် ဖြစ်ပါတယ်။

IELTS Writing Test မှာ Task နှစ်ခုပါပါတယ်။ Task 1 နဲ့ Task 2 နှစ်ခုပါ။ Task 1 မှာ အဓိကဖြေဆိုရမှာကတော့ မေးခွန်းပုံမှာပေးထားတဲ့ Graph ၊ Chart ၊ Table ၊ Map နဲ့ Diagram ကိုကြည့်ပြီး Paragraph ပြန်ရေးပေးရတဲ့ပုံစံပါ။ စာလုံးရေအနည်းဆုံး ၁၅၀ ရေးပေးဖို့လိုပါတယ်။

Advertisements

IELTS ရဲ့ Writing ပိုင်းမှာ ဝေါဟာရကောင်းကောင်းသုံးတတ်ဖို့၊ ချက်ကျလက်ကျ Presentation ချပြနိုင်ဖို့၊ သဒ္ဒါ သက်ပုံအမှားအယွင်းနည်းဖို့ အင်မတန်အရေးကြီးပါတယ်။ ဒါကြောင့် SA ကနေ IELTS Writing Task 1 အတွက် မဖြစ်မနေကျက်ထားရမယ့် အခြေခံဝေါဟာရအသုံးအနှုန်းများကို မေးခွန်းပုံစံအလိုက် ခွဲမှတ်ထားလို့ရအောင် ဖော်ပြလိုက်ရပါတယ်။ Writing ပိုင်းမှာ ရမှတ်ကောင်းကောင်းလိုချင်တဲ့သူတိုင်း ဒီစာလုံးတွေနဲ့ အသုံးအနှုန်းတွေကို မှတ်ထားဖို့လိုပါမယ်။

Increasing Catagories

မေးထားတဲ့မေးခွန်းမှာကိုက ဇယားတွေ၊ chart တွေနဲ့ နှိုင်းယှဉ်ပြပြီး ဘယ်လောက်ရာခိုင်နှုန်း တိုးသွားတယ်။ နံပါတ်တွေအရ ဘယ်နေရာမှာတော့ မနှစ်ကထက် ပိုတိုးလာတယ်ဆိုပြီး ပြထားတဲ့ မေးခွန်းတွေ ပါလာပါလိမ့်မယ်။ အဲ့လိုဇယားတွေ၊ စာရင်းတွေနဲ့တွေ့ရင် ဘယ်လောက်တိုးလာလဲဆိုတာ ရေးပေးဖို့ လိုလာပါပြီ။ အဲ့ဒီအတွက်ဆို ဘယ်လိုစာလုံးတွေသုံးပြီး ရေးကြမလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။

Advertisements

အဖြေစာပိုဒ်မှာ increase ဆိုတဲ့စကားလုံးကို မထပ်အောင်သုံးလို့ရတဲ့ စကားလုံးများ:
• grow >> grew
• rise >> rose
• climb >> climbed
• go up >> went up
• is an increase >> was an increase
• is a growth >> was a growth
• is a rise >> was a rise

Decreasing Catagories

အတက်ရှိရင် အကျအတွက်လည်း မှတ်ထားဖို့လိုလာပြီပေါ့။ တကယ့်စာမေးပွဲမေးခွန်းမှာက ဇယားတစ်ခုထဲမှာ အတက်ရော၊ အကျရော၊ နှိုင်းယှဉ်ပြရတာရော၊ အတက်မကျမရှိ တောက်လျှောက်သွားနေတာရော အစုံပါလာပါလိမ့်မယ်။ အဲ့ဒါကြောင့် synonyms စာလုံးတွေ များများမှတ်နိုင်လေ ပိုအကျိုးရှိလေပါ။
တစ်ကြောင်းနဲ့ တစ်ကြောင်း စာလုံးမထပ်အောင်သုံးပြပြီး အမှတ်ပိုယူပါ။ မပင်ပန်းဘဲအမှတ်ပိုရတာပေါ့။

Advertisements

အဖြေစာပိုဒ်မှာ decrease ဆိုတဲ့စကားလုံးကို မထပ်အောင်သုံးလို့ရတဲ့ စကားလုံးများ:
• decline >> declined
• drop >> dropped
• fall >> fell
• go down >> went down
• is a decrease >> was a decrease
• is a decline >> was a decline
• is a drop >> was a drop
• is a fall >> was a fall

Stable Catagories

အဖြေစာပိုဒ်မှာ stable ဆိုတဲ့စကားလုံးကို မထပ်အောင်သုံးလို့ရတဲ့ စကားလုံးများ:
• stayed at the same level
• was constant
• remained stable
• remained unchanged

Advertisements

Fluctuating Catagories

တချို့ ဇယားကွက်တွေက အတက်ချည်းပဲတောက်လျှောက်၊ အကျချည်းပဲတောက်လျှောက်မရှိဘဲ ပုံထဲမှာလို အတက်အကျ ဖြစ်နေတာမျိုး ရှိပါတယ်။ အဲ့ဒါကို fluctuated လို့ အလွယ်တကူသုံးလိုက်ရင်ရပေမယ့် စကားလုံးမထပ်အောင် တစ်မျိုးပြောင်းပြီး သုံးကြည့်ပါမယ်။

Advertisements

• went up and down
• were fluctuations
• was unstable

Download Full Article (pdf version): Basic Vocabulary of IELTS Writing Task 1_Part 1

Ref: Complete Test Success

Advertisements

Leave a comment