အင်္ဂလိပ်စာကောင်းပေမယ့် Academic နဲ့ Business writing တွေရေးတဲ့အခါ အားနည်းချက်လေးတွေရှိလို့ ဘယ်လိုတိုးတက်အောင်လုပ်ရမလဲ၊ ဘယ်မှာသင်ရမလဲလို့ မေးကြတာရှိပါတယ်။ အပြင်သင်တန်းဆိုရင် Academic & Business writing သင်တန်းတွေက ဈေးကြီးတဲ့အတွက် သာမန်လူငယ်တွေအနေနဲ့ တက်နိုင်ဖို့က အခက်အခဲတွေရှိပါတယ်။

Advertisements

ဒီတော့ Academic & Business writing ကို အွန်လိုင်းကနေပဲ အခမဲ့သင်လို့ရမယ့်သင်တန်းတွေကို ရှာကြည့်လိုက်တော့ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် (၁၀) ခုထဲက တစ်ခုဖြစ်တဲ့ University of California, Berkeley ကနေ Free ဖွင့်လှစ်ပေးထားတဲ့ course တစ်ခုကို တွေ့ခဲ့ပါတယ်။ Academic & Business writing အတွက် အခြေခံလိုအပ်ချက်တွေကစပြီး စကားလုံး၊ Structure ၊ Editing၊ Writing style အမျိုးမျိုးနဲ့ သဒ္ဒါသက်ပုံတွေအထိ သိသင့်သိထိုက်တာအားလုံးကို သင်ကြားပေးမယ်လို့ သင်တန်းလမ်းညွှန်မှာ ဖတ်လိုက်ရတော့ ပိုပြီးစိတ်ဝင်စားခဲ့ပါတယ်။

ဒီသင်တန်းကို ဘယ်လိုလူတွေတက်သင့်လဲဆိုတော့ နိုင်ငံခြားမှာ တက္ကသိုလ်သွားတက်မယ့်သူတွေ၊ ပညာရေးနဲ့ပတ်သက်တဲ့သူတွေ၊ လက်ရှိတက္ကသိုလ်တက်နေဆဲသူတွေနဲ့ ဘွဲ့လွန်တက်ရောက်နေသူတွေ တက်သင့်တယ်လို့ အကြံပေးချင်ပါတယ်။

Advertisements

တစ်ပတ်ကို သင်တန်းချိန် (၃) နာရီကနေ (၅) နာရီရှိပါမယ်။ သင်တန်းကာလကတော့ (၆) ပတ်ရှိပေမယ့် ကိုယ်အားတဲ့အချိန် ဆက်သင်သွားလို့လည်းရပါတယ်။ University of California, Berkeley ရဲ့ တရားဝင်အသိအမှတ်ပြုလက်မှတ်လိုချင်တယ်၊ သင်ခန်းစာတွေမှာ ဆရာနဲ့ဆွေးနွေးခွင့်ရပြီး assignment နဲ့ exam ဖြေဆိုခွင့်ပါလိုချင်တယ်ဆိုရင်တော့ သင်တန်းကြေးပေးပြီး တက်လို့ရပါတယ်။

သင်တန်းကြေးနဲ့ တက်မယ်ဆိုရင်တော့ $199 ပါ။ အကြံပေးချင်တာကတော့ Free အရင်တက်ကြည့်ပါ။ တက်နေရင်း ကိုယ့်အတွက်အဆင်ပြေတယ်ဆိုရင်တော့ သင်တန်းကြေးသွင်းပြီးပဲဆက်တက်ရင်တက် မဟုတ်လည်း ဒီအတိုင်း Free class ပဲဆက်တက်ပြီး self-learning နဲ့ exercise တွေလုပ်ကြည့်လို့ရပါတယ်။

Advertisements

Register link: University of California, Berkeley: Academic and Business Writing

Advertisements

Leave a comment