မကြာသေးမီက နယ်သာလန်အစိုးရရဲ့ Orange Knowledge Programme (OKP) အကြောင်း အနည်းငယ်ရေးသားခဲ့ပါတယ်။ အဲ့ဒီကနေတစ်ဆင့်ပြီးတစ်ဆင့်ထပ်ရှာကြည့်လိုက်တော့ မြန်မာနိုင်ငံနဲ့ကိုက်ညီတဲ့ ဘာသာရပ်တစ်ခုကိုတွေ့ခဲ့ပါတယ်။ အဲ့ဒါကတော့ Conflicts, Territories and Identities နဲ့ပတ်သက်တဲ့ ဘွဲ့လွန်သင်တန်းပါ။ တစ်နှစ်ကြာတက်ရောက်ရမှာဖြစ်ပြီး နိုင်ငံတကာကျောင်သား၊ ကျောင်းသူတွေအတွက် ပညာသင်ဆုတွေလည်း စီစဉ်ပေးထားပါတယ်။
တက္ကသိုလ်ကတော့ Radboud University ဖြစ်ပြီး English ဘာသာနဲ့သင်ပေးမယ့်ဘွဲ့လွန်သင်တန်း ဖြစ်ပါတယ်။ Radboud နဲ့တွဲဖက်ဖွင့်လှစ်တဲ့ကျောင်းကလည်း ဒီဘက်အပိုင်းတွေမှာ အထူးပြုသုတေသန လုပ်နေတဲ့ Centre for International Conflict – Analysis & Management (CICAM) စင်တာဖြစ်ပါတယ်။ ဒီသင်တန်းမှာအဓိကသင်ကြားပေးမယ့် အထူးပြုဘာသာရပ်တွေကတော့ sociology ၊ anthropology၊ international relations၊ border studies၊ development studies၊ political science နဲ့ public administration ဘာသာရပ်တွေဖြစ်ပါတယ်။
ဒီဘွဲ့လွန်တန်းကိုဘယ်လိုလူငယ်တွေလျှောက်သင့်လဲဆိုတော့ Political Science နဲ့ပြီးထားသူတွေ ၊ IR နဲ့ Journalism နဲ့ပြီးထားသူတွေနဲ့ ဖွံ့ဖြိုးရေး field ထဲကလူငယ်တွေ၊ တိုင်းရင်းသားဒေသကလူငယ်တွေ လျှောက်ထားသင့်တယ်လို့ အကြံပေးချင်ပါတယ်။
လျှောက်လို့ပြောလို့ ဘွဲ့ရပြီးသူတိုင်းမရပါဘူးနော်။ (Requirements) မာစတာတန်းအတွက်သတ်မှတ်ထားတဲ့ လိုအပ်ချက်တွေရှိပါတယ်။ သူ့ရဲ့လိုအပ်ချက်တွေမမီရင်တော့ Pre-master အရင်တက်ရမှာပါ။ Pre-master အတွက် ပညာသင်ဆုပေး၊ မပေးကတော့ ကျောင်းတာဝန်ရှိသူတွေ email နဲ့ဆက်သွယ်မေးမြန်းလို့ရသလိုနဲ့ ကျောင်း scholarship session မှာလည်း ရှာကြည့်လို့ရပါတယ်။
MSc in Human Geography အတွက် IELTS လိုအပ်ချက်ကတော့ Band 6.5 အနည်းဆုံးရှိရပါမယ်။ Writing မှာ အနည်းဆုံး Band 6.5 ကိုရရပါမယ်။ subscore တွေကတော့ အနည်းဆုံး 6.0 ရှိကိုရှိရပါမယ်။ အဲ့ဒါကြောင့်ကျောင်းလျှောက်ဖို့ ရည်ရွယ်ထားတယ်ဆိုရင် IELTS ကိုအချိန်ရရင် ရသလို လေ့လာထားပါ။ Practice လုပ်ထားစေချင်ပါတယ်။
ကျောင်းလျှောက်ရင် ဘာတွေလိုမှာလဲ ဆက်ပြောပြပေးပါမယ်။ ကျောင်းလျှောက်မယ့်သူအားလုံးက တက္ကသိုလ်အမှတ်စာရင်းတွေအားလုံးရှိရပါမယ်။ IELTS လိုပါမယ်။ ဘွဲ့လက်မှတ် Transcript ၊ အမှတ်စာရင်း Transcript ကိုလိုပါတယ်။ ဒီသင်တန်းတက်ချင်တဲ့အကြောင်းကိုရေးထားတဲ့ Personal statement တစ်မျက်နှာလိုပါမယ်။ လုပ်ငန်းအတွေ့အကြုံရှိတယ်ဆို အသေးစိတ်ရေးထားတဲ့ resume လိုမျိုးလိုပါတယ်။ နောက်ဆုံးတစ်ခုကတော့ ကျောင်းလျှောက်တဲ့အခါ ပိုက်ဆံသွင်းရတာပါ။ Handling fee က ယူရို ၇၅ လောက်ရှိပါတယ်။ ပညာသင်ဆုရရင်တော့ ဒါတွေကပြန်ရမှာပါ။
ကျောင်းလျှောက်လွှာ Deadline ကတော့ ဧပြီ (၁) ရက်နေ့နောက်ဆုံးပါ။ ကျောင်းတက်ရောက်ခွင့်ရတယ်ဆိုရင် Radboud Univesity ရဲ့ Nijmegen School of Management မှာ တက်ရောက်ခွင့်ရမှာပါ။

MSc in Human Geography ပညာသင်ဆုကို Orange Knowledge Programme နဲ့လျှောက်လို့ ရပါတယ်။ အကြံပေးချင်တာကတော့ ကျောင်းနဲ့ပညာသင်ဆုမလျှောက်ခင် အရင်ဆုံးကျောင်းတာဝန်ရှိသူတွေကို email နဲ့ဆက်သွယ်ပြီး သေချာမေးမြန်းပါ။
Read more about Orange Knowledge Programme(OKP).