အရှေ့က Part 1 နဲ့ Part 2 ရဲ့အဆက်၊ နောက်ဆုံးပိုင်းပါ။ ဒီအပိုင်းမှာတော့ ထပ်ပြောစရာက နှစ်ချက်ပဲ ကျန်ပါတော့တယ်။ Estimate ခန့်မှန်းပြီးပြောရတဲ့စကားလုံးတွေနဲ့ ရှေ့ဖြစ်ကို ကြိုပြောရတဲ့စကားလုံးတွေအကြောင်းပါ။
IELTS Writing Task 1 မေးခွန်းတွေက ပုံစံသတ်မှတ်ပြီးသားထဲက graph or table or chart တစ်ခုမဟုတ် တစ်ခါလာမှာပါ။ ခန့်မှန်းရလွယ်ပါတယ်။ အဲ့ဒီမှာ table တွေဆိုရင် ဂဏန်းတွေနဲ့ တခါတည်းပြထားတဲ့အတွက် သေချာရေးလို့ရပါတယ်။ အောက်မှာပြထားတဲ့ ဇယားတွေလိုဆိုရင်တော့ ဂဏန်းဘယ်လောက်တက်လဲ ပြောလို့မရဘဲ ခန့်မှန်းခြေကိုပဲအနီးစပ်ဆုံးရေးပြလို့ရတဲ့ပုံစံတွေလည်း ရှိပါတယ်။


အနီးစပ်ဆုံးကိုပြလို့ရတဲ့ စာလုံးတွေဆို ဒီစာလုံးတွေထဲက ယူသုံးလို့ရပါတယ်။
- approximately
- roughly
- about
- around
- almost
- just below
- just under
- just above
- just over
- nearly
Sentence examples:
- The number of people painting in 1980 was approximately/roughly/about/around 100.
- The number of people painting in 2000 was about/around/just above/just over 100.
- The number of people painting in 2020 was approximately/roughly/about/around/almost/just below/just under/nearly 100.
Estimate နဲ့ပတ်သက်ပြီးပြောတဲ့အခါ ဒီ(၃)ချက်ကိုပဲကြည့်ပြီးပြောလို့ရပါတယ်။
_Definitely above: just above, just over.
_Definitely below: almost, just below, just under, nearly.
_Above or below: approximately, roughly, about, around.
Predictions

ဒီလိုမျိုး ၂၀၄၀ အထိအရှေ့ကိုကြိုခန့်မှန်းပြီးပြောထားတဲ့မေးခွန်းတွေဆိုရင် အမြဲတမ်း will or going to ဆိုတဲ့စာလုံးတွေပဲ သုံးနေလို့မရပါဘူး။ စကားလုံးမထပ်ဖို့အတွက်ဆို ဒီလိုစာလုံးလေးတွေပြောင်းသုံးကြည့်စေချင်ပါတယ်။
_is expected to
_is forecast to
_is predicted to
_is projected to
_is shown to
Download article (pdf file): Basic Vocabulary IELTS Writing Task 1_Part 3
Ref: Complete Test Success
Wisdom is not a product of schooling but of the lifelong attempt to acquire it.
Albert Einstein