ဒီနေ့ခေတ်မှာ တစ်ကမ္ဘာလုံးကလူတွေအားလုံးကိုချိတ်ဆက်ထားတာကတော့ ကျွန်မတို့နေ့စဉ်သုံးနေတဲ့ social media တွေပါပဲ။ ဒီ social media တွေနဲ့ချိတ်ဆက်မှုကနေ ကမ္ဘာတစ်ဖက်ခြမ်းနဲ့ တစ်ဖက်တိုက်ရိုက်ဆက်သွယ်ပြီး စကားတွေပြောလို့ရတယ်။ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်တွေဆိုလည်း ပြည်တွင်းထဲမှာရော ပြည်ပအထိပါချိတ်ဆက်ပြီး ကိုယ့်ရဲ့ brand marketing အတွက် social media တွေ၊ blog တွေ၊ app တွေကတစ်ဆင့်လူသိများအောင်လုပ်လို့ရနေပါပြီ။

Advertisements

နိုင်ငံတကာနဲ့တပြေးညီ ဒီလောက်အသုံးဝင်တဲ့ social media ကိုဘယ်လိုအကျိုးရှိရှိအသုံးချပြီး digital marketing လုပ်လို့ရလဲဆိုတာကို ကောင်းကောင်းနားလည်သဘောပေါက်ဖို့ social media သုံးနေတဲ့လူတိုင်း အခြေခံသိထားသင့်တဲ့ Digital Marketing အကြောင်းကို အခမဲ့သင်လို့ရတဲ့ Google တို့၊ Facebook တို့လိုကုမ္ပဏီကြီးတွေနဲ့ နိုင်ငံတကာတက္ကသိုလ်ကြီးတွေက ဖွင့်ထားတဲ့သင်တန်းအကြောင်း SA ကစုစည်းဖော်ပြပေးလိုက်ပါတယ်။

Google Digital Garage

Google က Digital Marketing လေ့လာသူတွေအတွက်ဖွင့်ပေးထားတဲ့ ဒီ Learning site ထဲမှာ Online Courses တွေရော၊ Certificate သင်တန်းပါ အများကြီးရှိပါတယ်။ Certificate သင်တန်းဆိုရင် Fundamentals of digital marketing ကိုတက်လို့ရပါတယ်။ သူက Module ပေါင်း (၂၆) ခုသင်ရမှာဖြစ်ပြီးတော့ သင်တန်းပြီးတာနဲ့ Google ကနေအသိအမှတ်ပြုလက်မှတ်ပါပေးမှာပါ။ ကန့်သတ်ချက်ဘာမှမရှိဘဲ Free တက်လို့ရတဲ့သင်တန်းဖြစ်တဲ့အတွက် Digital Marketing နယ်ပယ်မှာအသက်မွေးဝမ်းကြောင်းပြုချင်တဲ့ လူငယ်တွေ တက်သင့်တဲ့သင်တန်းတစ်ခုပါ။ သင်ခန်းစာရော Quiz တွေရောက အင်္ဂလိပ်လိုသင်တာဖြစ်လို့ အခြေခံအင်္ဂလိပ်စာလောက်တော့ တက်ထားဖို့လိုပါတယ်။

Register link >> Fundamentals of Digital Marketing

Advertisements

Facebook Blueprint

မြန်မာနိုင်ငံမှာတော့ အလယ်တန်း၊ အထက်တန်းကျောင်းသားကအစ Facebook ကိုကောင်းကောင်းကြီး သိပါတယ်။ Social media app ထဲမှာ သူကတော့ powerful အဖြစ်ဆုံးနဲ့ digital marketer တွေအတွက် မရှိမဖြစ်သိထားရမယ့် social media တစ်ခုပါ။ ဒါနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ စီးပွားရှာမယ့်သူတွေ သိထားရမယ့် Facebook ရဲ့ rules တွေ၊ ad တွေနဲ့ creative တွေ။ ဒီနောက်ပိုင်းဆိုရင် AI တွေအကြောင်း အားလုံးကို Facebook Blueprint ရဲ့ Free courses တွေကနေ သင်ယူလို့ရနေပါပြီ။ Facebook certificate လိုချင်ဆိုရင်တော့ exam စာမေးပွဲကြေးသွင်းပြီး သတ်မှတ်ထားတဲ့အမှတ်ရအောင်ဖြေဆိုရပါမယ်။ စာမေးပွဲအတွက်လိုအပ်တဲ့သင်ခန်းစာတွေကိုတော့ Blueprint courses တွေကိုလေ့လာရင်း ဖြေလို့ရပါတယ်။ သူလည်း အခြေခံအင်္ဂလိပ်စာနဲ့ Digital marketing knowledge ရှိထားဖို့လိုပါတယ်။

Advertisements

Courses and exam link >> Facebook Certified Digital Marketing Associate

University of Maryland ရဲ့ Professional Digital Marketing သင်တန်း

Digital Marketing နဲ့ပတ်သက်ပြီး အခမဲ့သင်တန်းတွေအများကြီးထဲကမှ University of Maryland ရဲ့သင်တန်းကို ဘာကြောင့်ညွှန်းရတာလဲဆိုတော့ ဒီနယ်ပယ်မှာ နိုင်ငံတကာအထိသွားပြီး အလုပ်လုပ်မယ်လို့ရည်ရွယ်ထားတဲ့သူတွေ ဒီလူတွေအတွက် Professional certificate ဆိုတာပြဖို့ လိုအပ်ပါတယ်။ လုပ်ငန်းခွင်ထဲရှိပေမယ့် certificate ပြစရာမရှိသေးတဲ့သူတွေ ဒီသင်တန်းကိုအခမဲ့တက်ပြီး အရင်လေ့လာကြည့်ပါ။ ကိုယ့်အတွက်တကယ်အသုံးဝင်ပါတယ်။ ဒီလက်မှတ်နဲ့နိုင်ငံတကာအထိသွားပြီး အလုပ်လုပ်ချင်တယ်ဆိုတာသေချာရင် သင်တန်းကြေးသွင်းပြီးဆက်တက်ပါ။ သူ့မှာ Course က (၄) ခုတောင်ရှိပါတယ်။ သင်တန်းကြေးကလည်း ဈေးမြင့်ပါတယ်။ အမေရိကန်ဒေါ်လာ ၁၇၀၀ ကျော်ရှိပါတယ်။ အသိအမှတ်ပြုလက်မှတ်လိုချင်တယ်ဆိုရင်တော့ Try ကြည့်ပါ။ လက်မှတ်မလိုချင်ဘူး သင်တန်းတက်ရုံပဲဆိုရင် Free တက်လို့ ရပါတယ်။ သင်တန်းအားလုံးပြီးဖို့ဆိုရင်တော့ လေးလဝန်းကျင်ကြာနိုင်ပါတယ်။

Register link>> Professional Certificate in Digital Marketing

Advertisements

Leave a comment