SA Library က စာအုပ်အညွှန်းတွေကြည့်ရင် နည်းနည်း heavy တွေပဲ များနေလို့ ဒီနေ့တော့ ကဗျာစာအုပ်ပဲရွေးလိုက်ပါတော့တယ်။ ကဗျာစာအုပ်ဆိုပေမယ့် အဲဒီထဲက ကဗျာတွေက ကျွန်မတို့ပြည်သူတွေ အခုခံစားနေရတဲ့အရာတွေနဲ့ ထပ်တူကျနေတော့ ကဗျာဖတ်ရင်း၊ မျက်ရည်ဝဲရင်းဖတ်ရမှာပါနော်။

Advertisements

ပျက်စီးနေတဲ့နိုင်ငံထဲက ပြည်သူတွေရဲ့ ဝမ်းနည်းဖွယ်ရာမြင်ကွင်းတွေ၊ ခံစားချက်တွေကိုကွက်ကွက်ကွင်းကွင်းမြင်အောင် ကဗျာကနေပုံဖော်ပေးလိုက်တဲ့သူက ကဗျာဆရာ Ilya Kaminsky ပါ။ သူ့ရဲ့ “Deaf Republic” ကဗျာစာအုပ်ကို ဆရာသူရိန်ဝင်းကနေ “နားမကြားနိုင်ငံတော်” အဖြစ်ဘာသာပြန်ထားပြီး ဒီနေ့တော့ဒီကဗျာစာအုပ်ထဲက ကဗျာတချို့ကို ထုတ်နှုတ်ဖော်ပြရင်း စာအညွှန်းရေးလိုက်ပါတယ်။

ရဲကပစ်လိုက်တဲ့ကောင်လေး ပလက်ဖောင်းမှာနာရီများစွာ လဲဆန့်နေတဲ့တိုင်းပြည်ဟာ ငါတို့တိုင်းပြည်။

ဟနေတဲ့ သူ့ပါးစပ်မှာ
တစ်တိုင်းပြည်လုံးရဲ့ အတိုင်းသားအဖြစ်ကို
ငါတို့ မြင်ရတယ်။

ငါတို့ ကြည့်တယ်။ အခြားသူတွေ ကြည့်တာ
ကြည့်တယ်။

ကောင်လေးတစ်ယောက်ရဲ့ ရုပ်ခန္ဓာအတိုင်း တစ်သဝေမတိမ်း ကောင်လေးရဲ့ရုပ်ခန္ဓာပလက်ဖောင်းမှာ လဲစင်းနေတယ် _

အဲ့ဒါ ငြိမ်းချမ်းတဲ့တိုင်းပြည်။

အဲဒီတိုင်းပြည်က ငါတို့နိုင်ငံသားတွေရဲ့ရုပ်ခန္ဓာကို ညှပ်တိပေးတယ်
အေးအေးဆေးဆေးပဲ။ သမ္မတကြီးရဲ့မယား သူ့ခြေသည်းတွေ တိညှိနေပုံမျိုး။

IIya Kaminsky ၊ငြိမ်းချမ်းတဲ့ကာလမှာ ကဗျာမှ (သူရိန်ဝင်း ဘာသာပြန်သည်)

Advertisements

မုဆိုးဖိုတစ်ယောက်

အယ်လ်ဖွန်ဆို ဘာရာဘင်းစကီးဟာ ဗဟိုရင်ပြင်မှာ ရပ်နေတာ
အင်္ကျီဗလာနဲ့၊

နှင်းတွေ ခြစ်ဆွဲပြီး ချီတက်လာတဲ့ စစ်သားတွေကို
ပစ်တယ်။

သူ့ပါးစပ်က
သူ့မိန်းမနာမည်အစကို နံရံတွေထဲ ရိုက်သွင်းတယ် _

လေတွေမိုးတွေနဲ့ ၁ မိုင်ခွဲ ခြေကျင်ခရီး
လမ်းခင်းကျောက်တွေပေါ်မှာ ကမ်းခြေကို သူ လာတယ်၊ တွေ့သမျှ အမျိုးသမီးတိုင်း
လမ်းမှာ တားတယ် _

လက်ထဲမှာ ဗော့ဒ်ကာပုလင်းနဲ့ အယ်လ်ဖွန်ဆိုဘာရာဘင်းစကီး ပန်းသီးကို အပေါက်ဖြစ်အောင်
ကိုက်တယ်။ အဲ့ဒီအပေါက်ထဲ သူက ဗော့ဒ်ကာတစစ်ကျိုက် လောင်းထည့်တယ် _

ငါတို့ ကျန်းမာရေးအတွက် သူ သောက်တယ်
မြို့လယ်မှာ ပစ်သတ်ခံရတဲ့သူ့မိန်းမအတွက် ခွက်မြှောက် ဆုတောင်းတယ်။ မြို့လယ်မှာ သူ့ရုပ်အလောင်း

လဲစင်းနေတယ်။
လက်ထဲမှာကလေးငယ်နဲ့ အယ်လ်ဖွန်ဆို ဘာရာဘင်းစကီး ပင်လယ်နံရံမှာ ဆေးမှုတ်လိုက်တယ်

လူတွေ ဒီမှာနေတယ် _

စာရွက်စာတမ်းတစ်ခုကို လက်မှတ်ထိုးနေတဲ့
စာမတတ် တစ်ယောက်လိုပဲ

သူ နားမလည်ဘူး။

IIya Kaminsky ၊နားမကြားနိုင်ငံတော် စာအုပ်မှ (သူရိန်ဝင်း ဘာသာပြန်သည်)

Advertisements
Advertisements

Leave a comment