IELTS နဲ့ TOEFL မရှိသေးလို့ အရေးပေါ် English Test လက်မှတ်လိုချင်တဲ့အခါ အမြန်ဆုံးနဲ့ ဒီနောက်ပိုင်းတက္ကသိုလ်အများစုလက်ခံပေးတဲ့ Test ကတော့ Duolingo ပါ။ အရင်ကအမေရိကန်ပြည်ထောင်စု၊ ယူကေနဲ့ ကနေဒါဘက်သွားတဲ့သူတွေ အများစုဖြေကြပေမယ့် အခုနောက်ပိုင်း သြစတြေးလျ၊ တရုတ်၊ ဘယ်ဂျီယံ၊ ဘရာဇီးနဲ့ နိုင်ငံတော်တော်များများက တက္ကသိုလ်တွေကလည်း ဒီလက်မှတ်ကိုဝင်ခွင့်အတွက် လက်ခံပေးနေပါပြီ။

ကိုယ်လျှောက်မယ့်ကျောင်းမှာ Duolingo လက်မှတ်ကိုလက်ခံပေး၊ မပေးကို Duolingo site မှာ ဝင်ရောက်စစ်ကြည့်လို့လည်းရပါတယ်။ ဒီနေ့ပြောချင်တာက Duolingo ကိုဘယ်တက္ကသိုလ်တွေ၊ အလုပ်တွေကလက်ခံပေးနေလဲဆိုတာထက် ဒီ Duolingo score တွေက IELTS score နဲ့ဆို ဘယ်လောက်ကွာလဲဆိုတာ နှိုင်းယှဉ်ပြပေးချင်လို့ပါ။

Advertisements

Duolingo practice test စစ်ကြည့်တာ အမှတ်က ၁၄၀ လောက်ရတယ်။ ၁၂၀ လောက်ရတယ်။ ဒါဆို IELTS band score ဘယ်လောက်နဲ့ညီလဲသိချင်ကြတဲ့သူတွေများလို့ နှိုင်းယှဉ်ပြပေးလိုက်ပါတယ်။ အကယ်၍ ကိုယ်လိုချင်တဲ့အမှတ်မရသေးဘူးဆိုရင် ထပ်ကြိုးစားကြည့်လို့လည်းရတာပေါ့။

Advertisements

အများစုဖြစ်ကြတာက practice test ဆိုရင် အမှတ်နည်းနည်းပိုကောင်းပြီး တကယ်ဖြေကြည့်ရင် ရမှတ်နည်းသွားတာမျိုးရှိတတ်ပါတယ်။ အဲ့ဒါကြောင့် အကြိမ်အရေအတွက်များများနဲ့ ကိုယ့်ကိုယ်ကိုယ်ရိုးသားစွာ ဖြေကြည့်စေချင်ပါတယ်။

Practice test ကြာချိန်က (၁၅) မိနစ်ပဲရှိပါတယ်။ Real exam ကတော့ တစ်နာရီအချိန်ပေးထားပါတယ်။ Duolingo စာမေးပွဲကြေးကတော့ 49 USD ပါ။

Practice test link: Duolingo Practice Test

Advertisements

Scholarship Announcements

Advertisements

Leave a comment