တစ်နေ့က Scholarship Announcements page ကနေ Rotary Peace Fellowship အတွက် လျှောက်လွှာတွေစတင်လက်ခံနေပြီလို့ ကြေညာပေးခဲ့ပါတယ်။ အသေးစိတ်မပြောဖြစ်ဘဲ post ကိုဒီအတိုင်း share ပေးလိုက်တာမို့ ဒီနေ့တော့ Rotary Peace Fellowship အကြောင်းနည်းနည်းပြောပြပေးဖို့ ရည်ရွယ်ထားပါတယ်။

ဒီ full scholarship ကမြန်မာနိုင်ငံကကျောင်းသားဟောင်းတွေ၊ လျှောက်ထားသူတွေနှစ်စဉ်ရှိတဲ့ ခိုင်မာတဲ့ပညာသင်ဆုအစီအစဉ်လည်းဖြစ်တယ်။ Rotary Peace Centers တွေက နိုင်ငံ(၅)နိုင်ငံမှာရှိပြီး ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေးစိတ်ဝင်စားရင် ကိုယ့်ရဲ့ပညာအရည်အချင်းပေါ်မူတည်ပြီးတက်ရောက်လို့ရတဲ့ ပညာသင်ဆုအစီအစဉ်လည်းဖြစ်တာကြောင့် ပြောပြပေးဖို့ရွေးချယ်လိုက်တာပါ။

Advertisements

အွန်လိုင်းလျှောက်လွှာများ

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင်ဆုတွေကို လျှောက်ဖို့အတွက်ကတော့ အွန်လိုင်းကနေပဲ လျှောက်ထားရမှာပါ။ မေလ (၁၅) ရက်မတိုင်ခင်လျှောက်ထားရမှာပါ။ ပညာသင်ဆုလျှောက်ထားတဲ့အခါ resume ၊ ထောက်ခံစာ (Academic or Professional) ၊ Essay ၊ ဖွံ့ဖြိုးရေးလုပ်ငန်းအတွေ့အကြုံတစ်ခုခုရှိတယ်ဆို certificate ပြပေးဖို့လိုပါတယ်။ ပြီးရင် အမှတ်စာရင်းတွေလိုပါတယ်။ ဒီပညာသင်ဆုအစီအစဉ်က အစတည်းကလုပ်ငန်းအတွေ့အကြုံရှိပြီးသားသူတွေအတွက်ပါ။ လက်ရှိကျောင်းတက်နေဆဲသူတွေ လျှောက်လို့မရပါဘူး။

လျှောက်လွှာလျှောက်တဲ့အချိန်မှာ ကိုယ်တက်ချင်တဲ့ Rotary Peace Centers တွေထဲက ဦးစားပေး (၂)ခုကို ရွေးပေးရပါမယ်။ လျှောက်လွှာတင်ပြီး ဇွန်လအစောပိုင်းကစပြီး သူတို့ဆီကအကြောင်းကြားစာရပါမယ်။ အရွေးခံရရင်တော့ ဇူလိုင်လောက်မှာ အင်တာဗျူးဖြေရပါမယ်။

Advertisements

Rotary Peace Centers တွေကို ဒီမှာလေ့လာနိုင်ပါတယ်။
• University of Queensland, Australia
• University of Bradford, England
• International Christian University, Japan
• Uppsala University, Sweden
• Duke University and University of North Carolina, USA

Advertisements

သတိပြုရန်

ဖွံ့ဖြိုးရေးနယ်ပယ်က အတွေ့အကြုံရှိတဲ့သူတွေအတွက်ရည်ရွယ်ထားတာမို့ လျှောက်ထားသူတွေက ဘွဲ့ရထားတာ အနည်းဆုံးသုံးနှစ်နဲ့အထက်ရှိရပါမယ်။ အင်္ဂလိပ်ဘာသာစကား အရေး၊ အပြော ကျွမ်းကျင်ရပါမယ်။ PhD အတွက်လျှောက်လို့မရပါဘူး။ Master only ပါ။

Application link: Rotary Peace Fellowship Online Application

Advertisements

Leave a comment