အမေရိကန်မှာ ကောလိပ်နဲ့တက္ကသိုလ်ဆက်လက်တက်ရောက်ချင်တဲ့ လူငယ်အားကစားသမားတွေနဲ့ မသန်စွမ်းသူများအတွက် ပညာသင်ဆုပံ့ပိုးပေးနေတဲ့ အဖွဲ့အစည်းတွေတော်တော်များများရှိပါတယ်။ သူတို့အစီအစဉ်တွေက မြန်မာနိုင်ငံနဲ့တော့ အလှမ်းဝေးကောင်းဝေးနိုင်ပေမယ့် ရည်မှန်းချက်လည်းရှိတယ်၊ ပညာရေးကိုလည်းစိတ်ဝင်စားတဲ့ မသန်စွမ်းသူများနဲ့ အားကစားသမားများအတွက် ဒီပညာသင်ဆုအစီအစဉ်တွေကို လေ့လာထားပြီး ကိုယ်နဲ့ကိုက်ညီရင်လျှောက်ထားလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။ ဒီနှစ်ပညာသင်ဆုအတွက် မီသေးတယ်ဆိုရင်လည်း လျှောက်ထားနိုင်ပါတယ်။

Advertisements

AG Bell College Scholarship

အပြိုင်အဆိုင်အရမ်းများတဲ့ ပညာသင်ဆုအစီအစဉ်လို့ပြောကြတဲ့ AG Bell ပညာသင်ဆုကတော့ နားမကြားသူများအတွက်ရည်ရွယ်ပြီးပေးတဲ့ ပညာသင်ဆုအစီအစဉ်ဖြစ်ပါတယ်။ အပြိုင်အဆိုင်ဘယ်လောက်များလဲဆိုရင် လျှောက်ထားသူတွေရဲ့ ၁၅% ပဲဝင်ခွင့်ရတယ်လို့ တရားဝင်ပြောထားပြီးသားပါ။ ဒီလိုထူးချွန်ပညာသင်ဆုဖြစ်လို့ အဓိကလိုအပ်ချက်ကတော့ တက္ကသိုလ်ဝင်တန်းအမှတ်ကောင်းဖို့လိုပါမယ်။ ဒါမှမဟုတ် တက္ကသိုလ်ပထမနှစ်တက်နေတယ်ဆိုရင်လည်း ပထမနှစ်အမှတ်စာရင်းပါ ပူးတွဲတင်ပေးရပါမယ်။ Recommendation (၃) စောင်လိုပါမယ်။ ကိုယ်တက်ချင်တဲ့ အမေရိကန်ကောလိပ်မှာဝင်ခွင့်မီတဲ့သူဖြစ်ရင် ပိုအဆင်ပြေပါတယ်။ ပညာသင်ဆုလျှောက်လွှာတွေကို မတ်လ (၄) ရက်မတိုင်ခင် အွန်လိုင်းကတစ်ဆင့်လျှောက်လွှာတင်ရပါမယ်။

Advertisements

Application link: AG Bell College Scholarship Program

Microsoft Disability Scholarship

အမေရိကားရဲ့ နည်းပညာနဲ့ အသက်မွေးဝမ်းကြောင်းကောလိပ်တွေမှာတက်ရောက်ချင်တဲ့ မသန်စွမ်းလူငယ်များအတွက် Microsoft ကထောက်ပံ့ပေးတဲ့ပညာသင်ဆုအစီအစဉ်ပါ။ တစ်နှစ်စီပေးတဲ့ ပညာသင်ဆုဖြစ်တဲ့အတွက် စာကြိုးစားလို့ထူးထူးချွန်ချွန်အောင်မြင်တယ်ဆိုရင် နောက်နှစ်တွေအတွက်လည်း ဆက်တိုက်ထောက်ပံ့ပေးမှာဖြစ်ပါတယ်။

သူက အင်ဂျင်နီယာ၊ ကွန်ပျူတာ ၊ စီးပွားရေး၊ ဥပဒေစတဲ့ဘာသာရပ်တွေနဲ့ဆက်စပ်နေတဲ့ ဘာသာရပ်တွေအတွက် ပညာသင်ဆုထောက်ပံ့ပေးမှာပါ။ လျှောက်လွှာတင်တဲ့အခါ resume ၊ အက်ဆေး (၃) ပုဒ်နဲ့ ထောက်ခံစာ (၂) ခုလိုအပ်ပါတယ်။ တက္ကသိုလ်ဝင်တန်းရမှတ်နဲ့လျှောက်ထားနိုင်ပြီး GPA နဲ့ပြန်တွက်ရင် 2.5 နဲ့အထက်ဖြစ်ဖို့တော့လိုပါတယ်။ မတ်လ (၁၅) ရက်မတိုင်ခင် လျှောက်လွှာတင်ရပါမယ်။

Advertisements

Application link: Microsoft Disability Scholarship

Advertisements
Advertisements

Leave a comment