မြန်မာနိုင်ငံက IELTS ဖြေဆိုမယ့်သူတွေအတွက် ဒီနှစ်အတွက် Test date တွေကို ကြိုတင်သိထားလို့ရအောင် sharing လုပ်ပေးချင်ပါတယ်။ အဓိကကတော့ အရေးပေါ် test ဖြေရမယ့်သူတွေရှိရင် ရှာရလွယ်အောင်လို့ စုစည်းပေးချင်တာပါ။

Advertisements

IELTS exam fee ကတော့ academic အတွက် USD 229 ဖြစ်ပြီး UKVI အတွက်ဆိုရင် USD 254 ပါ။ စာမေးပွဲကို On paper နဲ့ဖြေလို့ရသလို computer နဲ့လည်း test center မှာသွားရောက်ဖြေဆိုလို့ရပါတယ်။ ကိုယ်ကအရေးပေါ်ဖြေရမယ်ဆိုရင် computer test နဲ့ဖြေစေချင်ပါတယ်။ သူက အနည်းဆုံး တစ်လမှာ (၃)-(၄) ရက်လောက်အထိ test date တွေရှိတာရယ်၊ result အတွက် (၃) ရက်ကနေ (၅) ရက်အတွင်းပဲကြာလို့ ပိုအဆင်ပြေပါတယ်။ Test center ကတော့ ရန်ကုန်နဲ့ မန္တလေးမှာပဲရှိပါတယ်။

Advertisements

Leave a comment