အလုပ်အင်တာဗျူးဖြေတဲ့အခါ တစ်ဖက်ကမေးလာတဲ့မေးခွန်းတွေကို ပါးပါးနပ်နပ်ဘယ်လိုဖြေမလဲ၊ ကိုယ့်ဆီကို email တစ်စောင်ရောက်လာရင် ဘယ်လိုစီလျော်အောင်ပြန်စာပို့မလဲ၊ ကိုယ်က email တစ်စောင်ပို့ရင်ရော အကြောင်းအရာစုံစုံလင်လင်နဲ့ formal style ဘယ်လိုရေးသားပြီးပို့ရမလဲဆိုတာတွေကို လေ့လာချင်တဲ့သူတွေအတွက် Business English ကိုအခမဲ့လေ့လာလို့ရတဲ့ website တချို့ကိုဖော်ပြပေးလိုက်ပါတယ်။
Learn English British Council
လက်ရှိကိုယ်လုပ်နေတဲ့ လုပ်ငန်းခွင်ထဲက စကာလုံးအသုံးအနှုန်းတွေကစပြီး အလုပ်အင်တာဗျူးအထိ လိုအပ်တဲ့အကြောင်းအရာတွေအားလုံးကို သင်ကြားပေးနေတဲ့ British Council ရဲ့ Free Business English Lessons တွေကို အိမ်မှာတင်အခမဲ့လေ့လာလို့ရနေပါပြီ။ သူ့ရဲ့ website တစ်ခုတည်းမှာတင် Reading အတွက် magazine တွေဖတ်လို့ရသလို listening အတွက် upper-intermediate level ကစပြီး podcasts တွေ နားထောင်ရင်းသင်ယူလို့ရပါတယ်။
Business English Pod
Business English ကိုပေါ့ပေါ့ပါးပါးလေ့လာလို့ရမယ့် channel တစ်ခုပါ။ သင်ခန်းစာပေါင်း ၆၀၀ ကျော်ကို Podcast နဲ့ရော Slideshow Video နဲ့ပါလေ့လာလို့ရပါတယ်။ လုပ်ငန်းခွင်ထဲရောက်နေတဲ့သူတွေရော၊ လုပ်ငန်းခွင်ဝင်မယ့်သူတွေအတွက်ရော လိုအပ်တဲ့သင်ခန်းစာတွေအားလုံးရှိပါတယ်။ အချိန်လည်းသိပ်ပေးစရာမလိုဘူး လမ်းသွားရင်းလည်း podcast ဖွင့်ပြီးနားထောင်လို့ရတဲ့အတွက် အဆင်ပြေပါတယ်။ Google Podcasts ၊ Apple Podcasts နဲ့ Spotify မှာ subscription လုပ်ထားလိုက်ရုံပါပဲ။
Using Email for Networking in English, University of Washington
edX မှာ အခမဲ့တက်လို့ရတဲ့သင်တန်းပါ။ University of Washington ကဆရာတွေသင်ကြားပို့ချပေးတဲ့ video lesson တွေကို အခမဲ့သင်ယူလို့ရတဲ့အခွင့်အရေးပါ။ ဒီသင်တန်းကနေ English writing အရေးအသားပိုတိုးတက်လာနိုင်သလို email အသုံးပြုပြီး ကိုယ့်ရဲ့လုပ်ငန်းခွင်မှာ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူတစ်ယောက်လည်း ဖြစ်လာနိုင်ပါတယ်။ ပေါ့ပေါ့ပါးပါး syllabus တွေနဲ့ သင်ကြားပေးမှာဖြစ်လို့ ၂ ပတ်လောက်သင်လိုက်ရုံနဲ့ နားလည်သွားမယ်လို့ထင်ပါတယ်။
Written by Scholarship Announcements