Scholarship Announcements ကိုအများဆုံးလာမေးကြတဲ့မေးခွန်းတွေထဲမှာ engineering နဲ့ computer science ဘာသာရပ်တွေနဲ့ပတ်သက်တဲ့ နိုင်ငံတကာပညာသင်ဆုအစီအစဉ်တွေအကြောင်းက ထိပ်ဆုံး (၃) ခုထဲမှာရှိပါတယ်။ ဒါကြောင့် ဒီနေ့တော့ engineering နဲ့ပတ်သက်ပြီး နိုင်ငံတကာတက္ကသိုလ်တွေက ပေးနေတဲ့ partial scholarship ၊ full scholarship တွေအကြောင်း စုစည်းဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။
အမျိုးသမီးသီးသန့် STEM ဘာသာရပ်ဆိုင်ရာပညာသင်ဆုများ
ယူကေ British Council ကပေးတဲ့ ဒီပညာသင်ဆုအစီအစဉ်က နိုင်ငံတကာက အမျိုးသမီးများအတွက်သီးသန့်ထောက်ပံ့ပေးတဲ့ အစီအစဉ်တစ်ခုဖြစ်ပြီး STEM ဘာသာရပ်တွေဖြစ်တဲ့ Biology ၊ Chemistry၊ Physics၊ Design and technology၊ Maths ၊ Information and communications technology (IT or ICT)၊ Computer science၊ Economics နဲ့ Geography ဘာသာရပ်တွေနဲ့ပတ်သက်တဲ့နယ်ပယ်မှာ အမျိုးသမီးများရဲ့အခန်းကဏ္ဍကိုမြှင့်တင်ပေးဖို့စီစဉ်ထားတဲ့ ပရောဂျက်တစ်ခုပါ။ ပညာသင်ဆုလျှောက်ထားသူတွေအနေနဲ့ အင်္ဂလိပ်ဘာသာစကားကောင်းမွန်ဖို့နဲ့ လျှောက်ထားမယ့်ဘာသာရပ်နဲ့ပတ်သက်ပြီး လုပ်ငန်းအတွေ့အကြုံရှိထားဖို့ လိုအပ်ပါတယ်။
Master program လျှောက်ထားနိုင်တဲ့ ယူကေတက္ကသိုလ်တွေကတော့ Edinburgh Napier University၊ Brunel University London၊ Teesside University နဲ့ Liverpool John Moores University တွေဖြစ်ပြီး Early Academic Fellowship အတွက်ကတော့ University of Glasgow နဲ့ University of York တို့မှာ လျှောက်ထားနိုင်ပါတယ်။
လျှောက်လွှာအတွက်လိုအပ်မယ့်အသေးစိတ်ကို သက်ဆိုင်ရာတက္ကသိုလ်မှာ စုံစမ်းမေးမြန်းနိုင်ပါတယ်။
Information Link: British Council scholarships for women in STEM
National University of Singapore: Science & Technology Scholarship
ဒီပညာသင်ဆုအစီအစဉ်ကတော့ Science & Technology Undergraduate Scholarship အစီအစဉ်ဖြစ်ပြီး အာရှနိုင်ငံတွေထဲက ထူးချွန်ကျောင်းသား၊ ကျောင်းသူတွေအတွက် နှစ်စဉ်ထောက်ပံ့ပေးနေတဲ့ National University of Singapore ရဲ့အစီအစဉ်ဖြစ်ပါတယ်။ ပညာသင်ဆုအတွက် သီးသန့်လျှောက်လွှာတင်စရာမလိုဘဲ NUS ဝင်ခွင့်လျှောက်ထားသူတွေထဲက ထူးချွန်ကျောင်းသား၊ ကျောင်းသူတွေကို ရွေးချယ်ပေးတဲ့ပညာသင်ဆုဖြစ်တာမို့ အပြိုင်အဆိုင်များပြီး ရဖို့ခက်ခဲတဲ့ ပညာသင်ဆုဖြစ်ပါတယ်။ Engineering ဘာသာရပ်တစ်ခုတည်းအတွက်တင်မကဘဲ Computing နဲ့ Science ဘာသာရပ်တွေအတွက်ပါ အကျုံးဝင်ပါတယ်။ ပညာသင်ဆုရတဲ့သူက ကျောင်းပြီးတာနဲ့ ကျောင်းနဲ့စာချုပ်ချုပ်ထားတဲ့စင်ကာပူကုမ္ပဏီမှာ (၆) နှစ်စာချုပ်နဲ့ အလုပ်ဆက်လုပ်ပေးရဖို့တော့ရှိပါတယ်။
အသေးစိတ်ကို information link ထဲမှာ ဆက်လက်လေ့လာနိုင်ပါတယ်။
Information link: National University of Singapore: Science & Technology Scholarship
University of Strathclyde Glasgow: Faculty of Engineering Scholarships
အင်ဂျင်နီယာပညာသင်ဆုတွေနဲ့ပတ်သက်ရင် ရွေးချယ်စရာပညာသင်ဆုအစီအစဉ်တွေ အများကြီးရှိတဲ့ University of Strathclyde က Faculty of Engineering ဌာနရဲ့ပညာသင်ဆုပရိုဂရမ်တွေကိုလည်း မေ့ထားလို့မရပါဘူး။ ပရိုဂရမ်တစ်ခုနဲ့တစ်ခု ထောက်ပံ့ပေးတဲ့ပမာဏနဲ့ လိုအပ်ချက်တွေမတူတာမို့ website ထဲမှာ အသေးစိတ်သွားရောက်လေ့လာကြည့်စေချင်ပါတယ်။ Undergraduate အတွက်ရော Master နဲ့ PhD အတွက်ပါ ထောက်ပံ့ပေးနေတဲ့ပရိုဂရမ်တွေအများကြီးရှိပါတယ်။

Information link: University of Strathclyde Glasgow: Faculty of Engineering Scholarships
University of Sydney: Faculty of Engineering Scholarships
World class တက္ကသိုလ်တစ်ခုဖြစ်တဲ့ University of Sydney မှာအင်ဂျင်နီယာဘာသာရပ်နဲ့ပတ်သက်ပြီး Bachelor ဘွဲ့လိုချင်တဲ့သူတွေအတွက် Faculty of Engineering မှာပေးနေတဲ့ ပညာသင်ဆုတွေရှိပါတယ်။ Software development ကနေ aeronautical engineering အထိ မတူညီတဲ့ပညာသင်ဆုပရိုဂရမ်တွေ အများကြီးပါ။ ဘာသာရပ်ပေါ်မူတည်ပြီး ထောက်ပံ့ပေးတဲ့ပမာဏမတူညီသလို တချို့ပညာသင်ဆုတွေက placement ဝင်ဖြေပြီးလျှောက်ရတာမျိုးလည်းရှိပါတယ်။ ထူးချွန်ကျောင်းသား၊ ကျောင်းသူတွေအတွက် အခွင့်အလမ်းပိုရှိတဲ့ပညာသင်ဆုတွေလို့ ပြောလို့ရပါတယ်။
ပညာသင်ဆုပရိုဂရမ်အကြောင်း အသေးစိတ်ကို information link ထဲမှာအသေးစိတ်လေ့လာနိုင်ပါတယ်။
Information link: University of Sydney: Faculty of Engineering Scholarships
Technical University of Munich: Engineering Scholarships
ဂျာမနီက အင်ဂျင်နီယာဘာသာရပ်တွေနဲ့ပတ်သက်ရင် reputation ကောင်းတဲ့တက္ကသိုလ်တွေ အမြောက်အများရှိတာသိကြမှာပါ။ အဲ့ဒီတက္ကသိုလ်တွေထဲက Technical University of Munich ကထိပ်တန်းတက္ကသိုလ်ထဲက တက္ကသိုလ်ကြီးတစ်ခုဖြစ်ပါတယ်။ Technical University of Munich မှာ နိုင်ငံတကာကျောင်းသား၊ ကျောင်းသူတွေအတွက် အင်ဂျင်နီယာဘာသာရပ်နဲ့ပတ်သက်ပြီး ပညာသင်ဆုပရိုဂရမ်တွေအများကြီးရှိပါတယ်။ ကျောင်း website မှာတင် တရားဝင်ကြေညာထားပြီး ကိုယ့်ရဲ့ပညာအရည်အချင်းရမှတ်တွေပေါ်မူတည်ပြီး လျှောက်ထားရမှာဖြစ်ပါတယ်။ Master program အတွက် အခွင့်အရေးပိုများပါတယ်။

တစ်လကို အနည်းဆုံး ယူရို ၅၀၀ ကစပြီးထောက်ပံ့ကြေးရနိုင်တဲ့ပရိုဂရမ်တွေကနေ တစ်နှစ်စာအတွက်လျှောက်ထားလို့ရတဲ့ ပရိုဂရမ်တွေလည်းရှိတာမို့ အသေးစိတ်ကို information link မှာ အသေးစိတ်လေ့လာကြည့်စေချင်ပါတယ်။
Information link: Technical University of Munich: Engineering Scholarships