နိုင်ငံခြားမှာကျောင်းတက်ပြီး အလုပ်လုပ်ဖို့ရည်ရွယ်ထားပေမယ့် ကိုယ်ဝါသနာပါတဲ့ဘာသာရပ်တွေက အလုပ်အကိုင်အတွက်အဆင်ပြေနိုင်ပါ့မလား စိတ်ပူနေရတာလည်းရှိတတ်ပါတယ်။ နှစ်စဉ် နှစ်တိုင်း နိုင်ငံတကာ တက္ကသိုလ်တွေမှာတက်ရောက်ကြတဲ့ကျောင်းသား၊ ကျောင်းသူတွေထဲမှာ စိတ်ဝင်စားမှုများတဲ့ ဘာသာရပ်တွေကြည့်ရင် Medicine နဲ့ Engineering တင်မကပါဘူး။ နည်းပညာနဲ့ကမ္ဘာကြီးအတွက် Computer science ဘာသာရပ်တွေကလည်း လူတွေကြားမှာရေပန်းစားမြဲစားနေတုန်းပါ။ အဓိကကတော့ နိုင်ငံပေါ်မူတည်ပြီး ဘယ်ဘာသာရပ်တွေရွေးချယ်ရမလဲ စဉ်းစားဖို့တော့လိုပါမယ်။ သြစတြေးလျဆိုရင် ၂၀၂၂ ခုနှစ်ထဲမှာ ရေပန်းအစားဆုံးဘာသာရပ်တွေက ဆေးပညာနဲ့ပတ်သက်တာတွေပိုများပါတယ်။

Advertisements

အနုပညာနဲ့ပတ်သက်ရင် တီထွင်ဖန်တီးမှုတွေကလည်း ဒီနှစ်ပိုင်းတွေမှာ တဖြည်းဖြည်းအားကောင်းလာတဲ့အတွက် ထူးထူးခြားခြား ၂၀၂၁ ခုနှစ်ရဲ့ထိပ်တန်းဘာသာရပ် (၁၀) ခုထဲမှာ Art & Design လည်းပါဝင်ခဲ့ပါတယ်။

Academic ချည်းပဲကောင်းရမယ်လို့ မရှိတော့ဘဲ creative ပိုင်းတွေကလည်း အဓိကကျလာတော့မယ်လို့ ယူဆရတာမို့ ဘာ ဘာသာရပ်ရွေးလို့ရွေးရမှန်းမသိသေးရင် ပြီးခဲ့တဲ့နှစ်က trendy ဖြစ်နေတဲ့ဘာသာရပ်တွေကို သိထားရင်ရွေးချယ်ရတာပိုလွယ်မယ်ထင်လို့ QS World University Rankings ရဲ့ ၂၀၂၁ ခုနှစ်အတွက် ထိပ်တန်းဘာသာရပ် (၁၀) ခုကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

Advertisements

QS World University Rankings by Subject 2021

  1. Computer Science & Information Systems

2. Engineering & Technology

  • Chemical Engineering
  • Civil & Structural Engineering
  • Electrical & Electronic Engineering
  • Mechanical Engineering
  • Mineral & Mining Engineering
  • Petroleum Engineering

3. Business & Management Studies

4. Medicine

5. Economics & Econometrics

6. Law

7. Mechanical, Aeronautical & Manufacturing Engineering

8. Architecture

9. Art & Design

10. Accounting & Finance

Advertisements

Leave a comment