အနုပညာ၊ ဒီဇိုင်းဘာသာရပ်တွေနဲ့ပတ်သက်ရင် အာရှမှာ LASALLE ကိုမသိတဲ့သူတော့ မရှိဘူးထင်ပါတယ်။ LASALLE College က Non-profit ပုဂ္ဂလိကပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီးတော့ သူ့ရဲ့ degree ပရိုဂရမ်တွေက University of London ကတိုက်ရိုက်အသိအမှတ်ပြုပရိုဂရမ်တွေဖြစ်ပြီး ကမ္ဘာ့အဆင့် အနုပညာတက္ကသိုလ်သတ်မှတ်ချက်မှာဆိုရင် အဆင့် ၁၅၁~၂၀၀ အတွင်းမှာရှိတဲ့ နိုင်ငံတကာကောလိပ်တစ်ခုပါ။
LASALLE College မှာ ဘာတွေအထူးပြုသင်လို့ရလဲဆိုရင် Fine arts၊ Design communication၊ Interior design၊ Product design၊ Film၊ Animation၊ Fashion၊ Dance၊ Music ၊ Theatre၊ Arts management၊ Arts pedagogy and practice၊ Art therapy၊ Asian art histories နဲ့ Creative writing ဘာသာရပ်တွေကို Diploma တန်းတွေကစပြီး Undergraduate နဲ့ Postgraduate အဆင့်အထိ တက်ရောက်နိုင်ပါတယ်။
ဒီနေ့ Scholarship Announcements ကပြောချင်တဲ့အချက်ကတော့ အနုပညာ၊ ဒီဇိုင်း ၊ ရုပ်ရှင်ဘာသာရပ်တွေနဲ့ပတ်သက်ပြီး နိုင်ငံတကာမှာပညာသင်ဆုလျှောက်ပြီး ကျောင်းတက်ချင်တဲ့လူငယ်တွေအတွက် LASALLE ပညာသင်ဆုအကြောင်း ပြောပြပေးသွားမှာဖြစ်ပါတယ်။
Future Leader Scholarship for International Students
LASALLE College ရဲ့ဒီပလိုမာသင်တန်းတွေက လုပ်ငန်းခွင်အသင့်ဝင်မယ့်သူတွေအတွက် အထူးစီမံထားတဲ့သင်တန်း အမျိုးအစားတွေဖြစ်ပြီးတော့ ဒီပလိုမာလက်မှတ်ရထားပြီးသားဆိုရင်လည်း BA(Hons) သင်တန်းရဲ့ Level 2 အဆင့်ကို ဆက်တက်လို့ရအောင် ချိတ်ဆက်ပေးထားပါတယ်။ သင်တန်းကြေးက ပုံမှန်ဆိုရင် နိုင်ငံတကာကျောင်းသား၊ ကျောင်းသူတစ်ယောက်အတွက် စင်ကာပူဒေါ်လာ နှစ်သောင်းကျော်ရှိပါတယ်။ တကယ်လို့ ကျောင်းကထောက်ပံ့ကြေးယူပြီး တက်မယ်ဆိုရင်တော့ စင်ကာပူဒေါ်လာ တစ်သောင်းနီးပါးလောက်ပဲကျသွားပါလိမ့်မယ်။
ဒီပလိုမာအတွက် သီးသန့်ပညာသင်ဆုလျှောက်ထားချင်တယ်ဆိုရင်တော့ နိုင်ငံတကာကျောင်းသား၊ ကျောင်းသူတွေအတွက် Future Leader Scholarship အစီအစဉ်ဆိုပြီးရှိပါတယ်။ အဲ့ဒီအစီအစဉ်က ထူးချွန်ကျောင်းသား၊ ကျောင်းသူတွေအတွက် တစ်နှစ်ကို စင်ကာပူဒေါ်လာ ၅၀၀၀ အထိပညာသင်ထောက်ပံ့ကြေးပေးနေတာရှိပါတယ်။ ကျောင်းဝင်ခွင့်ရရှိထားသူတိုင်း ငွေကြေးအခက်အခဲရှိပြီး academic records တွေကောင်းရင် အဲ့ဒီအစီအစဉ်ကို လျှောက်ထားလို့ရပါတယ်။

အလားတူပဲ BA (Hons) အတန်းကို တိုက်ရိုက်လျှောက်ထားမယ့် ကျောင်းသား၊ ကျောင်းသူတွေအတွက် တစ်ဦးချင်းစီရဲ့ ပညာအရည်အချင်း၊ အနုပညာထူးချွန်မှုပေါ်မူတည်ပြီး ထောက်ပံ့ပေးနေတာလည်းရှိပါတယ်။ နိုင်ငံတကာ ကျောင်းသားအသစ်တွေအတွက် ပညာသင်ဆုနဲ့ပတ်သက်ရင်အဓိကလျှောက်ထားရမယ့် program ကတော့ Future Leader Scholarship ပါပဲ။ ပညာသင်ဆုတွေက တစ်နှစ်စီပေးတာဖြစ်ပြီး တကယ်လို့တစ်နှစ်စာပညာသင်ဆုရထားပြီးရင် နောက်နှစ်တွေအတွက် စိုးရိမ်ဖို့သိပ်မလိုပါဘူး။ ကျောင်းသားဟောင်းတွေအတွက်က ရွေးချယ်စရာ ပညာသင်ဆုအစီအစဉ်တွေ ပိုများတာကြောင့်ပါ။
Diploma: Certificates & Diploma
BA(Hons): Undergraduate program
Scholarship program: Future Leader Scholarship & List of Scholarships