အမေရိကန်ရဲ့ culture ကိုသိပ်မကြိုက်ဘူး ဥရောပဘက်ကျတော့လည်းဘာသာစကားကြောင့် သိပ်အဆင်မပြေဘူးဆိုရင် ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်တွေရှိပြီး နေထိုင်မှုပုံစံလည်းအေးအေးဆေးဆေးဖြစ်တဲ့ ကနေဒါနိုင်ငံကို option တစ်မျိုးထားပြီး စဉ်းစားလို့ရပါတယ်။ ကနေဒါနိုင်ငံမှာ research-focused တက္ကသိုလ်တွေအများစုရှိကြတဲ့အတွက် ဘွဲ့တစ်ခုခုရှိထားပြီးသားသူတွေ Master ၊ PhD အတွက်ဆိုရင် ကနေဒါကိုလည်းထည့်စဉ်းစားသင့်ပါတယ်။

ကနေဒါတက္ကသိုလ်တိုင်းမှာ အင်္ဂလိပ်နဲ့ ပြင်သစ်ဘာသာစကားကို အဓိကသုံးကြပြီး တချို့တက္ကသိုလ်တွေဆိုရင် IELTS မလိုဘဲ တခြား English certificate တွေနဲ့လည်း ပညာသင်ဆုလျှောက်ထားလို့ရတဲ့တက္ကသိုလ်တွေရှိပါတယ်။ တက္ကသိုလ်ပေါ်မူတည်ပြီး language test ကိုပုံစံအမျိုးမျိုးနဲ့လက်ခံပေးပါတယ်။ ကျောင်းတက်ရင်း အသုံးစရိတ်ကာမိအောင် part-time သဘောမျိုးလုပ်ချင်တယ်ဆိုရင် ကျောင်းသားတစ်ယောက်အတွက် တစ်ပတ်ကို နာရီ (၂၀) အလုပ်လုပ်ခွင့်ပေးထားပါသေးတယ်။ semester ပြီးတဲ့အချိန်၊ ကျောင်းပိတ်ချိန်ဆိုရင် unlimited hour အလုပ်လုပ်လို့ရပါတယ်။

Advertisements

အဓိကကတော့ ကနေဒါနိုင်ငံမှာ နိုင်ငံတကာကျောင်းသား၊ ကျောင်းသူတွေအတွက် ပညာသင်ဆုအစီအစဉ်တွေ အများကြီးရှိပါတယ်။ အာရှနဲ့ အရှေ့တောင်အာရှကနိုင်ငံတွေအတွက် သီးသန့်ပညာသင်ဆုအစီအစဉ်တွေတောင်ရှိပါတယ်။ အဲ့ဒီထဲမှာ အားလုံးသိကြတဲ့ပညာသင်ဆုအစီအစဉ်ကတော့ SEED (Scholarships and Educational Exchanges for Development) ပါ။

SEED Program for Mid-career Professionals and Students

အာဆီယံနိုင်ငံက ကျောင်းသား၊ ကျောင်းသူတွေနဲ့ လုပ်ငန်းအတွေ့အကြုံရှိပြီးသား civil societies ၊ private နဲ့ public sector က mid-career professional တွေအတွက်ထောက်ပံ့ပေးတဲ့ ပညာသင်ဆုအစီအစဉ်ပါ။ ၂၀၂၂ ခုနှစ်အတွက် mid-career professional အစီအစဉ်ကိုခဏနားထားပေမယ့် ကနေဒါတက္ကသိုလ်တွေနဲ့ ပူးပေါင်းထားတဲ့တက္ကသိုလ်တွေရဲ့ကျောင်းသား၊ ကျောင်းသူတွေက exchange student အနေနဲ့ ကနေဒါနိုင်ငံမှာ short program ဆက်တက်ချင်တယ်ဆိုရင် မတ် (၃) ရက်နေ့မတိုင်ခင်အထိ လျှောက်လို့ရပါတယ်။

ဒါပေမဲ့ ဒီနှစ်ကျွန်မတို့နိုင်ငံက တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေက CDM လုပ်ထားတဲ့အတွက် ကျောင်းတွေမှာ စာတင်ရမှာတွေ၊ ပါမောက္ခထောက်ခံစာတွေ၊ ကျောင်းထောက်ခံစာတွေလုပ်ရမယ့်အပိုင်းမှာ ခက်ခဲမယ်လို့ထင်ပါတယ်။ လောလောဆယ်တော့ information သိအောင်လုပ်ထားရုံလောက်ပဲ မှတ်ထားလို့ရပါတယ်။ ဒီအစီအစဉ်က အာဆီယံနိုင်ငံက တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေနဲ့ Master ၊ PhD ကျောင်းသားတိုင်း နှစ်စဉ်လျှောက်ထားလို့ရပါတယ်။

SEED for mid-career professionals

SEED for students

Advertisements

Lester B. Pearson International Scholarships

University of Toronto က ကမ္ဘာ့အဆင့်တက္ကသိုလ်ကြီးတွေထဲမှာ အဆင့် (၁၆) ရှိတဲ့ နိုင်ငံတကာတက္ကသိုလ်ကြီးဖြစ်ပြီး သင်သာထူးချွန်တဲ့ပညာရေးမှတ်တမ်းတွေရှိထားရင် ဒီတက္ကသိုလ်ကြီးမှာ Full Scholarship နဲ့တက်ခွင့်ရမယ့်အခွင့်အရေးရှိတယ်ဆိုတာ သိပါသလား။ Lester B. Pearson International Scholarships ဆိုတာ ကနေဒါနဲ့ နိုင်ငံတကာကျောင်းသား၊ ကျောင်းသူတွေအတွက် နှစ်စဉ်ထောက်ပံ့ပေးတဲ့ University of Toronto ရဲ့ပညာသင်ဆုအစီအစဉ်တစ်ခုဖြစ်ပြီး နှစ်စဉ်ကျောင်းသား၊ ကျောင်းသူ (၃၇) ဦးဝန်းကျင်ကို ထောက်ပံ့ပေးလျက်ရှိပါတယ်။

ပညာသင်ဆုရရှိသူက tuition၊ books၊ incidental fees နဲ့ နေထိုင်စရိတ်ကို လေးနှစ်စာထောက်ပံ့ကြေး ရရှိမှာပါ။ Undergraduate program ဖြစ်တဲ့အတွက် ကျောင်းထောက်ခံစာတော့လိုပါတယ်။ ကျောင်းရဲ့ကိုယ်စားပြုအနေနဲ့ တက်ရောက်ခွင့်ထောက်ခံစာပါ။ ပြီးရင် University of Toronto မှာ ကျောင်းဝင်ခွင့်အရည်အချင်းပြည့်မီသူဖြစ်ရပါမယ်။

ပညာသင်ဆုလျှောက်ထားဖို့လိုအပ်တဲ့သတ်မှတ်ချက်တွေနဲ့ သက်ဆိုင်ရာ deadline တွေအကြောင်းကို အောက်ပါ link မှာအသေးစိတ်လေ့လာနိုင်ပါတယ်။

Scholarship link: Lester B. Pearson International Scholarships

Advertisements

University of Calgary International Entrance Scholarship

တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ သို့မဟုတ် တက္ကသိုလ်ပထမနှစ်တက်ရောက်ပြီးသူတွေ လျှောက်ထားလို့ရတဲ့ undergraduate scholarship အစီအစဉ်ပါ။ University of Calgary ကထောက်ပံ့ပေးတဲ့ ဒီပညာသင်ဆုအစီအစဉ်က (၂) ဦးကိုပဲ ပေးမှာဖြစ်တဲ့အတွက် ထူးချွန်ကျောင်းသား၊ ကျောင်းသူဖြစ်ဖို့လိုအပ်ပြီး Financial aid အမှန်တကယ်လိုအပ်သူ ဖြစ်ရပါမယ်။ တစ်နှစ်စာထောက်ပံ့ကြေး အမေရိကန်ဒေါ်လာ တစ်သောင်းခွဲရရှိမှာပါ။ နောက်နှစ်တွေအတွက်လည်း GPA ကောင်းကောင်းရရင် သက်တမ်းဆက်တိုးသွားလို့ရပါတယ်။
အသေးစိတ်ကို link ထဲမှာဆက်လက်လေ့လာနိုင်ပါတယ်။

Scholarship link: International Entrance Scholarship

Advertisements

Leave a comment