အာရှရဲ့နာမည်ကျော်တက္ကသိုလ်တွေထဲမှာ ထိုင်ဝမ်အမျိုးသားတက္ကသိုလ်က ကမ္ဘာ့ထိပ်တန်းအဆင့် (၁၀၀) မှာရှိပြီး တခြားထိုင်ဝမ်တက္ကသိုလ်တွေကလည်း အလားတူထိပ်တန်းအဆင့် ၁၀၀ ~ ၂၀၀ အတွင်းမှာရှိပါတယ်။ ထိုင်ဝမ်ရဲ့အဆင့်မြင့်ပညာရေးကဏ္ဍမှာ တက္ကသိုလ်၊ ကောလိပ်အမျိုးအစား (၄) ခုရှိပါတယ်။ အဲ့ဒါတွေကတော့ University လို့ခေါ်တဲ့ တက္ကသိုလ်ကြီးတွေ၊ အထက်တန်းကောလိပ်တွေ ၊ သိပ္ပံနဲ့နည်းပညာတက္ကသိုလ်နဲ့ နည်းပညာကောလိပ်တို့ပါ။

ပညာသင်နှစ်တွေကတော့ (၂) နှစ် ဒီဂရီပရိုဂရမ်တွေရှိသလို (၄)နှစ် တက္ကသိုလ်ဒီဂရီပရိုဂရမ်တွေလည်းရှိပါတယ်။ Master program တွေက အနည်းဆုံး (၁) နှစ်ကနေ (၄)နှစ်အထိကြာပြီး Ph.D program တွေကတော့ (၂) နှစ်ကနေ (၇) နှစ်အထိ ကြာပါတယ်။ ကိုယ်တက်ရောက်နေတဲ့ဘာသာရပ်နဲ့ပရိုဂရမ်ပေါ်မူတည်ပြီး internship ဆင်းရတာရှိပါတယ်။ internship ကြာချိန်ကတော့ (၁)နှစ်ကနေ (၂) နှစ်အထိပါ။

ထိုင်ဝမ်ရဲ့ပညာရေးစနစ်အကြောင်း အနည်းငယ်သိလောက်ပြီဆိုတော့ ထိုင်ဝမ်မှာပညာသင်ဆုနဲ့ကျောင်းတက်ချင်တဲ့ မြန်မာအပါအဝင် အရှေ့တောင်အာရှကကျောင်းသား၊ ကျောင်းသူတွေအတွက် ထိုင်ဝမ်အစိုးရ International Cooperative and Development Fund (ICDF) က နှစ်စဉ်ထောက်ပံ့ပေးနေတဲ့ ပညာသင်ဆုအကြောင်း ဆက်ပြောပါမယ်။

Advertisements

TaiwanICDF Scholarships

ထိုင်ဝမ်အစိုးရအနေနဲ့ အရှေ့တောင်အာရှအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတချို့အတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိုရည်ရွယ်ပြီး ICDF အစီအစဉ်ကိုစတင်ခဲ့တာဖြစ်ပါတယ်။ ဒီအစီအစဉ်ကနေ ထိုင်ဝမ်နိုင်ငံက တက္ကသိုလ်တွေမှာ Undergraduate ၊ Graduate နဲ့ Ph.D တက်ရောက်ချင်တဲ့ အရည်အသွေးပြည့်မီတဲ့နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူတွေကို ပညာသင်နှစ်အကုန်လုံးစာ Full Scholarship ထောက်ပံ့ပေးလျက်ရှိပါတယ်။

နိုင်ငံတကာကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ထိုင်ဝမ်တက္ကသိုလ် (၂၂) ခုရဲ့ Study program (၃၄) ခုထဲက မိမိအရည်အသွေးနဲ့လိုက်ဖက်တဲ့အစီအစဉ်ကို ရွေးချယ်သင်ယူခွင့်ရှိပြီး Program အားလုံးက အင်္ဂလိပ်ဘာသာစကားနဲ့ သင်ကြားပေးတဲ့အစီအစဉ်တွေဖြစ်တဲ့အတွက် IELTS၊ TOEFL၊ CEFR စတဲ့လက်မှတ်တွေနဲ့ ပညာသင်ဆုလျှောက်ထားရမှာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်အတွက် လျှောက်လွှာနောက်ဆုံးတင်ရမယ့်ရက်ကတော့ မတ်လ (၁၅) ရက်နေ့ဖြစ်ပါတယ်။ မတ်လ (၁၅) ရက်မတိုင်ခင် ယခုပေးထားတဲ့ Link >>> Online Application ကနေတင်လို့ရပါတယ်။ Program ပေါင်း (၃၄) လေးခုရှိတဲ့ထဲမှာ လျှောက်လွှာကို (၁) ခုပဲလျှောက်ခွင့်ရှိတာမို့ လျှောက်လွှာမလျှောက်ခင်အရင်ဆုံး ကိုယ်တက်ချင်တဲ့ Program ပါ၊ မပါ လေ့လာကြည့်ပါ။ ဒီဆောင်းပါးရဲ့နောက်ဆုံးမှာ Study Program Link ထည့်ပေးထားပါတယ်။

Advertisements

လျှောက်လွှာမလျှောက်ခင် ကိုယ့်ရဲ့ပညာအရည်အချင်းစာရွက်စာတမ်းအားလုံးကို Transcript လုပ်ထားပါ။ များသောအားဖြင့် Recommendation (၂) စောင်လိုပါတယ်။ အဲ့ဒီအတွက် ဘယ်သူ့ဆီကတောင်းမယ်ဆိုတာ ကိုယ်ဆက်သွယ်ပြီး အကူအညီတောင်းထားပါ။ Master အတွက်ဆိုရင် Academic ပိုင်းအတွက်တစ်စောင်၊ Professional ပိုင်းအတွက်တစ်စောင်ရှာထားရင်ပိုကောင်းပါတယ်။ အလုပ်လုပ်နေတဲ့သူဆိုရင် ဝန်ထမ်းထောက်ခံစာလိုပါမယ်။ လျှောက်ထားသူတိုင်းက Financial statement လည်းပြပေးရပါမယ်။

အင်္ဂလိပ်ဘာသာစကားအတွက်ကတော့ IELTS/TOEFL/TOEIC/CEFR လက်မှတ်တွေ အဆင်သင့်ရှိထားရပါမယ်။ နိုင်ငံခြားမှာ ကျောင်းဆက်တက်ဖို့ရည်ရွယ်နေတဲ့ ဆရာ၊ ဆရာမတွေအတွက် Education နဲ့ပတ်သက်တဲ့ Master program တွေလည်းပါပါတယ်။

အွန်လိုင်းလျှောက်လွှာအပြင် လျှောက်ထားသူတွေက ထိုင်ဝမ်သံရုံးကို Passport ဓာတ်ပုံနဲ့နိုင်ငံသားဖြစ်ကြောင်း အထောက်အထား၊ ပညာရေးစာရွက်စာတမ်းမိတ္တူများ၊ English proficiency certificate ၊ ထောက်ခံစာ (၂) စောင်နဲ့ သံရုံးကတောင်းတဲ့စာရွက်စာတမ်းတွေကို မတ် (၁၅) မတိုင်ခင် ပေးပို့ပေးရမှာပါ။ သံရုံးက ပေးပို့လာတဲ့အထောက်အထားတွေကို မတ်လကုန်ကျရင် ပြန်အကြောင်းကြားပေးပါတယ်။ သံရုံးအဆင့်အောင်သွားရင် တက္ကသိုလ်ကပြန်ရွေးချယ်ဦးမှာပါ။

Advertisements

နောက်ဆုံး ပညာသင်ဆုရရှိတဲ့စာရင်းကို သံရုံးကနေ ဇွန်လလောက်မှာအကြောင်းကြားပေးပါတယ်။ ဒီနှစ်အတွက်ကတော့ စာရွက်စာတမ်းအားလုံးစုံတဲ့သူတွေပဲလျှောက်လို့ရမယ်ထင်ပါတယ်။ နှစ်စဉ်ရှိတဲ့အတွက် စိတ်ဝင်စားတယ်ဆိုရင် ကြိုတင်ပြင်ဆင်ထားလို့လည်း ရပါတယ်။

Programs: Study Programs for TaiwanICDF Scholarship Application at Partner Universities in 2022

Advertisements

Leave a comment