တောင်ကိုရီးယားနိုင်ငံမှာ ပါရဂူဘွဲ့သွားရောက်သင်ယူချင်တဲ့ အာဆီယံနိုင်ငံကလူငယ်တွေအတွက် ကိုရီးယားတက္ကသိုလ်ပညာရေးကောင်စီ (ECUE) နဲ့ ASEAN-Korea Cooperation Fund တို့ပူးပေါင်းပြီး ASEAN HEAT Scholarship ပညာသင်ဆုအစီအစဉ် စီစဉ်ပေးထားပါတယ်။ ဒီပညာသင်ဆုရရှိတဲ့ကျောင်းသူတွေက ကိုရီးယားနိုင်ငံ Ewha Womans University မှာ (၃) နှစ်တာ Full Scholarship နဲ့သင်ကြားခွင့်ရမှာဖြစ်ပါတယ်။

Advertisements

အမျိုးသမီးတက္ကသိုလ်ဖြစ်တဲ့အတွက် အာဆီယံနိုင်ငံကအမျိုးသမီးတွေပဲလျှောက်လို့ရပါမယ်။ ပညာသင်ဆုလျှောက်ထားနိုင်တဲ့ နယ်ပယ်တွေကတော့ Liberal & Social Sciences၊ Natural Sciences နဲ့ Engineering တို့ပဲဖြစ်ပါတယ်။ လျှောက်လွှာတင်သွင်းရမယ့်ရက်တော့ ၂၀၂၂ ခုနှစ်၊ မတ်လ (၂) ရက်ကနေ (၁၈) ရက်အတွင်းဖြစ်ပါတယ်။ Document တွေကို Scan ဖတ်ပြီး mail နဲ့ပို့ရမှာဖြစ်သလို original documents တွေကို တက္ကသိုလ်ကိုတိုက်ရိုက်ပို့ဖို့လည်းလိုပါတယ်။ (Address: HEAT Scholarship Program Manager, International Student Affairs Team, Ewha Womans University, ECC B329, 52 Ewhayeodae-gil, Seodaemun-gu, Seoul, 03760 Republic of Korea)

Advertisements
Academic Programs (Doctoral Only)

လျှောက်ထားသူတွေအနေနဲ့ KCUE Form တွေကို ဖြည့်ပေးရမှာဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီမတိုင်ခင် မာစတာဘွဲ့ရထားပြီးသူဖြစ်ဖို့ လိုပါတယ်။ ဘာသာစကားအနေနဲ့ TOPIK Level 4 နဲ့အထက်ပြီးဖို့လိုအပ်ပြီး English Proficiency Test အနေနဲ့ TOEFL (PBT 550, iBT 80) ၊ IELTS overall 6.0 နဲ့အထက်ရှိဖို့လိုပါတယ်။ လိုအပ်တဲ့ပညာရေးစာရွက်စာတမ်းအားလုံးကို transcript ပြန်ထားဖို့လည်း လိုအပ်ပါတယ်။ အသေးစိတ်ကို ယခုဆောင်းပါးရဲ့နောက်ဆုံးမှာ ဖော်ပြထားပါတယ်။

Advertisements

ပညာသင်ဆုနဲ့ပတ်သက်ပြီး အသေးစိတ်ကို Ewha Womans University တက္ကသိုလ်တာဝန်ရှိသူများထံမှာလည်း စုံစမ်းမေးမြန်းနိုင်ပါတယ်။
International Student Affairs Team, Ewha Womans University
+82-2-3277-6988
shee@ewha.ac.kr

Advertisements

Leave a comment