မြန်မာနိုင်ငံမှာဘွဲ့ရထားပြီးသားလည်းဖြစ်တယ်၊ လုပ်ငန်းအတွေ့အကြုံလည်း ထိုက်သင့်သလောက်ရှိထားပြီးသားလည်း ဖြစ်တယ်။ ပညာရေးကိုလည်း ဆက်လက်သင်ယူချင်တဲ့လူငယ်တွေအတွက် MBA Program တွေက ရွေးချယ်စရာဖြစ်လာပါတယ်။ ဒါကြောင့်ကုန်ကျစရိတ်များတဲ့ ဒီ MBA program တွေကို ပညာသင်ထောက်ပံ့ကြေးနဲ့ တက်နိုင်အောင် Scholarship Announcements ကနေ နိုင်ငံတကာတက္ကသိုလ်တွေကပေးနေတဲ့ MBA ပညာသင်ဆုတချို့ကို ရှာဖွေခဲ့ပါတယ်။
တက္ကသိုလ်အလိုက် ထောက်ပံ့ကြေး၊ ကျောင်းလျှောက်တဲ့လိုအပ်ချက်နဲ့ Study Program တွေမတူညီတာမို့ ဒီမှာတော့အကြမ်းမျဉ်းလောက်ပဲ ပြောပြပေးနိုင်မှာဖြစ်တဲ့အတွက် အသေးစိတ်ကို ပေးထားတဲ့ link တွေကတစ်ဆင့် ဆက်လက်ဖတ်ရှု့စေချင်ပါတယ်။
UNC Kenan-Flagler Business School Fellowship
အမေရိကန်ပြည်ထောင်စု University of North Carolina ရဲ့ Full-time MBA program အတွက်ထောက်ပံ့ပေးတဲ့ ဒီပညာသင်ဆုအစီအစဉ်က Tuition fee အတွက် Full scholarships အပြင် အခြားသော ပညာသင်ထောက်ပံ့ကြေးအစီအစဉ်တွေလည်း အများကြီးရှိပါတယ်။ အလုံးစုံပညာသင်ဆုအစီအစဉ်တော့မဟုတ်ပေမယ့် Tuition နဲ့ stipend တွေပါရတဲ့အတွက် ကုန်ကျစရိတ်ကပိုသက်သာသွားမှာပါ။ ဒီပညာသင်ဆုအတွက် သီးသန့်တင်ရတာမျိုးမဟုတ်ဘဲ ကျောင်းဝင်ခွင့်တင်ရင်းနဲ့တင်ပေးရတာမျိုးပါ။
Original Link: UNC Kenan-Flagler Fellowship
Chulalongkorn University Scholarships
ချုလာလောင်ကွန်းတက္ကသိုလ်ရဲ့နှစ်စဉ် ပညာသင်ဆုအစီအစဉ်တွေထဲက တက္ကသိုလ်ကထောက်ပံ့ပေးတဲ့ပညာသင်ဆုပါ။ MBA အတွက်တင်မကဘဲ တခြားဘာသာရပ်တွေအတွက်လည်း လျှောက်ထားလို့ရပါတယ်။ ပညာသင်ဆုလျှောက်ထားမယ့်သူက လိုအပ်တဲ့စာရွက်စာတမ်းအထောက်အထားတွေအားလုံးကို တက္ကသိုလ်ကိုတိုက်ရိုက် ပေးပို့ပြီးလျှောက်ထားရမှာ ဖြစ်ပါတယ်။ Deadline က (၃) ခုရှိပါတယ်။ March 31, 2022၊ May 20, 2022 နဲ့ June 15, 2022 တို့ပါ။ Master နဲ့ Ph.D သီးသန့်ပညာသင်ဆုဖြစ်ပါတယ်။
လျှောက်ထားသူတွေက အသက် (၃၅) နှစ်အောက်ဖြစ်ရပါမယ်။ TOEFL 500 ၊ IELTS 5.0 အနည်းဆုံးရှိထားရပါမယ်။ အသေးစိတ်ကို Link ထဲမှာဆက်လက်ဖတ်ရှု့နိုင်ပါတယ်။
Original Link: Chulalongkorn Scholarships (Fully funded)
Knight-Hennessy Scholars program, Stanford University

စတန်းဖို့ဒ် တက္ကသိုလ်ဝင်ခွင့်ပြည့်မီသူတိုင်းက ဒီပညာသင်ဆုကိုလျှောက်ထားလို့ရပါတယ်။ တခြားကန့်သတ်ချက်မရှိပါဘူး။ ဒါပေမဲ့ ထုံးစံအတိုင်း ကမ္ဘာ့အဆင့်တက္ကသိုလ်ကြီးဖြစ်တဲ့အတွက် ဝင်ခွင့်လိုအပ်ချက်တွေပိုများပါတယ်။ ပိုပြီးလည်း တင်းကျပ်ပါတယ်။ merit-based ပညာသင်ဆုဖြစ်တဲ့အတွက် ထူးချွန်ပညာအရည်အချင်းလက်မှတ် ရှိထားသူများအတွက် အခွင့်အရေးပိုများပါတယ်။
Original Link: Knight-Hennessy Scholars