အင်္ဂလိပ်ဘာသာစကားလေ့လာရင်းနဲ့ ဗဟုသုတတွေလည်းတိုးချင်တယ်ဆိုရင် SA ကလေ့လာစေချင်တဲ့ website တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ BBC Learning English က သင်ခန်းတွေပါ။ ဘာသာစကားအသစ်ကို self-learning နဲ့လေ့လာတဲ့အခါ တစ်ခါတလေပျင်းစရာကောင်းပြီး ကြိုးစားချင်စိတ်တောင် လျော့လာတတ်ပါတယ်။ အဲ့ဒီအချိန်မှာ ကိုယ်မသိသေးတဲ့ အထွေထွေဗဟုသုတအကြောင်းတွေကို နားထောင်ရင်း၊ ဖတ်ရင်းနဲ့လေ့လာရတာက ဘာသာစကားကိုလည်း ပိုပြီးစိတ်ဝင်စားမိစေသလို၊ လေ့လာတဲ့နေရာမှာလည်း အချိန်တိုအတွင်း ပိုတိုးတက်စေနိုင်ပါတယ်။
BBC Learning English ကို ဘယ်ကနေစပြီးလေ့လာရမယ်မှန်းမသိရင် English My Way(Basic) ကနေ စပြီးလေ့လာကြည့်ပါ။ Unit လေးခုပဲရှိလို့ မြန်ပါတယ်။ အဲ့ဒါပြီးရင်တော့ Lower-intermediate level ကို ဆက်လေ့လာလို့ရပါတယ်။ အခြေခံသိပြီးသားလို့ထင်ရင်လည်း Basic ကိုကျော်ပြီး Lower-intermediate က စလေ့လာကြည့်လို့ရပါတယ်။ သူက Upper-intermediate level အထိရှိပါတယ်။ Intermediate level အားလုံးက unit (၃၀) စီရှိကြပါတယ်။ Unit တစ်ခုစီမှာလည်း စိတ်ဝင်စားစရာအကြောင်းအရာလေးတွေ ပြောပြီးရှင်းပြပေးတာမို့ မပျင်းရပါဘူး။

အကယ်၍ သင်ခန်းစာတစ်ခုစီကြားမှာ နည်းနည်းပျင်းလာရင် quiz အစီအစဉ်တွေလည်းရှိပါတယ်။ ဝင်ဖြေကြည့်လို့ရပါတယ်။ BBC Learning English မှာသင်ယူလို့ရတဲ့ အင်္ဂလိပ်သင်တန်းတွေကို Link နဲ့တကွလည်း အောက်မှာဖော်ပြပေးလိုက်ပါတယ်။
Basic >>> https://www.bbc.co.uk/learningenglish/english/course/emw
Lower-intermediate >> https://www.bbc.co.uk/learningenglish/english/course/lower-intermediate/unit-30
Intermediate >> https://www.bbc.co.uk/learningenglish/english/course/intermediate
Upper-intermediate >> https://www.bbc.co.uk/learningenglish/english/course/upper-intermediate