◾ Duolingo English test desktop app ကို ကြိုတင် download လုပ်ထားပါ။ Test ကို app ကနေပဲ ဖြေဆိုရမှာပါ။

◾ တိတ်ဆိတ်ပြီး သက်တောင့်သက်သာဖြစ်တဲ့ နေရာမျိုးကို ကြိုရှာထားပါ။ Test ဖြေဆိုတဲ့အချိန် ဘေးနားမှာဘယ်သူမှမရှိရမှဖြစ်သလို ဆူညံသံတွေနဲ့ဝေးရာမှာဖြစ်ရပါမယ်။ (နားကြပ်မသုံးရတဲ့အတွက် ဘေးပတ်ဝန်းကျင်ဆူညံသံတွေနဲ့ဆို speaking test ဖြေဆိုရာမှာ အဆင်မပြေဖြစ်နိုင်ပါတယ်)

Advertisements

◾ ကင်မရာကို Test ဖြေတဲ့တစ်လျှောက်လုံးဖွင့်ထားရပါမယ်။

◾ ဖြေဆိုသူရဲ့ identity ကိုပြဖို့ ID ကဒ်ကြိုတင်ယူထားပါ။

◾ စားပွဲပေါ်မှာ စာရွက်၊ ဘောပင် မထားရပါ။ Test ဖြေတဲ့ကွန်ပျူတာမှာ chrome နဲ့တခြား program တွေ ဘာမှဖွင့်ထားလို့မရပါဘူး။

◾ မေးခွန်းတွေကို သဘာဝကျကျဖြေဆိုပါ။ ကိုယ်ကြိုတင် practice လုပ်ထားတဲ့မေးခွန်းနဲ့ ဆင်တူတာမျိုးပါလို့ စာကျက်ဖြေသလိုဖြေတာမျိုး မဖြေမိဖို့အရေးကြီးပါတယ်။

◾ အင်တာနက်ကောင်းတဲ့နေရာမျိုးကို ကြိုရှာထားပါ။ ဖြေဆိုနေချိန် လိုင်းမပြတ်တောက်မိဖို့ သတိထားပါ။

Advertisements

ဖြေဆိုသူတိုင်းအတွက် Dos and Don’ts အသေးစိတ်နဲ့ Duolingo English Test ရဲ့ question types တွေအကြောင်းကို Official guide pdf ထဲမှာသေချာပြောပြထားပါတယ်။ ဖြေဆိုမယ့်သူတိုင်း ဒီ guide book ကို ကြိုတင်ဖတ်ထားစေချင်ပါတယ်။

Advertisements

Leave a comment