ဗြိတိန်အစိုးရက လာမယ့်နှစ်အတွက် Chevening Scholarship လျှောက်လွှာတွေကို သြဂုတ်လ (၂) ရက်နေ့မှာ စတင်လက်ခံပါတော့မယ်။ အစိုးရပညာသင်ဆုဖြစ်တဲ့အတွက် ပညာသင်ဆုရရှိတဲ့သူတွေက လေယာဉ်စရိတ်၊ ကျောင်းစရိတ်၊ အာမခံကြေး၊ နေထိုင်စရိတ်အားလုံး အကျိုးခံစားခွင့်ရှိမှာပါ။

ဒီပညာသင်ဆုက လူငယ်၊ လူလတ်ပိုင်းထဲက သက်ဆိုင်ရာနယ်ပယ်မှာကျွမ်းကျင်ဦးဆောင်နေတဲ့ လူငယ်ခေါင်းဆောင်တွေအတွက် ထောက်ပံ့တဲ့အစီအစဉ်ဖြစ်ပါတယ်။ လုပ်ငန်းအတွေ့အကြုံ၊ လူမှုအကျိုးပြုလုပ်ငန်းတွေမှာ ဦးဆောင်နိုင်မှုစွမ်းရည်မြင့်မားမှသာ အဆင်ပြေနိုင်မယ့် ပညာသင်ဆုတစ်ခုဖြစ်ပါတယ်။ Chevening scholarship က Postgraduate program(Master Program) အတွက် လက်ခံပေးတဲ့ အစီအစဉ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံကလည်း နှစ်စဉ်ပညာသင်ဆုရရှိတဲ့သူတွေ ရှိပါတယ်။

Advertisements

၂၀၂၂-၂၀၂၃ အတွက်ကတော့ လျှောက်လွှာပိတ်သွားပါပြီ။ ၂၀၂၃-၂၀၂၄ အတွက်ကိုတော့ ဒီလာမယ့် သြဂုတ်လ (၂) ရက်ကနေ နိုဝင်ဘာလ (၁) ရက်နေ့အထိ လက်ခံသွားမှာပါ။
အသေးစိတ်ကို သက်ဆိုင်ရာဝက်ဆိုက်ကနေ ဆက်လက်ဖတ်ရှု့နိုင်ပါပြီ။

Website: Chevening Fellowship

Advertisements

Leave a comment