Learning English Online

အွန်လိုင်းပေါ်မှာ အင်္ဂလိပ်စာလေ့လာလို့ရတဲ့ Website ထောင်ချီရှိပေမယ့် အခမဲ့လေ့လာလို့ရတဲ့ ၊ သင်ခန်းစာစုံလင်တဲ့ Website တွေကိုတော့ ရွေးရခက်ပါတယ်။ ဒါကြောင့်မို့ တစ်နေရာတည်းမှာ သင်ခန်းစာစုံလင်ပြီး နိုင်ငံတကာကလေ့လာသူတွေကြားမှာလည်းနာမည်ကြီးတဲ့ Website တချို့ကို ပြန်လည်ရွေးချယ်ဖော်ပြလိုက်ပါတယ်။ http://www.bbc.co.uk/worldservice/learningenglish http://www.elt.oup.com/learningresources http://www.duolingo.com http://www.cambridgeenglish.org http://www.livemocha.co http://www.britishcouncil.org.mm/english Scholarship Announcements

ဂျပန်နိုင်ငံရဲ့အကောင်းဆုံးတက္ကသိုလ် (၁၀) ခု

ဂျပန်နိုင်ငံမှာ ကျောင်းဆက်လက်တက်ဖို့စီစဉ်နေတဲ့သူတိုင်း သိထားသင့်တဲ့ ၂၀၁၉ ခုနှစ်ရဲ့ QS Ranking အမြင့်ဆုံးတက္ကသိုလ် (၁၀) ခုကို ဖော်ပြပေးလိုက်ပါတယ်။ အဆင့် (၁၀) Keio University 1858 ခုနှစ်တည်းကတည်ထောင်ထားတဲ့ ဂျပန်နိုင်ငံရဲ့ပထမဆုံးပုဂ္ဂလိကတက္ကသိုလ်ဖြစ်တဲ့ Keio University က အကောင်းဆုံးတက္ကသိုလ်ထဲမှာ အဆင့် (၁၀) ရထားပြီး ကမ္ဘာ့အဆင့်တက္ကသိုလ်ထဲမှာတော့ အဆင့် ၁၉၈ နေရာမှာရှိပါတယ်။ အဆင့် (၉) Waseda Univesity တိုကျိုမြို့က Waseda University ကတော့ နာမည်ကျော် Alumni တွေမွေးထုတ်တဲ့တက္ကသိုလ်တစ်ခုလို့ သိကြပါတယ်။ နိုင်ငံတကာကျောင်းသားအများဆုံး တက္ကသိုလ်ထဲမှာပါပြီး ကမ္ဘာ့အဆင့်အနေနဲ့ဆိုရင်တော့ Ranking 208 မှာရှိပါတယ်။ အဆင့် (၈) Kyushu University ဂျပန်နိုင်ငံရဲ့ စတုတ္ထမြောက်သက်တမ်းအရင့်ဆုံးတက္ကသိုလ်ဖြစ်တဲ့ Kyushu University … Continue reading ဂျပန်နိုင်ငံရဲ့အကောင်းဆုံးတက္ကသိုလ် (၁၀) ခု

ကမ္ဘာပေါ်က စိတ်ပညာဆိုင်ရာ ထိပ်တန်းတက္ကသိုလ်ကြီးများ

စိတ်ပညာလို့ပြောလိုက်ရင် သင်ဖို့လိုအပ်လို့လား၊ ဘာများ အသုံးဝင်နိုင်မှာမို့လဲ မေးချင်ကြမှာပါ။ အထူးသဖြင့် မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူတွေက စိတ်ပညာကို ကိုယ်တိုင်ကိုယ်ကျ စိတ်ဝင်တစားနဲ့ရွေးချယ်တက်ရောက်တဲ့သူက အနည်းစုသာရှိပါတယ်။ လူသားတွေရဲ့ပြောင်းလဲလာတဲ့နေထိုင်မှုပုံစံ ၊ တန်ဖိုးထားမှုတွေ ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေကို လေ့လာဖို့ စိတ်ပညာက နိုင်ငံတစ်နိုင်ငံမှာ မရှိမဖြစ်လိုအပ်တဲ့ ဘာသာရပ်တစ်ခုဖြစ်ပါတယ်။ ပညာရှင်တွေကတော့ စိတ်ပညာဆိုတာ စိတ်ပိုင်းဆိုင်ရာနဲ့ အပြုအမှု (Behavior) ကိုလေ့လာခြင်းလို့ အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။ အခုနောက်ပိုင်းမှာဆို ဖွံ့ဖြိုးရေးစိတ်ပညာ (Developmental Psychology) ၊ Social Psychology နဲ့ Cultural Psychology ဘာသာရပ်တွေကို ပိုမိုစိတ်ဝင်တစားရှိလာတာတွေ့ရပါတယ်။ ဒါကြောင့် စိတ်ပညာကိုစိတ်ဝင်စားတဲ့ မြန်မာနိုင်ငံက ကျောင်းသား၊ ကျောင်းသူတွေအတွက် Psychology နဲ့ပက်သက်ပြီး သင်ကြားရေးအကောင်းဆုံး ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် (၁၀) ခုကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ … Continue reading ကမ္ဘာပေါ်က စိတ်ပညာဆိုင်ရာ ထိပ်တန်းတက္ကသိုလ်ကြီးများ