နယ်သာလန်အစိုးရရဲ့ Orange Knowledge Programme ပညာသင်ဆုများ

ပညာသင်ဆုအကြောင်းတွေ သိပ်မတင်ဖြစ်တော့ပေမယ့် Short courses တက်လို့ရတဲ့ institution တွေရွေးချယ်စရာအများကြီးရှိတဲ့နိုင်ငံမို့ ဒီပညာသင်ဆုအကြောင်းတော့ အနည်းငယ်ပြောပြပေးချင်ပါတယ်။ ဒါကြောင့် ဒီနေ့တော့ နယ်သာလန်နိုင်ငံက တက္ကသိုလ်တွေ၊ သင်တန်းကျောင်းတွေမှာ Short courses နဲ့ မာစတာတန်း ဆက်လက်တက်ရောက်ဖို့ စီစဉ်ထားတဲ့ မြန်မာနိုင်ငံအပါအဝင်ဖွံ့ဖြိုးဆဲနိုင်ငံက လူငယ်တွေအတွက် ပညာသင်ထောက်ပံ့ကြေးပံ့ပိုးပေးနေတဲ့ Orange Knowledge Programme (OKP) အစီအစဉ်အကြောင်းလေး နည်းနည်း Sharing လုပ်ပါမယ်နော်။ ဒီပညာသင်ဆုအစီအစဉ်ကနေ ထောက်ပံ့ပေးနေတဲ့ ပညာသင်ဆုအမျိုးအစား (၂) ခုရှိပါတယ်။ Short courses (နှစ်ပတ်ကနေ ၁၂ လအတွင်း)ကိုထောက်ပံ့ပေးတဲ့ ပညာသင်ဆုတွေနဲ့ နယ်သာလန်နိုင်ငံမှာ သဘာဝပတ်ဝန်းကျင်၊ ဖွံ့ဖြိုးရေး၊ စီးပွားရေးစတဲ့ဘာသာရပ်တွေနဲ့ပတ်သက်ပြီး မာစတာဘွဲ့ (တစ်နှစ်မှ နှစ်နှစ်အတွင်းကြာ) တက်ရောက်ဖို့ စီစဉ်ထားသူတွေအတွက် ထောက်ပံ့ပေးတဲ့ ပညာသင်ဆုတွေဆိုပြီး အမျိုးအစားနှစ်ခုရှိပါတယ်။ နယ်သာလန်အစိုးရရဲ့ပညာသင်ဆုအများစုက … Continue reading နယ်သာလန်အစိုးရရဲ့ Orange Knowledge Programme ပညာသင်ဆုများ

IELTS Free Practice Test

Reading Passage 1 You should spend about 20 minutes on Question 1 to 13, which are based on Reading Passage 1. The Feminist Missionary Madhu Kishwar Western feminism, exported to India and many other third-world countries in recent decades, has brought with it serious problems. It’s not that we don’t know what to do with … Continue reading IELTS Free Practice Test

ကလေးငယ်များအတွက် Cambridge English ရဲ့အွန်လိုင်းသင်တန်းများ

Cambridge English သင်ခန်းစာတွေက အသက် (၃) နှစ်~(၅) နှစ်အထက် ကလေးတွေအတွက် ကျွမ်းကျင်မှု Level အလိုက်သင်လို့ရတဲ့ အင်္ဂလိပ်စာသင်တန်းတွေဖြစ်တဲ့အတွက် ဆရာ ဆရာမတွေ၊ မိဘတွေ၊ အုပ်ထိန်းသူတွေက ဘေးကနေကူညီပေးရုံပါပဲ။ မြန်မာနိုင်ငံလိုအခြေအနေမျိုးမှာ အပြင်ကျောင်းမှာ အင်္ဂလိပ်ဘာသာစကားသင်တန်းတက်ဖို့ဆိုတာ မြို့ကြီးတွေကသူတွေအတွက် အဆင်ပြေပေမယ့် သင်တန်းရွေးချယ်စရာ ရှားပါးတဲ့နေရာက ကလေးတွေအတွက် သူတို့အသက်အရွယ်နဲ့လိုက်ဖက်တဲ့ အင်္ဂလိပ်ဘာသာစကားကို သင်ဖို့ဆိုရင်တော့ Cambridge English က အသင့်တော်ဆုံးပါပဲ။ အခမဲ့သင်တန်းဖြစ်တဲ့အတွက် အင်တာနက်ရတဲ့ဘယ်နေရာကမဆို သင်ယူလို့ရပါတယ်။ သင်ခန်းစာ၊ Level တစ်ခုစီပြီးတိုင်း Sample Test လေးတွေလည်း ဖြေကြည့်လို့ရပါတယ်။ တကယ့် Exam ကတော့ စာမေးပွဲကြေးသွင်းပြီးတော့ ဖြေလို့ရပါတယ်။ အွန်လိုင်းကသင်တန်းတွေရဲ့ အကျိုးကျေးဇူးက ကုန်ကျစရိတ်သက်သာပြီး အလွယ်တကူသင်ယူလို့ရတဲ့အချက်ပါ။ အားနည်းချက်ကတော့ သင်ယူသူရဲ့စိတ်ပါဝင်စားမှုပေါ်မူတည်ပြီး တိုးတက်မှုကွာခြားသွားတာပါပဲ။ ကလေးတွေအတွက်ဆိုရင်တော့ … Continue reading ကလေးငယ်များအတွက် Cambridge English ရဲ့အွန်လိုင်းသင်တန်းများ

Book of the Week_အင်္ဂလိပ်ဂန္တဝင်စာအုပ်ကြီးများရဲ့ ebook များစုစည်းမှု

ဒီတစ်ပတ်အတွက်တော့ မြန်မာနိုင်ငံကလူငယ်တွေ ကြားဖူးပြီးသား စာအုပ်တွေဖြစ်တဲ့ English Literature စာအုပ်တွေထဲက ဂန္တဝင်စာအုပ် (၄) အုပ်ရဲ့ ebook တွေကို Share ပေးဖို့ လုပ်ထားပါတယ်။ ebook စာအုပ်တွေကို နိုင်ငံတကာ Open Library တွေကနေ Download လုပ်ထားတာမို့ အင်္ဂလိပ်ဘာသာနဲ့ စာအုပ်ကောင်းကောင်းဖြစ်ချင်တဲ့သူတွေအတွက် အဆင်ပြေမယ်လို့ ထင်ပါတယ်။ ကိုယ့်ရပ်ရွာစာကြည့်တိုက်၊ ကျောင်းစာကြည့်တိုက်တွေအတွက် ဂန္တဝင်စာအုပ်များကို သိမ်းဆည်းထားချင်တဲ့သူများကို ရည်ရွယ်ပြီး Book of the Week ကနေ ဖော်ပြလိုက်ပါတယ်။ ebooks_pdf version (Google drive links) Charles Dickens_Great ExpectationsEmily Bronte_Wuthering HeightsLouisa M.Alcott_Little WomenCarl W. Hoffman_Saipan: The Begining of … Continue reading Book of the Week_အင်္ဂလိပ်ဂန္တဝင်စာအုပ်ကြီးများရဲ့ ebook များစုစည်းမှု

Support SA! Please subscribe here.

Scholarship Announcements ရဲ့ ပညာရေးဆောင်းပါးများ၊ သတင်းများ၊ အွန်လိုင်းသင်တန်းကြေညာချက်များအကြောင်း အချိန်နဲ့တပြေးညီသိရအောင် Subscribe လုပ်ထားဖို့ မမေ့နဲ့နော်။

ဖေဖော်ဝါရီမှာ လျှောက်လွှာပြန်ဖွင့်မယ့် သြစတြေးလျအစိုးရပညာသင်ဆု

မြန်မာနိုင်ငံအပါအဝင် အင်ဒိုပစိဖိတ်နိုင်ငံတော်တော်များများကနေ လျှောက်ထားနိုင်တဲ့ သြစတြေးလျ အစိုးရပညာသင်ဆု အစီအစဉ်က မကြာခင်မှာပဲ ၂၀၂၃ ခုနှစ်အတွက် လျှောက်လွှာတွေ စတင်လက်ခံပေးပါတော့မယ်။ ခါတိုင်းနှစ်တွေအတိုင်းဆိုရင်တော့ ဖေဖော်ဝါရီလ (၁) ရက်နေ့ကနေ မေလ (၃၁)ရက်နေ့အထိ လျှောက်လွှာများကို လက်ခံပေးမှာပါ။ Australia Awards Scholarships အတွက် ဘယ်သူတွေလျှောက်ထားနိုင်လဲဆိုရင် ဘွဲ့ကြိုနဲ့ ဘွဲ့လွန်သင်တန်း နှစ်မျိုးအတွက်လျှောက်ထားနိုင်ပါတယ်။ လျှောက်ထားသူတွေထဲက ပညာသင်ဆုရခဲ့ရင် သြစတြေးလျအစိုးနဲ့ စာချုပ်ချုပ်ဆိုဖို့လိုပါတယ်။ ဒီစာချုပ်ထဲမှာ ပညာသင်ဆုပြီးတဲ့အချိန် အနည်းဆုံး နှစ်နှစ်အတွင်း နိုင်ငံကပြန်ထွက်ခွာရမယ့်အချက်နဲ့ ပညာသင်ဆုရတဲ့ကာလအတွင်းမှာ စာမေးပွဲကျရှုံးခဲ့ရင် ပညာသင်ဆုရထားတဲ့ပမာဏကို လျော်ကြေးပြန်ပေးရမယ်ဆိုတဲ့အချက်လည်း ပါပါလိမ့်မယ်။ Australia Awards Scholarships ပညာသင်ဆု ပညာသင်ဖို့လိုအပ်တဲ့အလုံးစုံနီးပါးကို သြစတြေးလျအစိုးရက ကုန်ကျခံပေးမှာဖြစ်လို့ ကျောင်းလခ၊ လေယာဉ်အသွားအပြန်စရိတ်၊ ကျောင်းသုံးကုန်ကျစရိတ်၊ နေထိုင်စရိတ်၊ IAP ကုန်ကျစရိတ်၊ ကျန်းမာရေးစရိတ်၊ … Continue reading ဖေဖော်ဝါရီမှာ လျှောက်လွှာပြန်ဖွင့်မယ့် သြစတြေးလျအစိုးရပညာသင်ဆု

ကျွန်တော်ကျောင်းဆရာ_အောင်သင်း

(ဆရာအောင်သင်း၏ “ကျွန်တော်ကျောင်းဆရာ” စာအုပ်မှ ဆောင်းပါးတစ်ပုဒ်ကို ဖော်ပြခြင်းဖြစ်ပါသည်။ “ကျွန်တော်ကျောင်းဆရာ” စာအုပ်ကို ဇွန်ပွင့်စာအုပ်တိုက်မှ ၂၀၀၇ ခုနှစ်၊ သြဂုတ်လတွင် ပထမအကြိမ်ထုတ်ဝေသည်။) နွေနေကလည်း ပူလွန်းတာကြောင့် ကိုယ်လက်မအီမသာရှိနေတာနဲ့ အရင်တစ်ပတ်က “ကျွန်တော်ကျောင်းဆရာ” ကို မရေးနိုင်ခဲ့ဘူး။ အသင့်ရေးပြီးရှိနေတဲ့ ဆောင်းပါးတစ်စောင်ကို ထိုးပေးလိုက်ရပါတယ်။ ခုမှဆက်ရပါတယ်။ ကလေးတွေကို စကားဆိုလိုက်ပါရစေဦး။               “မင်းတို့တစ်တွေ ငါရေးခဲ့တဲ့ ရှေ့ပိုင်းဆောင်းပါးတွေကို ပြန်ပြီးဖတ်ကြည့်ကြစေချင်တယ်။ ကိုယ်ပိုင်ဉာဏ်သုံးတတ်ကြစေချင်လို့ပါ။ ကဲကွာ-ဖြတ်ပြီး မေးလိုက်ရဦးမယ်။ မင်းတို့ အလီပေါင်းတွေကို ကျက်ခဲ့ရဖူးသလား”               “ကျက်ခဲ့ရဖူးပါတယ်”               “ကိုင်း-ဒါဖြင့် ပြောကြစမ်းကွာ၊ အလီပေါင်းဆိုတာ ဘာလဲ”               ဒီနေရာမှာတော့ဖြင့် သူတို့အားလုံး ခဏငိုင်သွားကြပါတော့သည်။ ဒါလည်း အထူးအဆန်းတော့ မဟုတ်ပါ။ အစဉ်းစားခိုင်းလိုက်လျှင် ကျောင်းသားအားလုံး ငိုင်သွားတတ်လေ့ရှိပါသည်။ ထို့ကြောင့် ကျွန်တော်က- … Continue reading ကျွန်တော်ကျောင်းဆရာ_အောင်သင်း

ကမ္ဘာ့ထိပ်တန်း ဟားဗက်တက္ကသိုလ်ရဲ့အခမဲ့သင်တန်းများ

ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခုဖြစ်တဲ့ ဟားဗက်တက္ကသိုလ်က ပါမောက္ခတွေရဲ့ Lectures တွေကို အခမဲ့တက်ရောက်နားထောင်ခွင့်ရမယ့် သင်တန်းတွေရှိတာ သင်သိပါသလား? ဘာသာရပ်မျိုးစုံနဲ့ သင်တန်းအမျိုးပေါင်းများစွာထဲက ကိုယ့်စိတ်ကြိုက်ဘာသာရပ်ကို ရွေးချယ်တက်ရောက်လို့ရတယ်ဆိုတာရော သိပါသလား? ဟားဗက်တက္ကသိုလ်နဲ့ edX တို့ပူးပေါင်းပြီး နိုင်ငံတကာက လူငယ်များ၊ ကျောင်းသား ကျောင်းသူများအတွက် သမိုင်း၊ သင်္ချာ၊ သိပ္ပံ၊ နိုင်ငံရေးသိပ္ပံ၊ ကွန်ပျူတာ၊ အနုပညာ စတဲ့ဘာသာရပ်တွေနဲ့ပတ်သက်ပြီး Free courses တွေကို ဖွင့်လှစ်ပေးနေတာ ကြာပါပြီ။ edX မှာ register လုပ်ပြီး Account ဖွင့်ထားရုံနဲ့ ဟားဗက်တက္ကသိုလ်အပါအဝင် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်ကြီးများစွာရဲ့ အခမဲ့အွန်လိုင်းသင်တန်းတွေကို အိမ်မှာနေရင်း လေ့လာနိုင်ပါတယ်။ ပညာအရည်အချင်း၊ ကျား မခွဲခြားမှုမရှိဘဲ လူတိုင်းအခမဲ့နားထောင်ခွင့်၊ လေ့လာသင်ကြားခွင့်ရတဲ့ သင်တန်းများဖြစ်တဲ့အတွက် ကိုယ့်အတွက်အသုံးဝင်မယ့်ဘာသာရပ်မျိုး၊ ကိုယ်စိတ်ဝင်စားနေတဲ့ ဘာသာရပ်မျိုးတွေ့ရင် Enroll လုပ်ပြီး … Continue reading ကမ္ဘာ့ထိပ်တန်း ဟားဗက်တက္ကသိုလ်ရဲ့အခမဲ့သင်တန်းများ