Studying in the Middle East is an exciting opportunity that can open new doors and unlock your potential. From its rich culture to its world-renowned universities, the Middle East is a great place to expand your knowledge and further your education. With the right research and preparation, you can find the perfect scholarship to help … Continue reading Unlock Your Potential: Exploring Middle East Education Scholarships
The next level – Singapore Universities
You can’t deny ASEAN education is growing moderately with their best technology, innovation and research - two Singapore universities are the top-tier ranking among the Asia University Rankings for a decade. After researching the performance indicators for Asian universities, two China State universities-Tsinghua University and Peking University and two Singapore universities-NUS and Nanyang Technological University … Continue reading The next level – Singapore Universities
အမျိုးသမီး၊ စစ်ပွဲနှင့် ငြိမ်းချမ်းရေးအိမ်မက်
Zainab Salbi က အီရတ်မှာမွေးပြီး အီရတ်စစ်ပွဲထဲမှာ ကြီးပြင်းခဲ့တဲ့သူပါ။ မွေးရပ်မြေက ထွက်လာပြီးတော့ Women for Women International ကိုတည်ထောင်ပြီး စစ်ပွဲကြောင့် တစာခံဖြစ်ခဲ့ရတဲ့အမျိုးသမီးတွေကို ကူညီစောင့်ရှောက်ပေးပြီး ငြိမ်းချမ်းရေးအတွက် အမျိုးသမီးတွေရဲ့အသံကို ကမ္ဘာကို မျှဝေပေးနေတဲ့ Activist တစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ဘဝတစ်စိတ်တစ်ပိုင်းနဲ့ စစ်နဲ့ငြိမ်းချမ်းရေးအကြောင်းကို TED Talk မှာ ၂၀၁၀ ခုနှစ်တုန်းက ၁၅ မိနစ်ဝန်းကျင်စာ ပြောကြားသွားပါတယ်။ အခုရေးသားထားတဲ့စာကတော့ အဆိုပါဗီဒီယိုဖိုင်ကို ဘာသာပြန်ဆိုထားတဲ့ ဆောင်းပါးပဲဖြစ်ပါတယ်။ Translate by Scholarship Announcementsညလယ်ခေါင်ကြီး ကျယ်လောင်လွန်းတဲ့ပေါက်ကွဲသံကြောင့် ကျွန်မနိုးလာခဲ့တယ်။ ညဉ့်ကလည်း တော်တော်နက်နေပြီ။ ဘယ်အချိန်လဲတောင် ကျွန်မ မမှတ်မိတော့ဘူး။ ကျွန်မမှတ်မိတာက အသံတော်တော်ကျယ်ပြီးတော့ တော်တော်လေးလန့်စရာကောင်းတာပဲ။ အခန်းထဲက ပစ္စည်းတွေလည်း ယိမ်းထိုးနေတယ်။ ကျွန်မနှလုံးခုန်သံရော၊ … Continue reading အမျိုးသမီး၊ စစ်ပွဲနှင့် ငြိမ်းချမ်းရေးအိမ်မက်
ဥရောပနိုင်ငံများရဲ့ တက္ကသိုလ်ကျောင်းလခများ
မြန်မာနိုင်ငံကလူငယ်အများစုကြားမှာ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ ထိုင်း၊ သြစတြေးလျ ၊ ယူအက်စ် ၊ ယူကေ စတဲ့နိုင်ငံတွေကို အဆင့်မြင့်ပညာရေးအတွက် ရွေးချယ်ကြတာတွေ့ရပြီး ဥရောပဘက်ကိုတော့ ရွေးချယ်တဲ့သူ သိသိသာသာနည်းတာတွေ့ရပါတယ်။ အဓိကက ပညာရေးဝန်ဆောင်မှုတွေအများစုကြောင့်ပါသလို ဥရောပနိုင်ငံတချို့မှာသင်ကြားမယ်ဆိုရင် ဘာသာစကား၊ ကုန်ကျစရိတ်စတာတွေကို စိတ်ပူတာလည်း ပါမယ်လို့ ထင်ပါတယ်။ တကယ်တမ်း ကုန်ကျစရိတ်နဲ့ယှဉ်ရင် ဥရောပနိုင်ငံတွေမှာ ကျောင်းစရိတ်က အခြားနိုင်ငံကြီးတွေနဲ့စာရင် သိသိသာသာနည်းသလို ထူးချွန်မှုနဲ့ နိုင်ငံအလိုက်လည်း ပညာသင်ထောက်ပံ့ကြေးတွေ ပိုရနိုင်ချေရှိပါတယ်။ တကယ်လို့ ဂျာမနီ၊ ပိုလန် တို့လိုဘာသာစကားတွေ ကျွမ်းကျင်ရင် ပိုလို့တောင်အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်။ ချဲ့ရင်ချဲ့သလောက် ပြောစရာတွေအများကြီးဆိုတော့ အခုတစ်ပတ်အတွက်ပြောမယ့် အကြောင်းအရာလေးကိုပဲ ဆက်သွားရအောင်။ ဒီတစ်ခေါက် ကျွန်မပြောပြပေးမယ့် ဥရောပ ပညာရေးအကြောင်းကတော့ ကျောင်းလခအပိုင်းပဲဖြစ်ပါတယ်။ ကျောင်းလခအပိုင်းပဲဖြစ်တဲ့အတွက် နေစရိတ်၊ အာမခံ၊ … Continue reading ဥရောပနိုင်ငံများရဲ့ တက္ကသိုလ်ကျောင်းလခများ
The difference between GED and IGCSE
နိုင်ငံရပ်ခြားမှာ ကျောင်းတက်ဖို့စီစဉ်နေကြတဲ့လူငယ်တွေကြားမှာ အပြောများနေကြတဲ့ GED နဲ့ IGCSE စာမေးပွဲ ဘာတွေကွာခြားလဲ၊ ကိုယ်လျှောက်ချင်တဲ့ နိုင်ငံခြားတက္ကသိုလ်တွေက ဘယ်လက်မှတ်ကို လက်ခံတတ်ကြလဲဆိုတာ ဒီတစ်ပတ်အတွက်ပြောပြပေးဖို့ ရွေးချယ်ထားပါတယ်။ ၂၀၂၁ နောက်ပိုင်း ကျွန်မတို့နိုင်ငံကလူငယ်တွေ တော်တော်များများအနေနဲ့ ပညာတစ်ပိုင်းတစ်စဖြစ်နေတာတွေ ၊ လက်ရှိအဆင့်မြင့်ပညာရေးအပေါ်မှာ မယုံကြည်မှုတွေ၊ ပြည်တွင်းမှာအလုပ်အကိုင်ရှားပါးမှုတွေက နိုင်ငံရပ်ခြားပညာသင်ကြားတဲ့ဘက်ကို ပိုတွန်းပို့နေတဲ့အဓိကအချက်တွေဖြစ်နေတယ်လို့ ထင်ပါတယ်။ ဒါကြောင့် နိုင်ငံတကာပညာရေးဘက်ဆက်သွယ်မယ့်သူတိုင်း သိထားသင့်တဲ့ ဒီစာမေးပွဲနှစ်ခုအကြောင်းကို ခြုံငုံဖော်ပြလိုက်ပါတယ်။ GED ဆိုတာ ဘာလဲ? GED ဆိုတာ လွယ်လွယ်ပြောရရင် အမေရိကန်အထက်တန်းပြီးဆုံးကျောင်းလက်မှတ်နဲ့ညီတဲ့ အသိအမှတ်ပြုလက်မှတ်ပါ။ အမေရိကန်ပြည်ထောင်စုမှာ ကောလိပ်တက်မယ့်သူတွေ ဒါမှမဟုတ် GED လက်မှတ်ကို လက်ခံတဲ့ တခြားသောနိုင်ငံတကာတက္ကသိုလ်နဲ့ ကောလိပ်တွေမှာ ဝင်ခွင့်လျှောက်မယ့်သူတွေနဲ့ ဆိုင်တဲ့ အောင်လက်မှတ်ပါ။ IGCSE ဆိုတာကရော ဘာလဲ? GCSE ဆိုတာ … Continue reading The difference between GED and IGCSE
Useful tips for good writing
လူတိုင်းစာရေးဖူးကြတာပဲ။ ဒါပေမဲ့ ကိုယ်ရေးတဲ့စာတွေက ဘာကြောင့်လူစိတ်ဝင်စားမှုနည်းနေတာလဲ…။ ဒါမျိုး လူတိုင်းကြုံဖူးကြမှာပါ။ ကိုယ့်ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ ကိုယ်တင်တဲ့အကြောင်းအရာတွေက လူစိတ်ဝင်စားမှုနည်းတာ၊ ကိုယ်ရေးတဲ့ပညာသင်ဆုအက်ဆေးက အားနည်းချက်တွေများနေတာ၊ ဘာစာပဲရေးရေး အချိတ်အဆက်မမိဘဲ ဟာကွက်တွေ ဟိုတစ်ကွက်၊ ဒီတစ်ကွက်ရှိနေတာ ဒီအချက်တွေက ကိုယ့်မှာ စာအရေးအသားပိုင်း အားနည်းနေရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ အချက်တွေပါ။ အရေးအသားနဲ့ပတ်သက်ရင် ကျွန်မကိုယ်တိုင်ကလည်း ပညာရှင်တစ်ယောက်မဟုတ်တဲ့အတွက် လူတစ်ယောက်ချင်းစီမှာရှိနေတဲ့ အားနည်းချက်တွေကို အသေးစိတ်ကျကျ ချက်ကျလက်ကျနဲ့ လိုက်မပြင်ပေးနိုင်ပေမယ့် အခြေခံစာရေးသားနည်းနဲ့ပတ်သက်ပြီးတော့ အသုံးဝင်မယ့် အချက်အလက်တွေကိုတော့ အနည်းအကျဉ်းပြောပြပေးနိုင်ပါတယ်။ ကျွန်မအတွေ့အကြုံအရ စာကောင်းကောင်းတစ်ခုရေးနိုင်ဖို့ဆိုရင် ပထမဆုံးအချက်က စာကောင်းကောင်းဖတ်နိုင်တဲ့လူဖြစ်ဖို့ လိုအပ်ပါတယ်။ နောက်ပြီးနည်းစနစ်ပိုင်းအရပြောရရင် စာထဲမှာထည့်ထားတဲ့ အကြောင်းအရာဖော်ပြပုံ၊ ရေးသားပုံနည်းစနစ် ၊ အသုံးပြုတဲ့စာလုံးတွေ ၊ လေသံတွေ၊ အချိတ်အဆက်တွေ ၊ သုံးသပ်ချက်တွေ ၊ ဖော်ပြချက်တွေ ၊ writing pattern … Continue reading Useful tips for good writing
Chevening Scholarship လျှောက်လွှာတွေ လာမယ့်သြဂုတ် (၂) ရက်နေ့မှာ ပြန်လက်ခံပြီ
ဗြိတိန်အစိုးရက လာမယ့်နှစ်အတွက် Chevening Scholarship လျှောက်လွှာတွေကို သြဂုတ်လ (၂) ရက်နေ့မှာ စတင်လက်ခံပါတော့မယ်။ အစိုးရပညာသင်ဆုဖြစ်တဲ့အတွက် ပညာသင်ဆုရရှိတဲ့သူတွေက လေယာဉ်စရိတ်၊ ကျောင်းစရိတ်၊ အာမခံကြေး၊ နေထိုင်စရိတ်အားလုံး အကျိုးခံစားခွင့်ရှိမှာပါ။ ဒီပညာသင်ဆုက လူငယ်၊ လူလတ်ပိုင်းထဲက သက်ဆိုင်ရာနယ်ပယ်မှာကျွမ်းကျင်ဦးဆောင်နေတဲ့ လူငယ်ခေါင်းဆောင်တွေအတွက် ထောက်ပံ့တဲ့အစီအစဉ်ဖြစ်ပါတယ်။ လုပ်ငန်းအတွေ့အကြုံ၊ လူမှုအကျိုးပြုလုပ်ငန်းတွေမှာ ဦးဆောင်နိုင်မှုစွမ်းရည်မြင့်မားမှသာ အဆင်ပြေနိုင်မယ့် ပညာသင်ဆုတစ်ခုဖြစ်ပါတယ်။ Chevening scholarship က Postgraduate program(Master Program) အတွက် လက်ခံပေးတဲ့ အစီအစဉ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံကလည်း နှစ်စဉ်ပညာသင်ဆုရရှိတဲ့သူတွေ ရှိပါတယ်။ ၂၀၂၂-၂၀၂၃ အတွက်ကတော့ လျှောက်လွှာပိတ်သွားပါပြီ။ ၂၀၂၃-၂၀၂၄ အတွက်ကိုတော့ ဒီလာမယ့် သြဂုတ်လ (၂) ရက်ကနေ နိုဝင်ဘာလ (၁) ရက်နေ့အထိ လက်ခံသွားမှာပါ။အသေးစိတ်ကို သက်ဆိုင်ရာဝက်ဆိုက်ကနေ ဆက်လက်ဖတ်ရှု့နိုင်ပါပြီ။ Website: … Continue reading Chevening Scholarship လျှောက်လွှာတွေ လာမယ့်သြဂုတ် (၂) ရက်နေ့မှာ ပြန်လက်ခံပြီ
UN မှာ လုပ်အားပေးလျှောက်မယ်
ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို စိတ်ဝင်စားလို့ပဲဖြစ်ဖြစ်၊ တခြားအကြောင်းအရင်းတစ်ခုခုကြောင့် လုပ်အားပေးလုပ်ချင်လို့ပဲဖြစ်ဖြစ် ဘယ်လိုရည်ရွယ်ချက်နဲ့မဆို ကမ္ဘာ့နေရာအနှံ့အပြားမှာ ကုလသမဂ္ဂရဲ့တရားဝင်လုပ်အားပေးတစ်ယောက်အနေနဲ့ ဝင်ရောက်လုပ်ကိုင်ဖို့ စိတ်ဝင်စားသူတွေအတွက် UN Volunteer Programme အကြောင်း နည်းနည်းမျှဝေပေးချင်ပါတယ်။ ဒီအစီအစဉ်ကို အထက်တန်းအောင်မြင်ပြီး (သို့) ဘွဲ့ရပြီးသူတွေထဲက အင်္ဂလိပ်၊ ပြင်သစ်၊ အာရေဗျနဲ့ စပိန်ဘာသာစကားတစ်ခုခုကို ရေးနိုင်၊ ပြောနိုင်ပြီး အတွေ့အကြုံရှိသူတွေလျှောက်ထားနိုင်ပါတယ်။ လုပ်အားပေးကာလကတော့ အနည်းဆုံး (၆)လ ကနေ အများဆုံး (၁) နှစ်အထိကြာပါတယ်။ Paid program မို့ လုပ်အားပေးအနေနဲ့ဝင်ခွင့်ရပြီဆိုတာနဲ့ လေယာဉ်လက်မှတ်ကစ နေ့စဉ်အသုံးစရိတ် ၊ နေထိုင်စရာနေရာ၊ အာမခံတွေလည်း ရရှိမှာပါ။ လုပ်အားပေးလုပ်ဖို့ တကယ်စိတ်ဝင်စားတဲ့သူတွေ၊ ဘာသာစကားနဲ့ ယဉ်ကျေးမှုမတူတဲ့ဒေသမှာ လိုက်လျောညီထွေစွာနေတတ်တဲ့သူတွေနဲ့ အသစ် အသစ်သောအတွေ့အကြုံတွေကို လေ့လာရတာကြိုက်တဲ့သူတွေပဲ လျှောက်စေချင်ပါတယ်။ ကျွန်မဖတ်ဖူးတဲ့ ဆောင်းပါးတစ်ပုဒ်မှာဆိုရင် အမေရိကန်ပြည်ထောင်စုက အထက်တန်းပြီးတဲ့ကျောင်းသား၊ … Continue reading UN မှာ လုပ်အားပေးလျှောက်မယ်