ဘာသာစကားရော၊ ဗဟုသုတပါတိုးတက်စေတဲ့ BBC Learning English

အင်္ဂလိပ်ဘာသာစကားလေ့လာရင်းနဲ့ ဗဟုသုတတွေလည်းတိုးချင်တယ်ဆိုရင် SA ကလေ့လာစေချင်တဲ့ website တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ BBC Learning English က သင်ခန်းတွေပါ။ ဘာသာစကားအသစ်ကို self-learning နဲ့လေ့လာတဲ့အခါ တစ်ခါတလေပျင်းစရာကောင်းပြီး ကြိုးစားချင်စိတ်တောင် လျော့လာတတ်ပါတယ်။ အဲ့ဒီအချိန်မှာ ကိုယ်မသိသေးတဲ့ အထွေထွေဗဟုသုတအကြောင်းတွေကို နားထောင်ရင်း၊ ဖတ်ရင်းနဲ့လေ့လာရတာက ဘာသာစကားကိုလည်း ပိုပြီးစိတ်ဝင်စားမိစေသလို၊ လေ့လာတဲ့နေရာမှာလည်း အချိန်တိုအတွင်း ပိုတိုးတက်စေနိုင်ပါတယ်။ BBC Learning English ကို ဘယ်ကနေစပြီးလေ့လာရမယ်မှန်းမသိရင် English My Way(Basic) ကနေ စပြီးလေ့လာကြည့်ပါ။ Unit လေးခုပဲရှိလို့ မြန်ပါတယ်။ အဲ့ဒါပြီးရင်တော့ Lower-intermediate level ကို ဆက်လေ့လာလို့ရပါတယ်။ အခြေခံသိပြီးသားလို့ထင်ရင်လည်း Basic ကိုကျော်ပြီး Lower-intermediate က စလေ့လာကြည့်လို့ရပါတယ်။ သူက Upper-intermediate level … Continue reading ဘာသာစကားရော၊ ဗဟုသုတပါတိုးတက်စေတဲ့ BBC Learning English

နိုင်ငံတကာတက္ကသိုလ်များရဲ့ MBA ပညာသင်ဆုများ

မြန်မာနိုင်ငံမှာဘွဲ့ရထားပြီးသားလည်းဖြစ်တယ်၊ လုပ်ငန်းအတွေ့အကြုံလည်း ထိုက်သင့်သလောက်ရှိထားပြီးသားလည်း ဖြစ်တယ်။ ပညာရေးကိုလည်း ဆက်လက်သင်ယူချင်တဲ့လူငယ်တွေအတွက် MBA Program တွေက ရွေးချယ်စရာဖြစ်လာပါတယ်။ ဒါကြောင့်ကုန်ကျစရိတ်များတဲ့ ဒီ MBA program တွေကို ပညာသင်ထောက်ပံ့ကြေးနဲ့ တက်နိုင်အောင် Scholarship Announcements ကနေ နိုင်ငံတကာတက္ကသိုလ်တွေကပေးနေတဲ့ MBA ပညာသင်ဆုတချို့ကို ရှာဖွေခဲ့ပါတယ်။ တက္ကသိုလ်အလိုက် ထောက်ပံ့ကြေး၊ ကျောင်းလျှောက်တဲ့လိုအပ်ချက်နဲ့ Study Program တွေမတူညီတာမို့ ဒီမှာတော့အကြမ်းမျဉ်းလောက်ပဲ ပြောပြပေးနိုင်မှာဖြစ်တဲ့အတွက် အသေးစိတ်ကို ပေးထားတဲ့ link တွေကတစ်ဆင့် ဆက်လက်ဖတ်ရှု့စေချင်ပါတယ်။ UNC Kenan-Flagler Business School Fellowship အမေရိကန်ပြည်ထောင်စု University of North Carolina ရဲ့ Full-time MBA program အတွက်ထောက်ပံ့ပေးတဲ့ ဒီပညာသင်ဆုအစီအစဉ်က Tuition fee … Continue reading နိုင်ငံတကာတက္ကသိုလ်များရဲ့ MBA ပညာသင်ဆုများ

ကိုရီးယား Ewha Womans University တက္ကသိုလ်ရဲ့ Doctoral ပညာသင်ဆု

တောင်ကိုရီးယားနိုင်ငံမှာ ပါရဂူဘွဲ့သွားရောက်သင်ယူချင်တဲ့ အာဆီယံနိုင်ငံကလူငယ်တွေအတွက် ကိုရီးယားတက္ကသိုလ်ပညာရေးကောင်စီ (ECUE) နဲ့ ASEAN-Korea Cooperation Fund တို့ပူးပေါင်းပြီး ASEAN HEAT Scholarship ပညာသင်ဆုအစီအစဉ် စီစဉ်ပေးထားပါတယ်။ ဒီပညာသင်ဆုရရှိတဲ့ကျောင်းသူတွေက ကိုရီးယားနိုင်ငံ Ewha Womans University မှာ (၃) နှစ်တာ Full Scholarship နဲ့သင်ကြားခွင့်ရမှာဖြစ်ပါတယ်။ အမျိုးသမီးတက္ကသိုလ်ဖြစ်တဲ့အတွက် အာဆီယံနိုင်ငံကအမျိုးသမီးတွေပဲလျှောက်လို့ရပါမယ်။ ပညာသင်ဆုလျှောက်ထားနိုင်တဲ့ နယ်ပယ်တွေကတော့ Liberal & Social Sciences၊ Natural Sciences နဲ့ Engineering တို့ပဲဖြစ်ပါတယ်။ လျှောက်လွှာတင်သွင်းရမယ့်ရက်တော့ ၂၀၂၂ ခုနှစ်၊ မတ်လ (၂) ရက်ကနေ (၁၈) ရက်အတွင်းဖြစ်ပါတယ်။ Document တွေကို Scan ဖတ်ပြီး mail နဲ့ပို့ရမှာဖြစ်သလို original documents … Continue reading ကိုရီးယား Ewha Womans University တက္ကသိုလ်ရဲ့ Doctoral ပညာသင်ဆု

ထိုင်ဝမ်အစိုးရပညာသင်ဆု ICDF

အာရှရဲ့နာမည်ကျော်တက္ကသိုလ်တွေထဲမှာ ထိုင်ဝမ်အမျိုးသားတက္ကသိုလ်က ကမ္ဘာ့ထိပ်တန်းအဆင့် (၁၀၀) မှာရှိပြီး တခြားထိုင်ဝမ်တက္ကသိုလ်တွေကလည်း အလားတူထိပ်တန်းအဆင့် ၁၀၀ ~ ၂၀၀ အတွင်းမှာရှိပါတယ်။ ထိုင်ဝမ်ရဲ့အဆင့်မြင့်ပညာရေးကဏ္ဍမှာ တက္ကသိုလ်၊ ကောလိပ်အမျိုးအစား (၄) ခုရှိပါတယ်။ အဲ့ဒါတွေကတော့ University လို့ခေါ်တဲ့ တက္ကသိုလ်ကြီးတွေ၊ အထက်တန်းကောလိပ်တွေ ၊ သိပ္ပံနဲ့နည်းပညာတက္ကသိုလ်နဲ့ နည်းပညာကောလိပ်တို့ပါ။ ပညာသင်နှစ်တွေကတော့ (၂) နှစ် ဒီဂရီပရိုဂရမ်တွေရှိသလို (၄)နှစ် တက္ကသိုလ်ဒီဂရီပရိုဂရမ်တွေလည်းရှိပါတယ်။ Master program တွေက အနည်းဆုံး (၁) နှစ်ကနေ (၄)နှစ်အထိကြာပြီး Ph.D program တွေကတော့ (၂) နှစ်ကနေ (၇) နှစ်အထိ ကြာပါတယ်။ ကိုယ်တက်ရောက်နေတဲ့ဘာသာရပ်နဲ့ပရိုဂရမ်ပေါ်မူတည်ပြီး internship ဆင်းရတာရှိပါတယ်။ internship ကြာချိန်ကတော့ (၁)နှစ်ကနေ (၂) နှစ်အထိပါ။ ထိုင်ဝမ်ရဲ့ပညာရေးစနစ်အကြောင်း အနည်းငယ်သိလောက်ပြီဆိုတော့ … Continue reading ထိုင်ဝမ်အစိုးရပညာသင်ဆု ICDF

ကနေဒါပညာရေးနဲ့ နိုင်ငံတကာပညာသင်ဆုများ

အမေရိကန်ရဲ့ culture ကိုသိပ်မကြိုက်ဘူး ဥရောပဘက်ကျတော့လည်းဘာသာစကားကြောင့် သိပ်အဆင်မပြေဘူးဆိုရင် ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်တွေရှိပြီး နေထိုင်မှုပုံစံလည်းအေးအေးဆေးဆေးဖြစ်တဲ့ ကနေဒါနိုင်ငံကို option တစ်မျိုးထားပြီး စဉ်းစားလို့ရပါတယ်။ ကနေဒါနိုင်ငံမှာ research-focused တက္ကသိုလ်တွေအများစုရှိကြတဲ့အတွက် ဘွဲ့တစ်ခုခုရှိထားပြီးသားသူတွေ Master ၊ PhD အတွက်ဆိုရင် ကနေဒါကိုလည်းထည့်စဉ်းစားသင့်ပါတယ်။ ကနေဒါတက္ကသိုလ်တိုင်းမှာ အင်္ဂလိပ်နဲ့ ပြင်သစ်ဘာသာစကားကို အဓိကသုံးကြပြီး တချို့တက္ကသိုလ်တွေဆိုရင် IELTS မလိုဘဲ တခြား English certificate တွေနဲ့လည်း ပညာသင်ဆုလျှောက်ထားလို့ရတဲ့တက္ကသိုလ်တွေရှိပါတယ်။ တက္ကသိုလ်ပေါ်မူတည်ပြီး language test ကိုပုံစံအမျိုးမျိုးနဲ့လက်ခံပေးပါတယ်။ ကျောင်းတက်ရင်း အသုံးစရိတ်ကာမိအောင် part-time သဘောမျိုးလုပ်ချင်တယ်ဆိုရင် ကျောင်းသားတစ်ယောက်အတွက် တစ်ပတ်ကို နာရီ (၂၀) အလုပ်လုပ်ခွင့်ပေးထားပါသေးတယ်။ semester ပြီးတဲ့အချိန်၊ ကျောင်းပိတ်ချိန်ဆိုရင် unlimited hour အလုပ်လုပ်လို့ရပါတယ်။ အဓိကကတော့ ကနေဒါနိုင်ငံမှာ နိုင်ငံတကာကျောင်းသား၊ ကျောင်းသူတွေအတွက် … Continue reading ကနေဒါပညာရေးနဲ့ နိုင်ငံတကာပညာသင်ဆုများ

စင်ကာပူ LASALLE College ရဲ့ Art & Design Scholarship များ

အနုပညာ၊ ဒီဇိုင်းဘာသာရပ်တွေနဲ့ပတ်သက်ရင် အာရှမှာ LASALLE ကိုမသိတဲ့သူတော့ မရှိဘူးထင်ပါတယ်။ LASALLE College က Non-profit ပုဂ္ဂလိကပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီးတော့ သူ့ရဲ့ degree ပရိုဂရမ်တွေက University of London ကတိုက်ရိုက်အသိအမှတ်ပြုပရိုဂရမ်တွေဖြစ်ပြီး ကမ္ဘာ့အဆင့် အနုပညာတက္ကသိုလ်သတ်မှတ်ချက်မှာဆိုရင် အဆင့် ၁၅၁~၂၀၀ အတွင်းမှာရှိတဲ့ နိုင်ငံတကာကောလိပ်တစ်ခုပါ။ LASALLE College မှာ ဘာတွေအထူးပြုသင်လို့ရလဲဆိုရင် Fine arts၊ Design communication၊ Interior design၊ Product design၊ Film၊ Animation၊ Fashion၊ Dance၊ Music ၊ Theatre၊ Arts management၊ Arts pedagogy and practice၊ Art therapy၊ Asian art histories နဲ့ … Continue reading စင်ကာပူ LASALLE College ရဲ့ Art & Design Scholarship များ

၂၀၂၁ ခုနှစ်ကနာမည်ကြီးခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းဘာသာရပ် (၁၀) ခု

နိုင်ငံခြားမှာကျောင်းတက်ပြီး အလုပ်လုပ်ဖို့ရည်ရွယ်ထားပေမယ့် ကိုယ်ဝါသနာပါတဲ့ဘာသာရပ်တွေက အလုပ်အကိုင်အတွက်အဆင်ပြေနိုင်ပါ့မလား စိတ်ပူနေရတာလည်းရှိတတ်ပါတယ်။ နှစ်စဉ် နှစ်တိုင်း နိုင်ငံတကာ တက္ကသိုလ်တွေမှာတက်ရောက်ကြတဲ့ကျောင်းသား၊ ကျောင်းသူတွေထဲမှာ စိတ်ဝင်စားမှုများတဲ့ ဘာသာရပ်တွေကြည့်ရင် Medicine နဲ့ Engineering တင်မကပါဘူး။ နည်းပညာနဲ့ကမ္ဘာကြီးအတွက် Computer science ဘာသာရပ်တွေကလည်း လူတွေကြားမှာရေပန်းစားမြဲစားနေတုန်းပါ။ အဓိကကတော့ နိုင်ငံပေါ်မူတည်ပြီး ဘယ်ဘာသာရပ်တွေရွေးချယ်ရမလဲ စဉ်းစားဖို့တော့လိုပါမယ်။ သြစတြေးလျဆိုရင် ၂၀၂၂ ခုနှစ်ထဲမှာ ရေပန်းအစားဆုံးဘာသာရပ်တွေက ဆေးပညာနဲ့ပတ်သက်တာတွေပိုများပါတယ်။ အနုပညာနဲ့ပတ်သက်ရင် တီထွင်ဖန်တီးမှုတွေကလည်း ဒီနှစ်ပိုင်းတွေမှာ တဖြည်းဖြည်းအားကောင်းလာတဲ့အတွက် ထူးထူးခြားခြား ၂၀၂၁ ခုနှစ်ရဲ့ထိပ်တန်းဘာသာရပ် (၁၀) ခုထဲမှာ Art & Design လည်းပါဝင်ခဲ့ပါတယ်။ Academic ချည်းပဲကောင်းရမယ်လို့ မရှိတော့ဘဲ creative ပိုင်းတွေကလည်း အဓိကကျလာတော့မယ်လို့ ယူဆရတာမို့ ဘာ ဘာသာရပ်ရွေးလို့ရွေးရမှန်းမသိသေးရင် ပြီးခဲ့တဲ့နှစ်က trendy ဖြစ်နေတဲ့ဘာသာရပ်တွေကို … Continue reading ၂၀၂၁ ခုနှစ်ကနာမည်ကြီးခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းဘာသာရပ် (၁၀) ခု

Engineering ပညာသင်ဆုလျှောက်ထားနိုင်တဲ့ နိုင်ငံတကာတက္ကသိုလ်ကြီးများ

Scholarship Announcements ကိုအများဆုံးလာမေးကြတဲ့မေးခွန်းတွေထဲမှာ engineering နဲ့ computer science ဘာသာရပ်တွေနဲ့ပတ်သက်တဲ့ နိုင်ငံတကာပညာသင်ဆုအစီအစဉ်တွေအကြောင်းက ထိပ်ဆုံး (၃) ခုထဲမှာရှိပါတယ်။ ဒါကြောင့် ဒီနေ့တော့ engineering နဲ့ပတ်သက်ပြီး နိုင်ငံတကာတက္ကသိုလ်တွေက ပေးနေတဲ့ partial scholarship ၊ full scholarship တွေအကြောင်း စုစည်းဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ အမျိုးသမီးသီးသန့် STEM ဘာသာရပ်ဆိုင်ရာပညာသင်ဆုများ ယူကေ British Council ကပေးတဲ့ ဒီပညာသင်ဆုအစီအစဉ်က နိုင်ငံတကာက အမျိုးသမီးများအတွက်သီးသန့်ထောက်ပံ့ပေးတဲ့ အစီအစဉ်တစ်ခုဖြစ်ပြီး STEM ဘာသာရပ်တွေဖြစ်တဲ့ Biology ၊ Chemistry၊ Physics၊ Design and technology၊ Maths ၊ Information and communications technology (IT or ICT)၊ Computer … Continue reading Engineering ပညာသင်ဆုလျှောက်ထားနိုင်တဲ့ နိုင်ငံတကာတက္ကသိုလ်ကြီးများ