English level ဘယ်လောက်ရှိလဲ British Council ဝက်ဆိုက်မှာ ကိုယ်တိုင်စစ်ကြမယ်

ကိုယ့်ကိုယ်ကိုယ် English စာကျွမ်းကျင်မှုဘယ်လောက်ရှိလဲသိချင်လို့ ဘယ်လိုစစ်ကြည့်ရမလဲ လာမေးကြတဲ့အတွက် ဒီတစ်ခါတော့ British Council ရဲ့ တရားဝင် Learn English website မှာ အခမဲ့ကိုယ်တိုင်ဝင်စစ်ကြည့်လို့ရတဲ့အကြောင်း Information sharing လုပ်ပေးချင်ပါတယ်။ ကြာမြင့်ချိန် (၁၀) မိနစ်ကနေ မိနစ် (၂၀) ဝန်းကျင်ရှိပြီးတော့ မေးခွန်းပေါင်း (၂၅) ခုဖြေဆိုရပါမယ်။ ဖြေဆိုပြီးတာနဲ့ ကိုယ့်ရဲ့ English level ကို အဆင့် (၃) ဆင့်ထဲက ဘယ်အဆင့်လဲဆိုတာ ပြပေးပါလိမ့်မယ်။ အဆင့် (၃) ဆင့်ကတော့ Beginner to Pre-intermediate ၊ Intermediate နဲ့ Upper intermediate or above တို့ ဖြစ်ကြပါတယ်။ ကိုယ့် skill level … Continue reading English level ဘယ်လောက်ရှိလဲ British Council ဝက်ဆိုက်မှာ ကိုယ်တိုင်စစ်ကြမယ်

၂၀၂၂ ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ် (၁၀) ခု (World University Rankings 2022)

ထိပ်တန်းတက္ကသိုလ် (၁၀) ကျောင်းရဲ့ ၂၀၂၂ ခုနှစ် Ranking က ၂၀၂၁ ခုနှစ်နဲ့ယှဉ်ရင် အရှေ့၊အနောက် အတက်အဆင်း အပြောင်းအလဲ အနည်းငယ်လောက်ပဲရှိပါတယ်။ California Institute of Technology တစ်ကျောင်းပဲ အရင်နှစ်က Ranking 4 ကနေ ၂၀၂၂ ခုနှစ်မှာ Ranking 2 ကိုတက်လာခဲ့ပါတယ်။ ဒီ Ranking survey ကို ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း (၉၉)နိုင်ငံက တက္ကသိုလ် (၁,၆၀၀) ကျော်ကို စစ်တမ်းကောက်ယူထားတဲ့ရလဒ်ဖြစ်ပါတယ်။ တက္ကသိုလ် Ranking နဲ့ပတ်သက်ပြီး အဓိကတိုင်းတာတဲ့ကဏ္ဍ (၄) ခုရှိပါတယ်။ အဲ့ဒါတွေကတော့ Teaching ၊ Research ၊ Knowledge transfer နဲ့ Internation outlook တို့ပဲဖြစ်ပါတယ်။ … Continue reading ၂၀၂၂ ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ် (၁၀) ခု (World University Rankings 2022)

University of Queensland ရဲ့အခမဲ့ IELTS သင်တန်း

IELTS စာမေးပွဲဖြေဖို့ self-learning လုပ်မယ့်သူတွေအတွက် မဖြစ်မနေ enroll လုပ်ထားသင့်တဲ့ Free အွန်လိုင်းသင်တန်းပါ။ Free တက်မှာဖြစ်တဲ့အတွက် တချို့သင်ခန်းစာတွေကိုတော့ ပါဝင်ခွင့်မပေးထားပါဘူး။ ဒါပေမဲ့ University of Queensland ကပါမောက္ခတွေရဲ့ lesson တွေက IELTS ကိုအခုမှ စလုံးရေစ ဖြေဆိုဖို့ပြင်ဆင်နေတဲ့သူတွေအတွက် အကျိုးကျေးဇူးတွေ အများကြီးရမှာပါ။ ကိုယ်တိုင်လည်း ၁ လခွဲလောက်တက်ခဲ့ရတဲ့ သင်တန်းဖြစ်လို့ ဒီသင်တန်းဘယ်လောက်ကောင်းလဲ သိတဲ့အတွက် ပြန်ညွှန်းပေးတာပါ။ တစ်ပတ်ကို (၃) ရက်အချိန်ပေးပြီး တက်ကြည့်ပါ။ ပြီးရင် Scholarship Announcements က တင်ပေးတဲ့ IELTS Free Practice Test တွေ ဖြေပြီး တိုးတက်နှုန်းရှိလား၊ မရှိလား စစ်ဆေးကြည့်လို့ရပါတယ်။ Listening Test နဲ့ပတ်သက်ပြီး Practice … Continue reading University of Queensland ရဲ့အခမဲ့ IELTS သင်တန်း

စပိန်တက္ကသိုလ်တွေမှာသုံးခဲ့တဲ့ ကိုဗစ်ကာလ သင်ကြားရေးစနစ်များ

Written by Scholarship Announcements မပြီးဆုံးနိုင်တဲ့ COVID-19 ရဲ့နောက်ဆက်တွဲဗိုင်းရပ်အသစ်တွေနဲ့ ကူးစက်မှုနှုန်း ပြန်မြင့်တက်လာတွေကြောင့် နိုင်ငံတကာပညာရှင်တွေ၊ တက္ကသိုလ်တွေက သင်ကြားရေးစနစ်သစ်တွေဖန်တီးပြီး ပညာရေးကဏ္ဍ မရပ်တန့်သွားရအောင် ကြိုးစားခဲ့ကြပါတယ်။ စနစ်သစ်တော်တော်များများက ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ငွေကြေးအင်အား၊ နည်းပညာအားနည်းချက်ကြောင့် အခက်အခဲတွေရှိနေပေမယ့် ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ အချိန်တိုအတွင်း ကျင့်သားရလာပါတယ်။ ရောဂါဖြစ်ပွားမှုမြင့်မားခဲ့တဲ့ စပိန်နိုင်ငံမှာဆိုရင် သမိုင်းတစ်လျှောက် အရှည်လျားဆုံးအရေးပေါ်အခြေအနေ State of Alarm ကိုဖြတ်သန်းခဲ့ရပြီးတဲ့နောက် ပညာရေးဘက်မှာ ဖြေလျော့မှုတွေ တဖြည်းဖြည်း တိုးလာခဲ့ပါတယ်။ New Normal ကို စပိန်နိုင်ငံအနေနဲ့ တခြားဖွံ့ဖြိုးပြီးနိုင်ငံများနည်းတူ ပညာရေးဘက်မှာလည်း ကောင်းကောင်းအသုံးချခဲ့ပါတယ်။ စပိန်အစိုးရက အထိနာခဲ့တဲ့ ပညာရေးကဏ္ဍအတွက် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၄) ရက်နေ့မှာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ကို ဇွန်လမှာ ရပ်မယ်လို့ ကြေညာချက်ထုတ်လိုက်ပါတယ်။ … Continue reading စပိန်တက္ကသိုလ်တွေမှာသုံးခဲ့တဲ့ ကိုဗစ်ကာလ သင်ကြားရေးစနစ်များ

ဖုန်းထဲမှာ Install လုပ်ထားသင့်တဲ့ Learning Application (၅) ခု

1. edX ဘာသာရပ်ပေါင်းများစွာကို Free သင်ယူလို့ရမယ့် edX ရဲ့ Mobile version တစ်ခုပါ။ နိုင်ငံတကာ ထိပ်တန်းတက္ကသိုလ်ကြီးတွေရဲ့ ပါမောက္ခတွေကိုယ်တိုင် သင်ပေးတဲ့ Course တွေလည်း အများကြီးရှိပါတယ်။ တကယ်လို့ ကိုယ်က အသိအမှတ်ပြု Certificate ပါလိုချင်တယ်ဆိုရင်တော့ ကိုယ်တတ်ချင်တဲ့ သင်တန်းအမျိုးအစား၊ Level လိုက် fee တွေ ကွာသွားပါတယ်။ Professional course တွေအပြင် Master course တွေပါ Online learning လုပ်လို့ရပါတယ်။ Free သင်ချင်တယ်ဆိုရင်တော့ Practice တွေမှာ ဝင်ပါလို့မရပါဘူး။ ကျောင်းလခသွင်းထားရင်တော့ Discussion တွေမှာရော၊ Assignment တွေမှာပါ ကိုယ်တိုင်ပါဝင်ပြီး credit တွေ ယူလို့ရပါတယ်။ Download➡️ edX Application … Continue reading ဖုန်းထဲမှာ Install လုပ်ထားသင့်တဲ့ Learning Application (၅) ခု

ကမ္ဘာ့အကောင်းဆုံး စာကြည့်တိုက်ကြီးများရှိတဲ့ တက္ကသိုလ်ကြီးများ_အပိုင်း (၂)

𝐇𝐚𝐫𝐯𝐚𝐫𝐝 𝐋𝐢𝐛𝐫𝐚𝐫𝐲 (သို့ ) ကမ္ဘာ့ရတနာသိုက် “𝐖𝐞 𝐜𝐡𝐚𝐦𝐩𝐢𝐨𝐧 𝐜𝐮𝐫𝐢𝐨𝐬𝐢𝐭𝐲 𝐟𝐨𝐫 𝐭𝐡𝐞 𝐛𝐞𝐭𝐭𝐞𝐫𝐦𝐞𝐧𝐭 𝐨𝐟 𝐭𝐡𝐞 𝐰𝐨𝐫𝐥𝐝.” Credit: original uploader ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်ကြီးမှာ ကမ္ဘာ့အကောင်းဆုံးစာကြည့်တိုက်ရှိတာ ထူးခြားတဲ့ကိစ္စတော့မဟုတ်ပေမယ့် အဲ့ဒီစာကြည့်တိုက်ထဲမှာရှိတဲ့ ရှားပါး Collection တွေ၊ စာအုပ်တွေ၊ ရှားပါးဓာတ်ပုံတွေကတော့ တကယ့်ကိုအံ့သြသင့်စရာကောင်းတဲ့ထူးခြားမှုပါ။ ဟားဗက်စာကြည့်တိုက်ကို ၁၆၃၈ ခုနှစ်က စတင်ခဲ့တာဆိုတော့ အခုဆိုရင် နှစ်ပေါင်း ၃၈၀ ကျော်သက်တမ်းရှိခဲ့ပါပြီ။ ဟားဗက်စာကြည့်တိုက်က အမေရိကန်ပြည်ထောင်စုရဲ့ သက်တမ်းအရင့်ဆုံးတက္ကသိုလ်စာကြည့်တိုက်ဖြစ်ပြီးတော့ ကမ္ဘာ့အကြီးဆုံး Academic စာကြည့်တိုက်ကြီးလည်းဖြစ်ပါတယ်။ တခြားစာကြည့်တိုက်တွေလိုပဲ ဟားဗက်စာကြည့်တိုက်တွေမှာလည်း အွန်လိုင်း ဒါမှမဟုတ် ဌားရမ်းဖတ်ရှု့လေ့လာလို့ရတဲ့ ပညာရပ်ဆိုင်ရာစာအုပ်တွေလည်း အများကြီးပါ။ စာကြည့်တိုက်ရဲ့တရားဝင်ထုတ်ပြန်ချက်အရဆိုရင် သူတို့ဆီမှာ Digitized လုပ်ထားတဲ့ item ပေါင်း … Continue reading ကမ္ဘာ့အကောင်းဆုံး စာကြည့်တိုက်ကြီးများရှိတဲ့ တက္ကသိုလ်ကြီးများ_အပိုင်း (၂)

ကမ္ဘာ့အကောင်းဆုံး စာကြည့်တိုက်များရှိတဲ့ တက္ကသိုလ်ကြီးများ_အပိုင်း (၁)

ဒီရက်ပိုင်း စာကြည့်တိုက်တွေအကြောင်း စိတ်ဝင်စားနေလို့ Library Management အွန်လိုင်း သင်တန်းတစ်ခုလည်း တက်ဖြစ်ပါတယ်။ အခက်အခဲတွေ၊ အဆင်မပြေမှုတွေကြောင့် စိတ်ညစ်နေမယ့်အစား အိမ်မှာနေရင်း အကျိုးရှိတာ တစ်ခုခုလုပ်ရမှ ကျေနပ်တတ်တဲ့သူမို့ စာကြည့်တိုက်တွေအကြောင်း စာအုပ်တွေဖတ်ရင်း တကယ့်ကို အားရစရာကောင်း၊ ကိုယ်တိုင်သွားလေ့လာချင်စရာကောင်းအောင် နာမည်ကြီးတဲ့ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်စာကြည့်တိုက်တွေကို တွေ့ခဲ့ပါတယ်။ The Joe and Rika Mansueto Library, University of Chicago>>> ဒီစာကြည့်တိုက်ကို ၂၀၁၁ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာဖြစ်လို့ အဆောက်အဦးဗိသုကာလက်ရာကလည်း တော်တော် Modernized ဖြစ်ပြီး အရမ်းလှပါတယ်။ အမိုးက မှန်သားအမိုးဖြစ်လို့ ညဖက်စာကြည့်တဲ့အချိန်၊ မိုးရွာတဲ့အချိန် ဘယ်လောက်တောင် လှလိုက်မလဲ တွေးသာကြည့်ပါတော့။ လိုအပ်တဲ့စာအုပ်တွေကို မြန်မြန်ဆန်ဆန် ရှာပေးမယ့် Robotic cranes တွေလည်းရှိပါသေးတယ်တဲ့။ … Continue reading ကမ္ဘာ့အကောင်းဆုံး စာကြည့်တိုက်များရှိတဲ့ တက္ကသိုလ်ကြီးများ_အပိုင်း (၁)

Wells Mountain Foundation ရဲ့ပညာသင်ဆု

photo: http://www.scholarshipfellow.com ဘွဲ့ကြိုသင်တန်းတက်ရောက်မယ့် ဖွံ့ဖြိုးဆဲနိုင်ငံကကျောင်းသား၊ ကျောင်းသူတွေအတွက် Wells Mountain Foundation ရဲ့ ETE Program ကနေပြီးတော့ တက္ကသိုလ်ဆက်လက်တက်ရောက်ဖို့ ပညာသင်ဆုတွေ နှစ်စဉ်ထောက်ပံ့ပေးနေတာ ရှိပါတယ်။ ကိုယ့်နိုင်ငံမှာ တက္ကသိုလ်ဆက်တက်ချင်တဲ့သူတွေရော၊ ဒါမှမဟုတ်တခြားနိုင်ငံမှာ သွားရောက် တက်ချင်တဲ့သူတွေအတွက်ပါ ပညာသင်ဆုထောက်ပံ့ပေးပါတယ်။ ပညာအရည်အချင်းကောင်းမွန်ပြီး ပညာသင်ကြားပြီးတာနဲ့ကိုယ့်နိုင်ငံပြန်လာမယ့်သူမျိုးကိုပဲ ပညာသင်ဆုပေးမှာဖြစ်ပါတယ်။ အသက်ကန့်သတ်ချက်ကတော့ (၃၅) နှစ်အောက်ဖြစ်ရပါမယ်။ ပညာသင်ဆုလျှောက်ထားခွင့်ရှိတဲ့ ဘာသာရပ်တွေကတော့ ဆေးပညာ၊ ဒေသန္တရဖွံ့ဖြိုးရေး၊ ဥပဒေ ၊ ပညာရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ နည်းပညာနဲ့ အင်ဂျင်နီယာဘာသာရပ်တွေဖြစ်ပါတယ်။ ဒီဇင်ဘာ (၁) ရက်နေ့ကနေ ဧပြီ (၁) ရက်နေ့အတွင်း အွန်လိုင်းလျှောက်လွှာများစတင်လျှောက်ထာနိုင်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဖော်ပြပါ Link မှာစုံစမ်းမေးမြန်းနိုင်ပါတယ်။ http://www.wellsmountainfoundation.org/our-programs/scholarships/