Hyeonseo Lee က မြောက်ကိုရီးယားမှာမွေးဖွားကြီးပြင်းခဲ့တဲ့သာမန်မိန်းကလေးတစ်ယောက်ပါ။ အရင်ကတော့ သူနေခဲ့တဲ့နိုင်ငံကြီးက ကမ္ဘာပေါ်မှာအကောင်းဆုံးနိုင်ငံတစ်နိုင်ငံလို့ထင်ခဲ့ပေမယ့် ၁၉၉၀ ခုနှစ်ဝန်းကျင် တစ်နိုင်ငံလုံးအငတ်ဘေးနဲ့ကြုံတွေ့ချိန်မှာ မြောက်ကိုရီးယားကနေ တစ်ယောက်တည်းထွက်ပြေးခဲ့ရပါတယ်။ မိသားစုမပါဘဲတစ်ယောက်တည်း မြောက်ကိုရီးယားကနေထွက်ပြေးပြီး တရုတ်နိုင်ငံမှာဒုက္ခသည်အနေနဲ့ပုန်းနေခဲ့ရပါတယ်။ အခက်အခဲတွေကြားက သူကြုံတွေ့ခဲ့ရတဲ့အန္တရာယ်တွေကို ဘယ်လိုကျော်ဖြတ်ခဲ့ရလဲ၊ မိသားစုနဲ့ပြန်တွေ့ခွင့်ရောရခဲ့လား၊ ပြင်ပကမ္ဘာမှာဆက်လက်ရှင်သန်ဖို့ ကိုယ့်သရုပ်မှန်ကိုဘယ်လိုဖုံးကွယ်နေခဲ့ရလဲဆိုတာ TED Talk မှာ ပြောကြားထားတဲ့ဗီဒီယိုဖိုင်ကို Scholarship Announcements ကဘာသာပြန်ဆိုဖော်ပြခြင်းဖြစ်ပါတယ်။ ကျွန်မကလေးတုန်းက ကျွန်မတို့နိုင်ငံကြီးကလေ ကမ္ဘာပေါ်မှာအကောင်းဆုံးလို့ထင်ခဲ့တာ။ ငယ်ငယ်လေးတည်းက “မနာလိုစရာမရှိ_Nothing To Envy” *** သီချင်းဆိုပြီး ကြီးပြင်းခဲ့ရတာပါ။ သီချင်းထဲကအတိုင်း ကျွန်မကိုယ်ကျွန်မလည်း အရမ်းဂုဏ်ယူမိခဲ့တာပေါ့။ ကျောင်းမှာ Kim II Sung ရဲ့ရာဇဝင်သမိုင်းတွေကိုပဲသင်ရင်း ကြီးပျင်းလာခဲ့တာဆိုတော့ ပြင်ပကမ္ဘာကအကြောင်းတွေ ဘာမှမသင်ခဲ့ရဖူးပါဘူး။ အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်တွေက ကျွန်မတို့ရန်သူေတွ အဖြစ် သင်ခဲ့ရတယ်။ … Continue reading မြောက်ကိုရီးယားမှ လွတ်မြောက်ခြင်း_My Escape from North Korea
Book of the Week_Around the World in Eighty Days
_Jules Verne ရဲ့ 'Around the world in eighty days' စာအုပ်ရော၊ ရုပ်ရှင်ပြန်ရိုက်ထားတဲ့နာမည်ကျော်ရုပ်ရှင်ကိုရော ကြားဖူးတာတော့ကြာပါပြီ။ အလွယ်တကူမမြင်မိတော့မဖတ်မိ မကြည့်ဖူးခဲ့ပါဘူး။ အခုနောက်ပိုင်း ebook တွေလိုက်စုရင်း ဒီစာအုပ်လေးတွေ့တာနဲ့ download လုပ်ထားခဲ့ပြီး အားရင်အားသလိုဖတ်နေခဲ့တာပါ။ အကုန်မပြီးသေးပေမယ့် ပြင်သစ်စာရေးဆရာ Jules Verne ရဲ့စာအုပ်ကောင်းတစ်ကောင်းဆိုတာကတော့ သေချာပြောနိုင်ပါတယ်။ Phileas Fogg က ရက် ၈၀ နဲ့ကမ္ဘာ့ဘယ်လိုပတ်လဲဆိုတာကတော့ ကိုယ်တိုင်ဖတ်ရှု့ခံစားကြည့်လိုက်ပါ။ Download: Around the world in eighty days
An Outline History of East Asia to 1200
University of California ရဲ့ Textbook စာအုပ်တစ်ခုကို စာကြည့်တိုက်တစ်ခုက မကြာသေးခင်က ရှာတွေ့ခဲ့ပါတယ်။ အာရှသမိုင်းနဲ့ပတ်သက်ပြီး ဖတ်ချင်လို့သိမ်းထားတဲ့စာအုပ်ပါ။ လွန်ခဲ့တဲ့နှစ် ၁၂၀၀ ကစပြီး အရှေ့အာရှရဲ့သမိုင်းအကြောင်း ယဉ်ကျေးမှု၊ လူမှုဘဝတွေနဲ့ ဒဏ္ဍာရီတွေအကြောင်းတွေပါ ရေးသားထားလို့ စိတ်ဝင်စားဖို့တော်တော်လေးကောင်းပါတယ်။ သေချာပါတယ် အရှေ့နှစ်မျက်နှာလောက်ဖတ်ပြီးရင် လက်ကမချနိုင်အောင် ဆက်ဖတ်ချင်နေမှာပါ။ Writer: Sarah Schneewind / Download: An Outline History of East Asia to 1200
Book of the Week_အင်္ဂလိပ်ဂန္တဝင်စာအုပ်ကြီးများရဲ့ ebook များစုစည်းမှု
ဒီတစ်ပတ်အတွက်တော့ မြန်မာနိုင်ငံကလူငယ်တွေ ကြားဖူးပြီးသား စာအုပ်တွေဖြစ်တဲ့ English Literature စာအုပ်တွေထဲက ဂန္တဝင်စာအုပ် (၄) အုပ်ရဲ့ ebook တွေကို Share ပေးဖို့ လုပ်ထားပါတယ်။ ebook စာအုပ်တွေကို နိုင်ငံတကာ Open Library တွေကနေ Download လုပ်ထားတာမို့ အင်္ဂလိပ်ဘာသာနဲ့ စာအုပ်ကောင်းကောင်းဖြစ်ချင်တဲ့သူတွေအတွက် အဆင်ပြေမယ်လို့ ထင်ပါတယ်။ ကိုယ့်ရပ်ရွာစာကြည့်တိုက်၊ ကျောင်းစာကြည့်တိုက်တွေအတွက် ဂန္တဝင်စာအုပ်များကို သိမ်းဆည်းထားချင်တဲ့သူများကို ရည်ရွယ်ပြီး Book of the Week ကနေ ဖော်ပြလိုက်ပါတယ်။ ebooks_pdf version (Google drive links) Charles Dickens_Great ExpectationsEmily Bronte_Wuthering HeightsLouisa M.Alcott_Little WomenCarl W. Hoffman_Saipan: The Begining of … Continue reading Book of the Week_အင်္ဂလိပ်ဂန္တဝင်စာအုပ်ကြီးများရဲ့ ebook များစုစည်းမှု
ကျွန်တော်ကျောင်းဆရာ_အောင်သင်း
(ဆရာအောင်သင်း၏ “ကျွန်တော်ကျောင်းဆရာ” စာအုပ်မှ ဆောင်းပါးတစ်ပုဒ်ကို ဖော်ပြခြင်းဖြစ်ပါသည်။ “ကျွန်တော်ကျောင်းဆရာ” စာအုပ်ကို ဇွန်ပွင့်စာအုပ်တိုက်မှ ၂၀၀၇ ခုနှစ်၊ သြဂုတ်လတွင် ပထမအကြိမ်ထုတ်ဝေသည်။) နွေနေကလည်း ပူလွန်းတာကြောင့် ကိုယ်လက်မအီမသာရှိနေတာနဲ့ အရင်တစ်ပတ်က “ကျွန်တော်ကျောင်းဆရာ” ကို မရေးနိုင်ခဲ့ဘူး။ အသင့်ရေးပြီးရှိနေတဲ့ ဆောင်းပါးတစ်စောင်ကို ထိုးပေးလိုက်ရပါတယ်။ ခုမှဆက်ရပါတယ်။ ကလေးတွေကို စကားဆိုလိုက်ပါရစေဦး။ “မင်းတို့တစ်တွေ ငါရေးခဲ့တဲ့ ရှေ့ပိုင်းဆောင်းပါးတွေကို ပြန်ပြီးဖတ်ကြည့်ကြစေချင်တယ်။ ကိုယ်ပိုင်ဉာဏ်သုံးတတ်ကြစေချင်လို့ပါ။ ကဲကွာ-ဖြတ်ပြီး မေးလိုက်ရဦးမယ်။ မင်းတို့ အလီပေါင်းတွေကို ကျက်ခဲ့ရဖူးသလား” “ကျက်ခဲ့ရဖူးပါတယ်” “ကိုင်း-ဒါဖြင့် ပြောကြစမ်းကွာ၊ အလီပေါင်းဆိုတာ ဘာလဲ” ဒီနေရာမှာတော့ဖြင့် သူတို့အားလုံး ခဏငိုင်သွားကြပါတော့သည်။ ဒါလည်း အထူးအဆန်းတော့ မဟုတ်ပါ။ အစဉ်းစားခိုင်းလိုက်လျှင် ကျောင်းသားအားလုံး ငိုင်သွားတတ်လေ့ရှိပါသည်။ ထို့ကြောင့် ကျွန်တော်က- … Continue reading ကျွန်တော်ကျောင်းဆရာ_အောင်သင်း
Yu Hua, Chinese Author
_Books Review Yu Hua ရဲ့စာအုပ်တွေကို စဖတ်ဖူးတာကတော့ The Seventh Day (သတ္တမမြောက်နေ့)ဆိုတဲ့ စာအုပ်ပါ။ သူ့ရဲ့ရေးသားဟန်က အရမ်းသပ်ရပ်ပြီး စာဖတ်သူရဲ့သိချင်စိတ်၊ ခံစားချက်တွေကို လှုံ့ဆွပေးနိုင်တဲ့ အရေးအသားရှိလို့ သူ့စာအုပ်တွေရသလောက်စုမယ်ဆိုပြီး စခဲ့ပါတယ်။ သူ့ရဲ့ဝတ္ထုတော်တော်များများမှာ တရုတ်ပြည်သူ ပြည်သားတွေရဲ့ အခက်အခဲဆုံးကာလ Cultural Revolution အချိန်ကို ဇာတ်လမ်း၊ ဇာတ်ကောင်အမျိုးမျိုးနဲ့ ခေတ်ကာလတစ်ခုကိုပုံဖော်ရေးသားတဲ့အချက်ကိုလည်း သဘောကျမိတာပါပါတယ်။ Yu Hua ရဲ့အထင်ရှားဆုံးစာအုပ်ကတော့ Chronicle of a Blood Merchant ပါ။ ကျွန်မကတော့ To Live ဆိုတဲ့စာအုပ်ကိုပိုနှစ်သက်မိပါတယ်။ ဒါပေမဲ့ Chronicle of a Blood Merchant ကိုလည်း တစိမ့်စိမ့်ထပ်ခါ ထပ်ခါဖတ်ချင်လောက်အောင် ကြိုက်ပါတယ်။ Yu Hua … Continue reading Yu Hua, Chinese Author
Book of the Week_Scholarship Announcements
Y_ရန်ကုန်တက္ကသိုလ် နှစ်ငါးဆယ် (၁၉၂၀-၇၀) စာစောင် စာမြည်း ရန်ကုန်တက္ကသိုလ် နှစ်ငါးဆယ် (၁၉၂၀-၇၀) စာစောင်၌ နှစ်ငါးဆယ်အတွင်း ရန်ကုန်တက္ကသိုလ်က ထုတ်ဝေခဲ့သော စာစောင်များ၊ မဂ္ဂဇင်းများမှ ဆောင်းပါး၊ ဝတ္ထု၊ ကဗျာ သင့်နိုးရာရာတို့ကို ရွေးချယ်ထည့်ရန်ဖြစ်ပါသည်။ ထို့ကြောင့် ရန်ကုန်တက္ကသိုလ် နှစ်ငါးဆယ်ပြည့် အထိမ်းအမှတ်စာစောင် ထုတ်ဝေရေးကော်မတီသည် နှစ်ငါးဆယ်အတွင်း ရန်ကုန်တက္ကသိုလ်က ထုတ်ဝေခဲ့သော စာစောင်မဂ္ဂဇင်းများကို ရှာဖွေခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်မဖြစ်မီက ထုတ်ဝေခဲ့သော စာစောင်မဂ္ဂဇင်းများသည် စစ်အတွင်းက အများအပြားပျက်စီးဆုံးပါးခဲ့သဖြင့် ယင်းတို့ကို အရှာရခက်ပါသည်။ သို့သော် တက္ကသိုလ်ကျောင်းသားဟောင်းများက ကူညီသဖြင့် စစ်မဖြစ်မီခေတ်ထုတ် စာစောင်မဂ္ဂဇင်းများကို ကျေနပ်ဖွယ်ကောင်းလောက်အောင် ရရှိခဲ့ပါသည်။ Download: University of Yangon_50th anniversary journal
Book of the Week_Scholarship Announcements
D_ဒေါက်တာသန်းထွန်း ၂၀၀၁ ခုနှစ်၊ ဧပြီလမှာ မုံရွေးစာအုပ်တိုက်က ထုတ်ဝေဖြန့်ချီတဲ့ ဒေါက်တာသန်းထွန်း ဖုကုအိုကသွား မှတ်တမ်း စာအုပ်က ဒေါက်တာသန်းထွန်းရေးသားတဲ့ မြန်မာသစ် စာတမ်းကို ပြန်လည်ကူးယူဖော်ပြတာဖြစ်ပါတယ်။ Credit: Original Uploader Dr.Than Htun New MyanmarDownload