နားမလည်သေးတဲ့ဝေါဟာရတွေ တွေ့တဲ့အခါ အရေးပေါ်အားကိုးရတာကတော့ အဘိဓာန်တွေပါ။ ကျွန်မတို့ငယ်ငယ်ဆိုရင် အဘိဓာတ်စာအုပ်အထူကြီးတွေထဲ ကိုယ်သိချင်တဲ့စာလုံးကိုလိုက်ရှာပေရော့ပဲ။ ဟိုးအရင်ကအဘိဓာန်စာအုပ်အဟောင်းတွေဆိုရင် စာလုံးမဆုံတော့ update ဖြစ်တဲ့ အဘိဓာန်တွေ ပြန်ပြန်ဝယ်ရလို့ စာအုပ်စင်မှာတောင် အဘိဓာန်စာအုပ်က (၂) အုပ်၊ (၃) အုပ်ရှိနေတာပေါ့။ အခုနည်းပညာခေတ်ရောက်လာတော့ ဖုန်းတစ်လုံး၊ ကွန်ပျူတာတစ်လုံးရှိရုံနဲ့ သိချင်တာတွေချက်ချင်းသိလို့ရပါပြီ။ စာကြောင်းတွေကိုတောင် တိုက်ရိုက်ဘာသာပြန်လို့ရပြီဆိုတော့ ဘယ်လောက်အချိန်ကုန်သက်သာပြီး လွယ်ကူသွားလဲနော်။ ဒါကြောင့် ဒီနေ့တော့ ကျောင်းသား၊ ကျောင်းသူတွေ အင်္ဂလိပ်စာလေ့လာနေသူတွေကြားထဲမှာ လူသုံးများပြီး အသုံးဝင်တဲ့ အွန်လိုင်းအဘိဓာန် website တွေကို ရွေးချယ်ပြောပြသွားမှာပါ။ Collins Dictionary Collins English လေ့ကျင့်ခန်းစာအုပ်တွေနဲ့ လူငယ်တော်တော်များများ ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ အိတ်ဆောင်အဘိဓာန်စာအုပ်တွေနဲ့ရောပေါ့။ အခုကျွန်မပြောမယ့် Collins Dictionary က အွန်လိုင်းဝက်ဆိုက်ပါ။ သူ့ရဲ့အဘိဓာန်ဝက်ဆိုက်က အဘိဓာန်ကြည့်ဖို့အတွက်တင်မကဘဲ ဘာသာစကားအမျိုးမျိုးကနေ Translate … Continue reading အသုံးဝင်ဆုံး အခမဲ့အွန်လိုင်းအဘိဓာန်များ
IELTS/TOEFL အမှတ်မလိုဘဲ ကျောင်းလျှောက်လို့ရတဲ့ဂျာမန်တက္ကသိုလ်များ
ဥရောပတက္ကသိုလ်တွေထဲမှာ ဂျာမန်တက္ကသိုလ်တွေက အဆင့်မြင့်ပညာရေးနဲ့ပတ်သက်ရင် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တွေထဲမှာပါသလို နာမည်ကြီးတဲ့ဘာသာရပ်တွေလည်း များပါတယ်။ ဥပမာ ဆေးပညာ၊ စက်မှုအင်ဂျင်နီယာ၊ ဥပဒေ၊ စီးပွားရေး၊ သင်္ချာ ၊ Computer Science နဲ့ စိတ်ပညာ အစရှိတဲ့ဘာသာရပ်တွေနဲ့ပတ်သက်ရင် ဂျာမန်တက္ကသိုလ်တွေကတော်တော်လေးနာမည်ကြီးပါတယ်။ ဒီလိုနာမည်ကျော်ဘာသာရပ်တွေရော၊ ကျောင်းကောင်းတွေရောများတဲ့ ဂျာမန်တက္ကသိုလ်တွေကို ဝင်ခွင့်လျှောက်တဲ့အခါ နိုင်ငံတကာကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ဘာသာစကားကျွမ်းကျင်မှုပြစရာ လိုတဲ့တက္ကသိုလ်တွေရှိသလို၊ မလိုတဲ့တက္ကသိုလ်တွေလည်းအများကြီးရှိပါတယ်။ ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာကတော့ IELTS/TOEFL လက်မှတ်မရှိထားဘဲ ဂျာမန်တက္ကသိုလ်တွေမှာ မာစတာနဲ့ ပါရဂူဘွဲ့လျှောက်ထားချင်တဲ့သူတွေကိုရည်ရွယ်ပြီး IELTS/TOEFL အမှတ်မလိုဘဲ ကျောင်းလျှောက်လို့ရတဲ့ ဂျာမန်တက္ကသိုလ်တွေအကြောင်းကို ပြောပြပေးမှာပါ။ ဒီတော့ IELTS/TOEFL လက်မှတ်ပြစရာမလိုရင် ဘာသာစကားအတွက်ဘယ်လက်မှတ်တွေပြဖို့ လိုလဲမေးစရာရှိမှာပါ။ ဂျာမန်တက္ကသိုလ်တွေက ကျောင်းလျှောက်တဲ့လျှောက်ထားသူကျောင်းသား၊ ကျောင်းသူရဲ့အင်္ဂလိပ်ဘာသာစကားအတွက် သီးသန့်လက်မှတ်မျိုးမဟုတ်ဘဲ ဘာသာစကားကျွမ်းကျင်မှုအထောက်အထားတစ်ခုခု ဒါမှမဟုတ် MOI (Medium of Instruction) … Continue reading IELTS/TOEFL အမှတ်မလိုဘဲ ကျောင်းလျှောက်လို့ရတဲ့ဂျာမန်တက္ကသိုလ်များ
IELTS Free Practice Test_Writing Task 1
You should spend about 20 minutes on this task. The charts below show local government expenditure in 2000 and 2010. Summarize the information by selecting and reporting the main features, and make comparisons where relevant. Writing Task 1 အတွက် အခြေခံစကားလုံးတွေကိုပြောခဲ့ပြီးပြီမို့ နမူနာစာမေးပွဲပုံစံတစ်ခုကို အစမ်းဖြေကြည့်လို့ရအောင် ဒီတစ်ပတ် Free Practice Test မှာတင်ပေးလိုက်ပါတယ်။ မိနစ် (၂၀) အချိန်မှတ်ပြီး စာလုံးရေ ၁၅၀ အနည်းဆုံးထားရေးကြည့်ပါ။
မသန်စွမ်းနဲ့ အားကစားသမားများအတွက် နိုင်ငံတကာပညာသင်ဆုများ
အမေရိကန်မှာ ကောလိပ်နဲ့တက္ကသိုလ်ဆက်လက်တက်ရောက်ချင်တဲ့ လူငယ်အားကစားသမားတွေနဲ့ မသန်စွမ်းသူများအတွက် ပညာသင်ဆုပံ့ပိုးပေးနေတဲ့ အဖွဲ့အစည်းတွေတော်တော်များများရှိပါတယ်။ သူတို့အစီအစဉ်တွေက မြန်မာနိုင်ငံနဲ့တော့ အလှမ်းဝေးကောင်းဝေးနိုင်ပေမယ့် ရည်မှန်းချက်လည်းရှိတယ်၊ ပညာရေးကိုလည်းစိတ်ဝင်စားတဲ့ မသန်စွမ်းသူများနဲ့ အားကစားသမားများအတွက် ဒီပညာသင်ဆုအစီအစဉ်တွေကို လေ့လာထားပြီး ကိုယ်နဲ့ကိုက်ညီရင်လျှောက်ထားလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။ ဒီနှစ်ပညာသင်ဆုအတွက် မီသေးတယ်ဆိုရင်လည်း လျှောက်ထားနိုင်ပါတယ်။ AG Bell College Scholarship အပြိုင်အဆိုင်အရမ်းများတဲ့ ပညာသင်ဆုအစီအစဉ်လို့ပြောကြတဲ့ AG Bell ပညာသင်ဆုကတော့ နားမကြားသူများအတွက်ရည်ရွယ်ပြီးပေးတဲ့ ပညာသင်ဆုအစီအစဉ်ဖြစ်ပါတယ်။ အပြိုင်အဆိုင်ဘယ်လောက်များလဲဆိုရင် လျှောက်ထားသူတွေရဲ့ ၁၅% ပဲဝင်ခွင့်ရတယ်လို့ တရားဝင်ပြောထားပြီးသားပါ။ ဒီလိုထူးချွန်ပညာသင်ဆုဖြစ်လို့ အဓိကလိုအပ်ချက်ကတော့ တက္ကသိုလ်ဝင်တန်းအမှတ်ကောင်းဖို့လိုပါမယ်။ ဒါမှမဟုတ် တက္ကသိုလ်ပထမနှစ်တက်နေတယ်ဆိုရင်လည်း ပထမနှစ်အမှတ်စာရင်းပါ ပူးတွဲတင်ပေးရပါမယ်။ Recommendation (၃) စောင်လိုပါမယ်။ ကိုယ်တက်ချင်တဲ့ အမေရိကန်ကောလိပ်မှာဝင်ခွင့်မီတဲ့သူဖြစ်ရင် ပိုအဆင်ပြေပါတယ်။ ပညာသင်ဆုလျှောက်လွှာတွေကို မတ်လ (၄) ရက်မတိုင်ခင် အွန်လိုင်းကတစ်ဆင့်လျှောက်လွှာတင်ရပါမယ်။ Application … Continue reading မသန်စွမ်းနဲ့ အားကစားသမားများအတွက် နိုင်ငံတကာပညာသင်ဆုများ
Contact us
My name is Lim. I am the founder of Scholarship Announcements which is one of the educational sites for the scholarship seekers and younger in Myanmar. If you would like to ask me something about the Scholarship Announcements, please freely contact me here. Email: scholarshipannouncements@gmail.com
Rotary Peace Center ရဲ့ငြိမ်းချမ်းရေးပညာသင်ဆု
တစ်နေ့က Scholarship Announcements page ကနေ Rotary Peace Fellowship အတွက် လျှောက်လွှာတွေစတင်လက်ခံနေပြီလို့ ကြေညာပေးခဲ့ပါတယ်။ အသေးစိတ်မပြောဖြစ်ဘဲ post ကိုဒီအတိုင်း share ပေးလိုက်တာမို့ ဒီနေ့တော့ Rotary Peace Fellowship အကြောင်းနည်းနည်းပြောပြပေးဖို့ ရည်ရွယ်ထားပါတယ်။ ဒီ full scholarship ကမြန်မာနိုင်ငံကကျောင်းသားဟောင်းတွေ၊ လျှောက်ထားသူတွေနှစ်စဉ်ရှိတဲ့ ခိုင်မာတဲ့ပညာသင်ဆုအစီအစဉ်လည်းဖြစ်တယ်။ Rotary Peace Centers တွေက နိုင်ငံ(၅)နိုင်ငံမှာရှိပြီး ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေးစိတ်ဝင်စားရင် ကိုယ့်ရဲ့ပညာအရည်အချင်းပေါ်မူတည်ပြီးတက်ရောက်လို့ရတဲ့ ပညာသင်ဆုအစီအစဉ်လည်းဖြစ်တာကြောင့် ပြောပြပေးဖို့ရွေးချယ်လိုက်တာပါ။ အွန်လိုင်းလျှောက်လွှာများ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင်ဆုတွေကို လျှောက်ဖို့အတွက်ကတော့ အွန်လိုင်းကနေပဲ လျှောက်ထားရမှာပါ။ မေလ (၁၅) ရက်မတိုင်ခင်လျှောက်ထားရမှာပါ။ ပညာသင်ဆုလျှောက်ထားတဲ့အခါ resume ၊ ထောက်ခံစာ (Academic or Professional) ၊ … Continue reading Rotary Peace Center ရဲ့ငြိမ်းချမ်းရေးပညာသင်ဆု
IELTS Writing Task 2: Question and Answer
Writing Task 2 Governments often spend large sums of money on spectacular displays to celebrate national events of significance. This money could be better spent on improving social conditions in the country. To what extent do you agree or disagree with this statement? Model response: Every country in the world has its own national events. … Continue reading IELTS Writing Task 2: Question and Answer
Duolingo & IELTS Score Comparison
IELTS နဲ့ TOEFL မရှိသေးလို့ အရေးပေါ် English Test လက်မှတ်လိုချင်တဲ့အခါ အမြန်ဆုံးနဲ့ ဒီနောက်ပိုင်းတက္ကသိုလ်အများစုလက်ခံပေးတဲ့ Test ကတော့ Duolingo ပါ။ အရင်ကအမေရိကန်ပြည်ထောင်စု၊ ယူကေနဲ့ ကနေဒါဘက်သွားတဲ့သူတွေ အများစုဖြေကြပေမယ့် အခုနောက်ပိုင်း သြစတြေးလျ၊ တရုတ်၊ ဘယ်ဂျီယံ၊ ဘရာဇီးနဲ့ နိုင်ငံတော်တော်များများက တက္ကသိုလ်တွေကလည်း ဒီလက်မှတ်ကိုဝင်ခွင့်အတွက် လက်ခံပေးနေပါပြီ။ ကိုယ်လျှောက်မယ့်ကျောင်းမှာ Duolingo လက်မှတ်ကိုလက်ခံပေး၊ မပေးကို Duolingo site မှာ ဝင်ရောက်စစ်ကြည့်လို့လည်းရပါတယ်။ ဒီနေ့ပြောချင်တာက Duolingo ကိုဘယ်တက္ကသိုလ်တွေ၊ အလုပ်တွေကလက်ခံပေးနေလဲဆိုတာထက် ဒီ Duolingo score တွေက IELTS score နဲ့ဆို ဘယ်လောက်ကွာလဲဆိုတာ နှိုင်းယှဉ်ပြပေးချင်လို့ပါ။ Duolingo practice test စစ်ကြည့်တာ အမှတ်က ၁၄၀ လောက်ရတယ်။ … Continue reading Duolingo & IELTS Score Comparison