Book of the Week_Around the World in Eighty Days

_Jules Verne ရဲ့ 'Around the world in eighty days' စာအုပ်ရော၊ ရုပ်ရှင်ပြန်ရိုက်ထားတဲ့နာမည်ကျော်ရုပ်ရှင်ကိုရော ကြားဖူးတာတော့ကြာပါပြီ။ အလွယ်တကူမမြင်မိတော့မဖတ်မိ မကြည့်ဖူးခဲ့ပါဘူး။ အခုနောက်ပိုင်း ebook တွေလိုက်စုရင်း ဒီစာအုပ်လေးတွေ့တာနဲ့ download လုပ်ထားခဲ့ပြီး အားရင်အားသလိုဖတ်နေခဲ့တာပါ။ အကုန်မပြီးသေးပေမယ့် ပြင်သစ်စာရေးဆရာ Jules Verne ရဲ့စာအုပ်ကောင်းတစ်ကောင်းဆိုတာကတော့ သေချာပြောနိုင်ပါတယ်။ Phileas Fogg က ရက် ၈၀ နဲ့ကမ္ဘာ့ဘယ်လိုပတ်လဲဆိုတာကတော့ ကိုယ်တိုင်ဖတ်ရှု့ခံစားကြည့်လိုက်ပါ။ Download: Around the world in eighty days

IELTS Writing Task 1 အတွက် မဖြစ်မနေမှတ်ထားရမယ့်စကားလုံးများ_Part 3

အရှေ့က Part 1 နဲ့ Part 2 ရဲ့အဆက်၊ နောက်ဆုံးပိုင်းပါ။ ဒီအပိုင်းမှာတော့ ထပ်ပြောစရာက နှစ်ချက်ပဲ ကျန်ပါတော့တယ်။ Estimate ခန့်မှန်းပြီးပြောရတဲ့စကားလုံးတွေနဲ့ ရှေ့ဖြစ်ကို ကြိုပြောရတဲ့စကားလုံးတွေအကြောင်းပါ။ IELTS Writing Task 1 မေးခွန်းတွေက ပုံစံသတ်မှတ်ပြီးသားထဲက graph or table or chart တစ်ခုမဟုတ် တစ်ခါလာမှာပါ။ ခန့်မှန်းရလွယ်ပါတယ်။ အဲ့ဒီမှာ table တွေဆိုရင် ဂဏန်းတွေနဲ့ တခါတည်းပြထားတဲ့အတွက် သေချာရေးလို့ရပါတယ်။ အောက်မှာပြထားတဲ့ ဇယားတွေလိုဆိုရင်တော့ ဂဏန်းဘယ်လောက်တက်လဲ ပြောလို့မရဘဲ ခန့်မှန်းခြေကိုပဲအနီးစပ်ဆုံးရေးပြလို့ရတဲ့ပုံစံတွေလည်း ရှိပါတယ်။ အနီးစပ်ဆုံးကိုပြလို့ရတဲ့ စာလုံးတွေဆို ဒီစာလုံးတွေထဲက ယူသုံးလို့ရပါတယ်။ approximatelyroughlyaboutaroundalmostjust belowjust underjust abovejust overnearly Sentence examples: The number … Continue reading IELTS Writing Task 1 အတွက် မဖြစ်မနေမှတ်ထားရမယ့်စကားလုံးများ_Part 3

နယ်သာလန်နိုင်ငံမှာ Full Scholarship နဲ့ MSc in Human Geography ဘွဲ့လွန်လျှောက်မယ်

မကြာသေးမီက နယ်သာလန်အစိုးရရဲ့ Orange Knowledge Programme (OKP) အကြောင်း အနည်းငယ်ရေးသားခဲ့ပါတယ်။ အဲ့ဒီကနေတစ်ဆင့်ပြီးတစ်ဆင့်ထပ်ရှာကြည့်လိုက်တော့ မြန်မာနိုင်ငံနဲ့ကိုက်ညီတဲ့ ဘာသာရပ်တစ်ခုကိုတွေ့ခဲ့ပါတယ်။ အဲ့ဒါကတော့ Conflicts, Territories and Identities နဲ့ပတ်သက်တဲ့ ဘွဲ့လွန်သင်တန်းပါ။ တစ်နှစ်ကြာတက်ရောက်ရမှာဖြစ်ပြီး နိုင်ငံတကာကျောင်သား၊ ကျောင်းသူတွေအတွက် ပညာသင်ဆုတွေလည်း စီစဉ်ပေးထားပါတယ်။ တက္ကသိုလ်ကတော့ Radboud University ဖြစ်ပြီး English ဘာသာနဲ့သင်ပေးမယ့်ဘွဲ့လွန်သင်တန်း ဖြစ်ပါတယ်။ Radboud နဲ့တွဲဖက်ဖွင့်လှစ်တဲ့ကျောင်းကလည်း ဒီဘက်အပိုင်းတွေမှာ အထူးပြုသုတေသန လုပ်နေတဲ့ Centre for International Conflict - Analysis & Management (CICAM) စင်တာဖြစ်ပါတယ်။ ဒီသင်တန်းမှာအဓိကသင်ကြားပေးမယ့် အထူးပြုဘာသာရပ်တွေကတော့ sociology ၊ anthropology၊ international relations၊ border studies၊ development … Continue reading နယ်သာလန်နိုင်ငံမှာ Full Scholarship နဲ့ MSc in Human Geography ဘွဲ့လွန်လျှောက်မယ်

IELTS Writing Task 1 အတွက် မဖြစ်မနေမှတ်ထားရမယ့် စကားလုံးများ_Part 2

အရင်တစ်ခေါက်က ဂဏန်းအတက်အကျ၊ တည်ငြိမ်နဲ့ မငြိမ်ရင် ဘယ်လိုစာလုံးတွေနဲ့ မထပ်အောင်ရေးလို့ရလဲ ပြောပြီးပြီဆိုတော့ ဒီတစ်ခေါက်ကတော့ မတူညီတဲ့ပုံစံနဲ့ ဘယ်လိုတက်လာလဲဆိုတာကို ရေးချင်တဲ့သူတွေအတွက် အနည်းငယ်ပြောပြပေးပါမယ်။ ဒီနေရာမှာဖြေဆိုသူတွေသုံးလို့ရတာကတော့ Rate ဒါမှမဟုတ် Amount နဲ့ခွဲပြီး ရေးလို့ရပါတယ်။ ဒီအောက်ကပုံမှာပြထားတဲ့အတိုင်း အပြာ၊ အနီ၊ အဝါကိန်းဂဏန်းတွေကို (∠) တက်လာတဲ့ပုံစံနဲ့ပြောချင်ရင် Rate (နှုန်း-အတက်နှုန်း၊ အကျနှုန်း) နဲ့ပြောလို့ရပြီးတော့ အတက်နှုန်း၊ အကျနှုန်းဆိုတာကို ခြုံငုံပြီးရေးပြချင်တာဆိုရင်တော့ Amount (ပမာဏ)နဲ့ပြောလို့ရပါတယ်။ ဘာလို့ဒီနှစ်ခုကိုခွဲပြောရလဲဆိုရင် Rate နဲ့ Amount အတွက် သုံးရတဲ့စကားလုံးတွေက မတူလို့ပါ။ Rate ကိုဘယ်လိုဇယားတွေမှာ သုံးရမလဲဆိုတော့ Line graph နဲ့ Bar graph တွေမှာ သုံးပါ။ Amount ကိုပြတာကတော့ graph အားလုံးမှာသုံးလို့ရပါတယ်။ အဲ့ဒီနှစ်ခုကို … Continue reading IELTS Writing Task 1 အတွက် မဖြစ်မနေမှတ်ထားရမယ့် စကားလုံးများ_Part 2

ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် University of California, Berkeley ရဲ့ Academic Writing Free Class

အင်္ဂလိပ်စာကောင်းပေမယ့် Academic နဲ့ Business writing တွေရေးတဲ့အခါ အားနည်းချက်လေးတွေရှိလို့ ဘယ်လိုတိုးတက်အောင်လုပ်ရမလဲ၊ ဘယ်မှာသင်ရမလဲလို့ မေးကြတာရှိပါတယ်။ အပြင်သင်တန်းဆိုရင် Academic & Business writing သင်တန်းတွေက ဈေးကြီးတဲ့အတွက် သာမန်လူငယ်တွေအနေနဲ့ တက်နိုင်ဖို့က အခက်အခဲတွေရှိပါတယ်။ ဒီတော့ Academic & Business writing ကို အွန်လိုင်းကနေပဲ အခမဲ့သင်လို့ရမယ့်သင်တန်းတွေကို ရှာကြည့်လိုက်တော့ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် (၁၀) ခုထဲက တစ်ခုဖြစ်တဲ့ University of California, Berkeley ကနေ Free ဖွင့်လှစ်ပေးထားတဲ့ course တစ်ခုကို တွေ့ခဲ့ပါတယ်။ Academic & Business writing အတွက် အခြေခံလိုအပ်ချက်တွေကစပြီး စကားလုံး၊ Structure ၊ Editing၊ Writing style … Continue reading ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် University of California, Berkeley ရဲ့ Academic Writing Free Class

Band 7.5 IELTS Writing Task 2 Essay Samples

IELTS Writing Task 2_Essay Sample Some claim that studying abroad has great benefits for a student’s home country. To what extent do you agree or disagree? Write at least 250 words. Band 7.5 IELTS Essay written by IELTS-practice website’s student: Due to an increase in the effects of globalization, many youngsters chose to pursue their … Continue reading Band 7.5 IELTS Writing Task 2 Essay Samples

IELTS Writing Task 1 အတွက် မဖြစ်မနေမှတ်ထားရမယ့် စကားလုံးများ_Part 1

IELTS စာမေးပွဲမှာ အဓိကဖြေဆိုရမယ့် အပိုင်း (၄) ခုရှိပါတယ်။ အဲ့ဒါကတော့ Reading ၊ Writing ၊ Listening ၊ Speaking ဆိုတဲ့အပိုင်း (၄) ပိုင်းပါ။ အခု SA ကပြောပြပေးမယ့်အပိုင်းကတော့ Writing Test အတွက် ဖြစ်ပါတယ်။ IELTS Writing Test မှာ Task နှစ်ခုပါပါတယ်။ Task 1 နဲ့ Task 2 နှစ်ခုပါ။ Task 1 မှာ အဓိကဖြေဆိုရမှာကတော့ မေးခွန်းပုံမှာပေးထားတဲ့ Graph ၊ Chart ၊ Table ၊ Map နဲ့ Diagram ကိုကြည့်ပြီး Paragraph ပြန်ရေးပေးရတဲ့ပုံစံပါ။ စာလုံးရေအနည်းဆုံး ၁၅၀ … Continue reading IELTS Writing Task 1 အတွက် မဖြစ်မနေမှတ်ထားရမယ့် စကားလုံးများ_Part 1

An Outline History of East Asia to 1200

University of California ရဲ့ Textbook စာအုပ်တစ်ခုကို စာကြည့်တိုက်တစ်ခုက မကြာသေးခင်က ရှာတွေ့ခဲ့ပါတယ်။ အာရှသမိုင်းနဲ့ပတ်သက်ပြီး ဖတ်ချင်လို့သိမ်းထားတဲ့စာအုပ်ပါ။ လွန်ခဲ့တဲ့နှစ် ၁၂၀၀ ကစပြီး အရှေ့အာရှရဲ့သမိုင်းအကြောင်း ယဉ်ကျေးမှု၊ လူမှုဘဝတွေနဲ့ ဒဏ္ဍာရီတွေအကြောင်းတွေပါ ရေးသားထားလို့ စိတ်ဝင်စားဖို့တော်တော်လေးကောင်းပါတယ်။ သေချာပါတယ် အရှေ့နှစ်မျက်နှာလောက်ဖတ်ပြီးရင် လက်ကမချနိုင်အောင် ဆက်ဖတ်ချင်နေမှာပါ။ Writer: Sarah Schneewind / Download: An Outline History of East Asia to 1200