Cambridge English သင်ခန်းစာတွေက အသက် (၃) နှစ်~(၅) နှစ်အထက် ကလေးတွေအတွက် ကျွမ်းကျင်မှု Level အလိုက်သင်လို့ရတဲ့ အင်္ဂလိပ်စာသင်တန်းတွေဖြစ်တဲ့အတွက် ဆရာ ဆရာမတွေ၊ မိဘတွေ၊ အုပ်ထိန်းသူတွေက ဘေးကနေကူညီပေးရုံပါပဲ။ မြန်မာနိုင်ငံလိုအခြေအနေမျိုးမှာ အပြင်ကျောင်းမှာ အင်္ဂလိပ်ဘာသာစကားသင်တန်းတက်ဖို့ဆိုတာ မြို့ကြီးတွေကသူတွေအတွက် အဆင်ပြေပေမယ့် သင်တန်းရွေးချယ်စရာ ရှားပါးတဲ့နေရာက ကလေးတွေအတွက် သူတို့အသက်အရွယ်နဲ့လိုက်ဖက်တဲ့ အင်္ဂလိပ်ဘာသာစကားကို သင်ဖို့ဆိုရင်တော့ Cambridge English က အသင့်တော်ဆုံးပါပဲ။ အခမဲ့သင်တန်းဖြစ်တဲ့အတွက် အင်တာနက်ရတဲ့ဘယ်နေရာကမဆို သင်ယူလို့ရပါတယ်။ သင်ခန်းစာ၊ Level တစ်ခုစီပြီးတိုင်း Sample Test လေးတွေလည်း ဖြေကြည့်လို့ရပါတယ်။ တကယ့် Exam ကတော့ စာမေးပွဲကြေးသွင်းပြီးတော့ ဖြေလို့ရပါတယ်။ အွန်လိုင်းကသင်တန်းတွေရဲ့ အကျိုးကျေးဇူးက ကုန်ကျစရိတ်သက်သာပြီး အလွယ်တကူသင်ယူလို့ရတဲ့အချက်ပါ။ အားနည်းချက်ကတော့ သင်ယူသူရဲ့စိတ်ပါဝင်စားမှုပေါ်မူတည်ပြီး တိုးတက်မှုကွာခြားသွားတာပါပဲ။ ကလေးတွေအတွက်ဆိုရင်တော့ … Continue reading ကလေးငယ်များအတွက် Cambridge English ရဲ့အွန်လိုင်းသင်တန်းများ