အမေရိကန်ရဲ့ culture ကိုသိပ်မကြိုက်ဘူး ဥရောပဘက်ကျတော့လည်းဘာသာစကားကြောင့် သိပ်အဆင်မပြေဘူးဆိုရင် ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်တွေရှိပြီး နေထိုင်မှုပုံစံလည်းအေးအေးဆေးဆေးဖြစ်တဲ့ ကနေဒါနိုင်ငံကို option တစ်မျိုးထားပြီး စဉ်းစားလို့ရပါတယ်။ ကနေဒါနိုင်ငံမှာ research-focused တက္ကသိုလ်တွေအများစုရှိကြတဲ့အတွက် ဘွဲ့တစ်ခုခုရှိထားပြီးသားသူတွေ Master ၊ PhD အတွက်ဆိုရင် ကနေဒါကိုလည်းထည့်စဉ်းစားသင့်ပါတယ်။ ကနေဒါတက္ကသိုလ်တိုင်းမှာ အင်္ဂလိပ်နဲ့ ပြင်သစ်ဘာသာစကားကို အဓိကသုံးကြပြီး တချို့တက္ကသိုလ်တွေဆိုရင် IELTS မလိုဘဲ တခြား English certificate တွေနဲ့လည်း ပညာသင်ဆုလျှောက်ထားလို့ရတဲ့တက္ကသိုလ်တွေရှိပါတယ်။ တက္ကသိုလ်ပေါ်မူတည်ပြီး language test ကိုပုံစံအမျိုးမျိုးနဲ့လက်ခံပေးပါတယ်။ ကျောင်းတက်ရင်း အသုံးစရိတ်ကာမိအောင် part-time သဘောမျိုးလုပ်ချင်တယ်ဆိုရင် ကျောင်းသားတစ်ယောက်အတွက် တစ်ပတ်ကို နာရီ (၂၀) အလုပ်လုပ်ခွင့်ပေးထားပါသေးတယ်။ semester ပြီးတဲ့အချိန်၊ ကျောင်းပိတ်ချိန်ဆိုရင် unlimited hour အလုပ်လုပ်လို့ရပါတယ်။ အဓိကကတော့ ကနေဒါနိုင်ငံမှာ နိုင်ငံတကာကျောင်းသား၊ ကျောင်းသူတွေအတွက် … Continue reading ကနေဒါပညာရေးနဲ့ နိုင်ငံတကာပညာသင်ဆုများ