တောင်ကိုရီးယားနိုင်ငံမှာ ပါရဂူဘွဲ့သွားရောက်သင်ယူချင်တဲ့ အာဆီယံနိုင်ငံကလူငယ်တွေအတွက် ကိုရီးယားတက္ကသိုလ်ပညာရေးကောင်စီ (ECUE) နဲ့ ASEAN-Korea Cooperation Fund တို့ပူးပေါင်းပြီး ASEAN HEAT Scholarship ပညာသင်ဆုအစီအစဉ် စီစဉ်ပေးထားပါတယ်။ ဒီပညာသင်ဆုရရှိတဲ့ကျောင်းသူတွေက ကိုရီးယားနိုင်ငံ Ewha Womans University မှာ (၃) နှစ်တာ Full Scholarship နဲ့သင်ကြားခွင့်ရမှာဖြစ်ပါတယ်။ အမျိုးသမီးတက္ကသိုလ်ဖြစ်တဲ့အတွက် အာဆီယံနိုင်ငံကအမျိုးသမီးတွေပဲလျှောက်လို့ရပါမယ်။ ပညာသင်ဆုလျှောက်ထားနိုင်တဲ့ နယ်ပယ်တွေကတော့ Liberal & Social Sciences၊ Natural Sciences နဲ့ Engineering တို့ပဲဖြစ်ပါတယ်။ လျှောက်လွှာတင်သွင်းရမယ့်ရက်တော့ ၂၀၂၂ ခုနှစ်၊ မတ်လ (၂) ရက်ကနေ (၁၈) ရက်အတွင်းဖြစ်ပါတယ်။ Document တွေကို Scan ဖတ်ပြီး mail နဲ့ပို့ရမှာဖြစ်သလို original documents … Continue reading ကိုရီးယား Ewha Womans University တက္ကသိုလ်ရဲ့ Doctoral ပညာသင်ဆု