Book of the Week_Dear World

ဆီးရီးယားကကြောက်မက်ဖွယ်ကောင်းတဲ့ပြည်တွင်းစစ်ပွဲတွေကြောင့် Aleppo မြို့မှာမိသားစုနဲ့အတူပိတ်မိနေခဲ့ရာကနေ နောက်ဆုံးမှာ တူရကီကိုထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့တဲ့ ကလေးငယ်တစ်ဦးက စစ်ပွဲတွေကြားက သူ့ရဲ့ဘဝအကြောင်းကိုရေးသားထားတဲ့ စာအုပ်လေးတစ်အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ စာအုပ်နာမည်က Dear World တဲ့။ Bana Alabed ဆိုတဲ့ကလေးငယ်လေးက တစ်ကမ္ဘာလုံးကစစ်ပွဲကြောင့်ထိခိုက်နစ်နာခဲ့ရတဲ့ ကလေးငယ်တွေကိုယ်စား Twitter ကနေ အားပေးလှုံ့ဆော်တဲ့ အာဂကလေးမလေးပေါ့။ သူ့ရဲ့ဘဝအကြောင်းကို သူကိုယ်တိုင်ရေးသားဖော်ပြခဲ့တဲ့စာအုပ်ဖြစ်တာမို့ အတုယူစရာကောင်းပြီး စိတ်ဝင်စားဖို့လည်းကောင်းတာကြောင့် Book of the Week အတွက်ရွေးချယ်ပေးလိုက်ပါတယ်။ I wanted to write on Twitter every day to tell people how bad it was in Aleppo and to tell them when I … Continue reading Book of the Week_Dear World

An Outline History of East Asia to 1200

University of California ရဲ့ Textbook စာအုပ်တစ်ခုကို စာကြည့်တိုက်တစ်ခုက မကြာသေးခင်က ရှာတွေ့ခဲ့ပါတယ်။ အာရှသမိုင်းနဲ့ပတ်သက်ပြီး ဖတ်ချင်လို့သိမ်းထားတဲ့စာအုပ်ပါ။ လွန်ခဲ့တဲ့နှစ် ၁၂၀၀ ကစပြီး အရှေ့အာရှရဲ့သမိုင်းအကြောင်း ယဉ်ကျေးမှု၊ လူမှုဘဝတွေနဲ့ ဒဏ္ဍာရီတွေအကြောင်းတွေပါ ရေးသားထားလို့ စိတ်ဝင်စားဖို့တော်တော်လေးကောင်းပါတယ်။ သေချာပါတယ် အရှေ့နှစ်မျက်နှာလောက်ဖတ်ပြီးရင် လက်ကမချနိုင်အောင် ဆက်ဖတ်ချင်နေမှာပါ။ Writer: Sarah Schneewind / Download: An Outline History of East Asia to 1200

Book of the Week_အင်္ဂလိပ်ဂန္တဝင်စာအုပ်ကြီးများရဲ့ ebook များစုစည်းမှု

ဒီတစ်ပတ်အတွက်တော့ မြန်မာနိုင်ငံကလူငယ်တွေ ကြားဖူးပြီးသား စာအုပ်တွေဖြစ်တဲ့ English Literature စာအုပ်တွေထဲက ဂန္တဝင်စာအုပ် (၄) အုပ်ရဲ့ ebook တွေကို Share ပေးဖို့ လုပ်ထားပါတယ်။ ebook စာအုပ်တွေကို နိုင်ငံတကာ Open Library တွေကနေ Download လုပ်ထားတာမို့ အင်္ဂလိပ်ဘာသာနဲ့ စာအုပ်ကောင်းကောင်းဖြစ်ချင်တဲ့သူတွေအတွက် အဆင်ပြေမယ်လို့ ထင်ပါတယ်။ ကိုယ့်ရပ်ရွာစာကြည့်တိုက်၊ ကျောင်းစာကြည့်တိုက်တွေအတွက် ဂန္တဝင်စာအုပ်များကို သိမ်းဆည်းထားချင်တဲ့သူများကို ရည်ရွယ်ပြီး Book of the Week ကနေ ဖော်ပြလိုက်ပါတယ်။ ebooks_pdf version (Google drive links) Charles Dickens_Great ExpectationsEmily Bronte_Wuthering HeightsLouisa M.Alcott_Little WomenCarl W. Hoffman_Saipan: The Begining of … Continue reading Book of the Week_အင်္ဂလိပ်ဂန္တဝင်စာအုပ်ကြီးများရဲ့ ebook များစုစည်းမှု