ကြီးမြတ်တဲ့သမိုင်းကြောင်းကို ဖော်ပြနေတဲ့ ပုဂံမြို့ဟောင်းနဲ့ပတ်သက်ရင် လေ့လာစရာ၊ သိစရာ မှတ်စရာတွေက မနည်းမနောပါပဲ။ ပုဂံဆိုတာ သာမန်ဓာတ်ပုံသွားရိုက်ဖို့၊ အလှအပန်းဖြေသွားဖို့ နေရာတစ်ခုထက်ပိုတယ်ဆိုတာကို ပုဂံအကြောင်းရေးသားပြုစုထားတဲ့စာအုပ်စာတမ်းတွေကတစ်ဆင့်သိနိုင်ပါတယ်။ Ancient City, Bagan, Myanmar စာရေးသူ ပုဂံကိုသွားတဲ့အချိန်တိုင်း မသွားခင်လေ့လာချင်တဲ့အပိုင်းတွေကို စာကြိုဖတ်သွားပြီး မြေပုံကအစမှတ်တတ်တဲ့အတွက် ပုဂံအကြောင်းရေးသားထားတဲ့စာအုပ်တွေ၊ ebook တွေ စုထားတာများပါတယ်။ အခုတော့ လက်ထဲရှိပြီးသား ebook တချို့ကိုပဲ SA Library မှာ တင်ပေးသွားပါမယ်။ Google link မို့ သိမ်းထားချင်တယ်ဆိုရင် အလွယ်တကူ download ဆွဲလို့လည်းရပါတယ်။ ဇော်ဂျီ - ပုဂံခေတ်ပန်းချီသဘောဇော်ဂျီ - ပုဂံခေတ် ဗုဒ္ဓဝင်ပန်းချီဇော်ဂျီ - ပုဂံမြို့ဟောင်းနှင့်ကျွန်တော် ပါရဂူ - ပုဂံခရီးသည် ပုဂံစေတီပုထိုးများ မင်းဆွေ - ပုဂံခေတ်အလှူဆိုင်ရာဆုတောင်းနှင့် … Continue reading Bagan History and Culture E-book Collection
Book of the Week_Around the World in Eighty Days
_Jules Verne ရဲ့ 'Around the world in eighty days' စာအုပ်ရော၊ ရုပ်ရှင်ပြန်ရိုက်ထားတဲ့နာမည်ကျော်ရုပ်ရှင်ကိုရော ကြားဖူးတာတော့ကြာပါပြီ။ အလွယ်တကူမမြင်မိတော့မဖတ်မိ မကြည့်ဖူးခဲ့ပါဘူး။ အခုနောက်ပိုင်း ebook တွေလိုက်စုရင်း ဒီစာအုပ်လေးတွေ့တာနဲ့ download လုပ်ထားခဲ့ပြီး အားရင်အားသလိုဖတ်နေခဲ့တာပါ။ အကုန်မပြီးသေးပေမယ့် ပြင်သစ်စာရေးဆရာ Jules Verne ရဲ့စာအုပ်ကောင်းတစ်ကောင်းဆိုတာကတော့ သေချာပြောနိုင်ပါတယ်။ Phileas Fogg က ရက် ၈၀ နဲ့ကမ္ဘာ့ဘယ်လိုပတ်လဲဆိုတာကတော့ ကိုယ်တိုင်ဖတ်ရှု့ခံစားကြည့်လိုက်ပါ။ Download: Around the world in eighty days