ဥရောပနိုင်ငံများရဲ့ တက္ကသိုလ်ကျောင်းလခများ

မြန်မာနိုင်ငံကလူငယ်အများစုကြားမှာ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ ထိုင်း၊ သြစတြေးလျ ၊ ယူအက်စ် ၊ ယူကေ စတဲ့နိုင်ငံတွေကို အဆင့်မြင့်ပညာရေးအတွက် ရွေးချယ်ကြတာတွေ့ရပြီး ဥရောပဘက်ကိုတော့ ရွေးချယ်တဲ့သူ သိသိသာသာနည်းတာတွေ့ရပါတယ်။ အဓိကက ပညာရေးဝန်ဆောင်မှုတွေအများစုကြောင့်ပါသလို ဥရောပနိုင်ငံတချို့မှာသင်ကြားမယ်ဆိုရင် ဘာသာစကား၊ ကုန်ကျစရိတ်စတာတွေကို စိတ်ပူတာလည်း ပါမယ်လို့ ထင်ပါတယ်။ တကယ်တမ်း ကုန်ကျစရိတ်နဲ့ယှဉ်ရင် ဥရောပနိုင်ငံတွေမှာ ကျောင်းစရိတ်က အခြားနိုင်ငံကြီးတွေနဲ့စာရင် သိသိသာသာနည်းသလို ထူးချွန်မှုနဲ့ နိုင်ငံအလိုက်လည်း ပညာသင်ထောက်ပံ့ကြေးတွေ ပိုရနိုင်ချေရှိပါတယ်။ တကယ်လို့ ဂျာမနီ၊ ပိုလန် တို့လိုဘာသာစကားတွေ ကျွမ်းကျင်ရင် ပိုလို့တောင်အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်။ ချဲ့ရင်ချဲ့သလောက် ပြောစရာတွေအများကြီးဆိုတော့ အခုတစ်ပတ်အတွက်ပြောမယ့် အကြောင်းအရာလေးကိုပဲ ဆက်သွားရအောင်။ ဒီတစ်ခေါက် ကျွန်မပြောပြပေးမယ့် ဥရောပ ပညာရေးအကြောင်းကတော့ ကျောင်းလခအပိုင်းပဲဖြစ်ပါတယ်။ ကျောင်းလခအပိုင်းပဲဖြစ်တဲ့အတွက် နေစရိတ်၊ အာမခံ၊ … Continue reading ဥရောပနိုင်ငံများရဲ့ တက္ကသိုလ်ကျောင်းလခများ

[Editorial] သက်ကြီးပညာရေးနဲ့ multigenerational learning

နိုင်ငံတကာသတင်းတွေထဲမှာ အသက် ၇၀ ကျော်၊ ၈၀ ကျော်၊ ၉၀ ကျော်အဖိုးအဖွားတွေ ကျောင်းပြန်တက်ပြီး ဘွဲ့ယူတဲ့ပုံတွေမြင်တော့ အော်…သူတို့နိုင်ငံတွေကလူငယ်တွေအတွက်တင်မကဘူး လူကြီးတွေအတွက်ပါ တစ်သက်တာပညာရေးကိုတာဝန်ယူပေးတဲ့နိုင်ငံတွေပါလားလို့ တွေးမိသွားတယ်။ ကျွန်မတို့နိုင်ငံမှာတော့ အခြေခံပညာရေးပြီးမြောက်နှုန်းတောင် နပ်မမှန်တုန်းရှိသေးတယ်။ အဲ့လိုသတင်းတွေမြင်ရင် သူတို့နိုင်ငံတွေကို အားကျမိတာပေါ့။ ဒါပေမဲ့ လူကြီးတွေအတွက်ဒီလိုကျောင်းပြန်တက်ပြီး စာပြန်လေ့လာခွင့်က သူတို့ဆီမှာလည်းတက္ကသိုလ်၊ ကောလိပ်၊ ကျောင်းတိုင်းမှာ တက်လို့မရသေးပါဘူး။ ကျောင်းသားသစ်ခေါ်ယူတဲ့အခါ အလုပ်အကိုင်အခွင့်အလမ်း သူ့ထက်ငါဦးစားပေးရမယ့်အရေးကိုပဲ ကျောင်းတစ်ကျောင်းနဲ့ တစ်ကျောင်းအပြိုင်အဆိုင်ခေါ်နေရတဲ့အတွက် သက်ကြီးပိုင်းတွေအတွက်ဆို ဝင်ခွင့်လူဦးရေကလည်း ကျောင်းပေါ်မူတည်ပြီး ချွင်းချက်တွေရှိတတ်ပါတယ်။ နိုင်ငံတကာမှာက အသက် ၅၀ ကျော်၊ ၆၀ ကျော်လာရင်အငြိမ်းစားယူပြီးအနားယူတဲ့သူကယူ၊ တချို့ကျတော့ ကျန်းမာရေးလည်းကောင်းတယ် အချိန်တွေကလည်းအများကြီးပိုသွားပြီဆိုတော့ ဘဝမှာသူတို့မပြီးမြောက်သေးတဲ့အရာတွေ၊ အသစ် အသစ်သောပညာတွေပြန်သင် ပြန်တက်ချင်လာတဲ့အခါ သူတို့ရွေးချယ်တက်လို့ရတဲ့ တက္ကသိုလ်၊ ကောလိပ်တွေလိုက်ရှာကြပါတယ်။ ပညာသင်ရင်းနဲ့ ငယ်ရွယ်တဲ့အချိန်တုန်းကလို သူတို့ရဲ့ဘဝကိုပြန်ပြီးအသက်ဝင်ချင်လာကြတယ်လို့ … Continue reading [Editorial] သက်ကြီးပညာရေးနဲ့ multigenerational learning