အမေရိကန်မှာ ကောလိပ်နဲ့တက္ကသိုလ်ဆက်လက်တက်ရောက်ချင်တဲ့ လူငယ်အားကစားသမားတွေနဲ့ မသန်စွမ်းသူများအတွက် ပညာသင်ဆုပံ့ပိုးပေးနေတဲ့ အဖွဲ့အစည်းတွေတော်တော်များများရှိပါတယ်။ သူတို့အစီအစဉ်တွေက မြန်မာနိုင်ငံနဲ့တော့ အလှမ်းဝေးကောင်းဝေးနိုင်ပေမယ့် ရည်မှန်းချက်လည်းရှိတယ်၊ ပညာရေးကိုလည်းစိတ်ဝင်စားတဲ့ မသန်စွမ်းသူများနဲ့ အားကစားသမားများအတွက် ဒီပညာသင်ဆုအစီအစဉ်တွေကို လေ့လာထားပြီး ကိုယ်နဲ့ကိုက်ညီရင်လျှောက်ထားလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။ ဒီနှစ်ပညာသင်ဆုအတွက် မီသေးတယ်ဆိုရင်လည်း လျှောက်ထားနိုင်ပါတယ်။ AG Bell College Scholarship အပြိုင်အဆိုင်အရမ်းများတဲ့ ပညာသင်ဆုအစီအစဉ်လို့ပြောကြတဲ့ AG Bell ပညာသင်ဆုကတော့ နားမကြားသူများအတွက်ရည်ရွယ်ပြီးပေးတဲ့ ပညာသင်ဆုအစီအစဉ်ဖြစ်ပါတယ်။ အပြိုင်အဆိုင်ဘယ်လောက်များလဲဆိုရင် လျှောက်ထားသူတွေရဲ့ ၁၅% ပဲဝင်ခွင့်ရတယ်လို့ တရားဝင်ပြောထားပြီးသားပါ။ ဒီလိုထူးချွန်ပညာသင်ဆုဖြစ်လို့ အဓိကလိုအပ်ချက်ကတော့ တက္ကသိုလ်ဝင်တန်းအမှတ်ကောင်းဖို့လိုပါမယ်။ ဒါမှမဟုတ် တက္ကသိုလ်ပထမနှစ်တက်နေတယ်ဆိုရင်လည်း ပထမနှစ်အမှတ်စာရင်းပါ ပူးတွဲတင်ပေးရပါမယ်။ Recommendation (၃) စောင်လိုပါမယ်။ ကိုယ်တက်ချင်တဲ့ အမေရိကန်ကောလိပ်မှာဝင်ခွင့်မီတဲ့သူဖြစ်ရင် ပိုအဆင်ပြေပါတယ်။ ပညာသင်ဆုလျှောက်လွှာတွေကို မတ်လ (၄) ရက်မတိုင်ခင် အွန်လိုင်းကတစ်ဆင့်လျှောက်လွှာတင်ရပါမယ်။ Application … Continue reading မသန်စွမ်းနဲ့ အားကစားသမားများအတွက် နိုင်ငံတကာပညာသင်ဆုများ
IELTS Writing Task 1 အတွက် မဖြစ်မနေမှတ်ထားရမယ့်စကားလုံးများ_Part 3
အရှေ့က Part 1 နဲ့ Part 2 ရဲ့အဆက်၊ နောက်ဆုံးပိုင်းပါ။ ဒီအပိုင်းမှာတော့ ထပ်ပြောစရာက နှစ်ချက်ပဲ ကျန်ပါတော့တယ်။ Estimate ခန့်မှန်းပြီးပြောရတဲ့စကားလုံးတွေနဲ့ ရှေ့ဖြစ်ကို ကြိုပြောရတဲ့စကားလုံးတွေအကြောင်းပါ။ IELTS Writing Task 1 မေးခွန်းတွေက ပုံစံသတ်မှတ်ပြီးသားထဲက graph or table or chart တစ်ခုမဟုတ် တစ်ခါလာမှာပါ။ ခန့်မှန်းရလွယ်ပါတယ်။ အဲ့ဒီမှာ table တွေဆိုရင် ဂဏန်းတွေနဲ့ တခါတည်းပြထားတဲ့အတွက် သေချာရေးလို့ရပါတယ်။ အောက်မှာပြထားတဲ့ ဇယားတွေလိုဆိုရင်တော့ ဂဏန်းဘယ်လောက်တက်လဲ ပြောလို့မရဘဲ ခန့်မှန်းခြေကိုပဲအနီးစပ်ဆုံးရေးပြလို့ရတဲ့ပုံစံတွေလည်း ရှိပါတယ်။ အနီးစပ်ဆုံးကိုပြလို့ရတဲ့ စာလုံးတွေဆို ဒီစာလုံးတွေထဲက ယူသုံးလို့ရပါတယ်။ approximatelyroughlyaboutaroundalmostjust belowjust underjust abovejust overnearly Sentence examples: The number … Continue reading IELTS Writing Task 1 အတွက် မဖြစ်မနေမှတ်ထားရမယ့်စကားလုံးများ_Part 3
Band 7.5 IELTS Writing Task 2 Essay Samples
IELTS Writing Task 2_Essay Sample Some claim that studying abroad has great benefits for a student’s home country. To what extent do you agree or disagree? Write at least 250 words. Band 7.5 IELTS Essay written by IELTS-practice website’s student: Due to an increase in the effects of globalization, many youngsters chose to pursue their … Continue reading Band 7.5 IELTS Writing Task 2 Essay Samples
နယ်သာလန်အစိုးရရဲ့ Orange Knowledge Programme ပညာသင်ဆုများ
ပညာသင်ဆုအကြောင်းတွေ သိပ်မတင်ဖြစ်တော့ပေမယ့် Short courses တက်လို့ရတဲ့ institution တွေရွေးချယ်စရာအများကြီးရှိတဲ့နိုင်ငံမို့ ဒီပညာသင်ဆုအကြောင်းတော့ အနည်းငယ်ပြောပြပေးချင်ပါတယ်။ ဒါကြောင့် ဒီနေ့တော့ နယ်သာလန်နိုင်ငံက တက္ကသိုလ်တွေ၊ သင်တန်းကျောင်းတွေမှာ Short courses နဲ့ မာစတာတန်း ဆက်လက်တက်ရောက်ဖို့ စီစဉ်ထားတဲ့ မြန်မာနိုင်ငံအပါအဝင်ဖွံ့ဖြိုးဆဲနိုင်ငံက လူငယ်တွေအတွက် ပညာသင်ထောက်ပံ့ကြေးပံ့ပိုးပေးနေတဲ့ Orange Knowledge Programme (OKP) အစီအစဉ်အကြောင်းလေး နည်းနည်း Sharing လုပ်ပါမယ်နော်။ ဒီပညာသင်ဆုအစီအစဉ်ကနေ ထောက်ပံ့ပေးနေတဲ့ ပညာသင်ဆုအမျိုးအစား (၂) ခုရှိပါတယ်။ Short courses (နှစ်ပတ်ကနေ ၁၂ လအတွင်း)ကိုထောက်ပံ့ပေးတဲ့ ပညာသင်ဆုတွေနဲ့ နယ်သာလန်နိုင်ငံမှာ သဘာဝပတ်ဝန်းကျင်၊ ဖွံ့ဖြိုးရေး၊ စီးပွားရေးစတဲ့ဘာသာရပ်တွေနဲ့ပတ်သက်ပြီး မာစတာဘွဲ့ (တစ်နှစ်မှ နှစ်နှစ်အတွင်းကြာ) တက်ရောက်ဖို့ စီစဉ်ထားသူတွေအတွက် ထောက်ပံ့ပေးတဲ့ ပညာသင်ဆုတွေဆိုပြီး အမျိုးအစားနှစ်ခုရှိပါတယ်။ နယ်သာလန်အစိုးရရဲ့ပညာသင်ဆုအများစုက … Continue reading နယ်သာလန်အစိုးရရဲ့ Orange Knowledge Programme ပညာသင်ဆုများ
ကလေးငယ်များအတွက် Cambridge English ရဲ့အွန်လိုင်းသင်တန်းများ
Cambridge English သင်ခန်းစာတွေက အသက် (၃) နှစ်~(၅) နှစ်အထက် ကလေးတွေအတွက် ကျွမ်းကျင်မှု Level အလိုက်သင်လို့ရတဲ့ အင်္ဂလိပ်စာသင်တန်းတွေဖြစ်တဲ့အတွက် ဆရာ ဆရာမတွေ၊ မိဘတွေ၊ အုပ်ထိန်းသူတွေက ဘေးကနေကူညီပေးရုံပါပဲ။ မြန်မာနိုင်ငံလိုအခြေအနေမျိုးမှာ အပြင်ကျောင်းမှာ အင်္ဂလိပ်ဘာသာစကားသင်တန်းတက်ဖို့ဆိုတာ မြို့ကြီးတွေကသူတွေအတွက် အဆင်ပြေပေမယ့် သင်တန်းရွေးချယ်စရာ ရှားပါးတဲ့နေရာက ကလေးတွေအတွက် သူတို့အသက်အရွယ်နဲ့လိုက်ဖက်တဲ့ အင်္ဂလိပ်ဘာသာစကားကို သင်ဖို့ဆိုရင်တော့ Cambridge English က အသင့်တော်ဆုံးပါပဲ။ အခမဲ့သင်တန်းဖြစ်တဲ့အတွက် အင်တာနက်ရတဲ့ဘယ်နေရာကမဆို သင်ယူလို့ရပါတယ်။ သင်ခန်းစာ၊ Level တစ်ခုစီပြီးတိုင်း Sample Test လေးတွေလည်း ဖြေကြည့်လို့ရပါတယ်။ တကယ့် Exam ကတော့ စာမေးပွဲကြေးသွင်းပြီးတော့ ဖြေလို့ရပါတယ်။ အွန်လိုင်းကသင်တန်းတွေရဲ့ အကျိုးကျေးဇူးက ကုန်ကျစရိတ်သက်သာပြီး အလွယ်တကူသင်ယူလို့ရတဲ့အချက်ပါ။ အားနည်းချက်ကတော့ သင်ယူသူရဲ့စိတ်ပါဝင်စားမှုပေါ်မူတည်ပြီး တိုးတက်မှုကွာခြားသွားတာပါပဲ။ ကလေးတွေအတွက်ဆိုရင်တော့ … Continue reading ကလေးငယ်များအတွက် Cambridge English ရဲ့အွန်လိုင်းသင်တန်းများ
ဖေဖော်ဝါရီမှာ လျှောက်လွှာပြန်ဖွင့်မယ့် သြစတြေးလျအစိုးရပညာသင်ဆု
မြန်မာနိုင်ငံအပါအဝင် အင်ဒိုပစိဖိတ်နိုင်ငံတော်တော်များများကနေ လျှောက်ထားနိုင်တဲ့ သြစတြေးလျ အစိုးရပညာသင်ဆု အစီအစဉ်က မကြာခင်မှာပဲ ၂၀၂၃ ခုနှစ်အတွက် လျှောက်လွှာတွေ စတင်လက်ခံပေးပါတော့မယ်။ ခါတိုင်းနှစ်တွေအတိုင်းဆိုရင်တော့ ဖေဖော်ဝါရီလ (၁) ရက်နေ့ကနေ မေလ (၃၁)ရက်နေ့အထိ လျှောက်လွှာများကို လက်ခံပေးမှာပါ။ Australia Awards Scholarships အတွက် ဘယ်သူတွေလျှောက်ထားနိုင်လဲဆိုရင် ဘွဲ့ကြိုနဲ့ ဘွဲ့လွန်သင်တန်း နှစ်မျိုးအတွက်လျှောက်ထားနိုင်ပါတယ်။ လျှောက်ထားသူတွေထဲက ပညာသင်ဆုရခဲ့ရင် သြစတြေးလျအစိုးနဲ့ စာချုပ်ချုပ်ဆိုဖို့လိုပါတယ်။ ဒီစာချုပ်ထဲမှာ ပညာသင်ဆုပြီးတဲ့အချိန် အနည်းဆုံး နှစ်နှစ်အတွင်း နိုင်ငံကပြန်ထွက်ခွာရမယ့်အချက်နဲ့ ပညာသင်ဆုရတဲ့ကာလအတွင်းမှာ စာမေးပွဲကျရှုံးခဲ့ရင် ပညာသင်ဆုရထားတဲ့ပမာဏကို လျော်ကြေးပြန်ပေးရမယ်ဆိုတဲ့အချက်လည်း ပါပါလိမ့်မယ်။ Australia Awards Scholarships ပညာသင်ဆု ပညာသင်ဖို့လိုအပ်တဲ့အလုံးစုံနီးပါးကို သြစတြေးလျအစိုးရက ကုန်ကျခံပေးမှာဖြစ်လို့ ကျောင်းလခ၊ လေယာဉ်အသွားအပြန်စရိတ်၊ ကျောင်းသုံးကုန်ကျစရိတ်၊ နေထိုင်စရိတ်၊ IAP ကုန်ကျစရိတ်၊ ကျန်းမာရေးစရိတ်၊ … Continue reading ဖေဖော်ဝါရီမှာ လျှောက်လွှာပြန်ဖွင့်မယ့် သြစတြေးလျအစိုးရပညာသင်ဆု
ကမ္ဘာ့ထိပ်တန်း ဟားဗက်တက္ကသိုလ်ရဲ့အခမဲ့သင်တန်းများ
ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခုဖြစ်တဲ့ ဟားဗက်တက္ကသိုလ်က ပါမောက္ခတွေရဲ့ Lectures တွေကို အခမဲ့တက်ရောက်နားထောင်ခွင့်ရမယ့် သင်တန်းတွေရှိတာ သင်သိပါသလား? ဘာသာရပ်မျိုးစုံနဲ့ သင်တန်းအမျိုးပေါင်းများစွာထဲက ကိုယ့်စိတ်ကြိုက်ဘာသာရပ်ကို ရွေးချယ်တက်ရောက်လို့ရတယ်ဆိုတာရော သိပါသလား? ဟားဗက်တက္ကသိုလ်နဲ့ edX တို့ပူးပေါင်းပြီး နိုင်ငံတကာက လူငယ်များ၊ ကျောင်းသား ကျောင်းသူများအတွက် သမိုင်း၊ သင်္ချာ၊ သိပ္ပံ၊ နိုင်ငံရေးသိပ္ပံ၊ ကွန်ပျူတာ၊ အနုပညာ စတဲ့ဘာသာရပ်တွေနဲ့ပတ်သက်ပြီး Free courses တွေကို ဖွင့်လှစ်ပေးနေတာ ကြာပါပြီ။ edX မှာ register လုပ်ပြီး Account ဖွင့်ထားရုံနဲ့ ဟားဗက်တက္ကသိုလ်အပါအဝင် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်ကြီးများစွာရဲ့ အခမဲ့အွန်လိုင်းသင်တန်းတွေကို အိမ်မှာနေရင်း လေ့လာနိုင်ပါတယ်။ ပညာအရည်အချင်း၊ ကျား မခွဲခြားမှုမရှိဘဲ လူတိုင်းအခမဲ့နားထောင်ခွင့်၊ လေ့လာသင်ကြားခွင့်ရတဲ့ သင်တန်းများဖြစ်တဲ့အတွက် ကိုယ့်အတွက်အသုံးဝင်မယ့်ဘာသာရပ်မျိုး၊ ကိုယ်စိတ်ဝင်စားနေတဲ့ ဘာသာရပ်မျိုးတွေ့ရင် Enroll လုပ်ပြီး … Continue reading ကမ္ဘာ့ထိပ်တန်း ဟားဗက်တက္ကသိုလ်ရဲ့အခမဲ့သင်တန်းများ
ဂျပန်နိုင်ငံမှာပညာဆက်လက်သင်ယူချင်သူတိုင်း သိထားသင့်တဲ့ ဂျပန်ပညာရေးစနစ်နဲ့ ပညာသင်ဆုများအကြောင်း
Written by Scholarship Announcementsဒီနှစ်တွေထဲမှာ ပညာသင်သွားချင်တဲ့လူငယ်တွေကြားထဲ သိသိသာသာလူပြောများလာတဲ့နိုင်ငံကတော့ ဂျပန်နိုင်ငံပါပဲ။ သူပြီးရင် တောင်ကိုရီးယားပေ့ါ။ အရင်ကတော့ အမေရိကန်၊ ဗြိတိန် ၊ သြစတျေးလျ၊ စင်ကာပူ၊ ကနေဒါ စတဲ့နိုင်ငံတွေကို အများဆုံးကြားခဲ့ရပြီး အခုနောက်ပိုင်းမှာတော့ ဂျပန်နိုင်ငံက လူပြောအများဆုံး ဖြစ်နေတာတွေကို တွေ့ရပါတယ်။ နိုင်ငံတကာကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ အခြေခံပညာပြီးသွားရင် ဂျပန်နိုင်ငံမှာ ပညာဆက်လက်သင်ကြားဖို့ ရွေးချယ်စရာ (၅) လမ်းရှိပါတယ်။ (1) Colleges of technology ၊ (2) Professional training colleges ၊ (3) Junior colleges ၊ (4) Universities (Bachelor programs) နဲ့ (5) Graduate schools (Master & … Continue reading ဂျပန်နိုင်ငံမှာပညာဆက်လက်သင်ယူချင်သူတိုင်း သိထားသင့်တဲ့ ဂျပန်ပညာရေးစနစ်နဲ့ ပညာသင်ဆုများအကြောင်း