စပိန်တက္ကသိုလ်တွေမှာသုံးခဲ့တဲ့ ကိုဗစ်ကာလ သင်ကြားရေးစနစ်များ

Written by Scholarship Announcements မပြီးဆုံးနိုင်တဲ့ COVID-19 ရဲ့နောက်ဆက်တွဲဗိုင်းရပ်အသစ်တွေနဲ့ ကူးစက်မှုနှုန်း ပြန်မြင့်တက်လာတွေကြောင့် နိုင်ငံတကာပညာရှင်တွေ၊ တက္ကသိုလ်တွေက သင်ကြားရေးစနစ်သစ်တွေဖန်တီးပြီး ပညာရေးကဏ္ဍ မရပ်တန့်သွားရအောင် ကြိုးစားခဲ့ကြပါတယ်။ စနစ်သစ်တော်တော်များများက ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ငွေကြေးအင်အား၊ နည်းပညာအားနည်းချက်ကြောင့် အခက်အခဲတွေရှိနေပေမယ့် ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ အချိန်တိုအတွင်း ကျင့်သားရလာပါတယ်။ ရောဂါဖြစ်ပွားမှုမြင့်မားခဲ့တဲ့ စပိန်နိုင်ငံမှာဆိုရင် သမိုင်းတစ်လျှောက် အရှည်လျားဆုံးအရေးပေါ်အခြေအနေ State of Alarm ကိုဖြတ်သန်းခဲ့ရပြီးတဲ့နောက် ပညာရေးဘက်မှာ ဖြေလျော့မှုတွေ တဖြည်းဖြည်း တိုးလာခဲ့ပါတယ်။ New Normal ကို စပိန်နိုင်ငံအနေနဲ့ တခြားဖွံ့ဖြိုးပြီးနိုင်ငံများနည်းတူ ပညာရေးဘက်မှာလည်း ကောင်းကောင်းအသုံးချခဲ့ပါတယ်။ စပိန်အစိုးရက အထိနာခဲ့တဲ့ ပညာရေးကဏ္ဍအတွက် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၄) ရက်နေ့မှာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ကို ဇွန်လမှာ ရပ်မယ်လို့ ကြေညာချက်ထုတ်လိုက်ပါတယ်။ … Continue reading စပိန်တက္ကသိုလ်တွေမှာသုံးခဲ့တဲ့ ကိုဗစ်ကာလ သင်ကြားရေးစနစ်များ

ဖုန်းထဲမှာ Install လုပ်ထားသင့်တဲ့ Learning Application (၅) ခု

1. edX ဘာသာရပ်ပေါင်းများစွာကို Free သင်ယူလို့ရမယ့် edX ရဲ့ Mobile version တစ်ခုပါ။ နိုင်ငံတကာ ထိပ်တန်းတက္ကသိုလ်ကြီးတွေရဲ့ ပါမောက္ခတွေကိုယ်တိုင် သင်ပေးတဲ့ Course တွေလည်း အများကြီးရှိပါတယ်။ တကယ်လို့ ကိုယ်က အသိအမှတ်ပြု Certificate ပါလိုချင်တယ်ဆိုရင်တော့ ကိုယ်တတ်ချင်တဲ့ သင်တန်းအမျိုးအစား၊ Level လိုက် fee တွေ ကွာသွားပါတယ်။ Professional course တွေအပြင် Master course တွေပါ Online learning လုပ်လို့ရပါတယ်။ Free သင်ချင်တယ်ဆိုရင်တော့ Practice တွေမှာ ဝင်ပါလို့မရပါဘူး။ ကျောင်းလခသွင်းထားရင်တော့ Discussion တွေမှာရော၊ Assignment တွေမှာပါ ကိုယ်တိုင်ပါဝင်ပြီး credit တွေ ယူလို့ရပါတယ်။ Download➡️ edX Application … Continue reading ဖုန်းထဲမှာ Install လုပ်ထားသင့်တဲ့ Learning Application (၅) ခု

ကမ္ဘာ့အကောင်းဆုံး စာကြည့်တိုက်ကြီးများရှိတဲ့ တက္ကသိုလ်ကြီးများ_အပိုင်း (၂)

𝐇𝐚𝐫𝐯𝐚𝐫𝐝 𝐋𝐢𝐛𝐫𝐚𝐫𝐲 (သို့ ) ကမ္ဘာ့ရတနာသိုက် “𝐖𝐞 𝐜𝐡𝐚𝐦𝐩𝐢𝐨𝐧 𝐜𝐮𝐫𝐢𝐨𝐬𝐢𝐭𝐲 𝐟𝐨𝐫 𝐭𝐡𝐞 𝐛𝐞𝐭𝐭𝐞𝐫𝐦𝐞𝐧𝐭 𝐨𝐟 𝐭𝐡𝐞 𝐰𝐨𝐫𝐥𝐝.” Credit: original uploader ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်ကြီးမှာ ကမ္ဘာ့အကောင်းဆုံးစာကြည့်တိုက်ရှိတာ ထူးခြားတဲ့ကိစ္စတော့မဟုတ်ပေမယ့် အဲ့ဒီစာကြည့်တိုက်ထဲမှာရှိတဲ့ ရှားပါး Collection တွေ၊ စာအုပ်တွေ၊ ရှားပါးဓာတ်ပုံတွေကတော့ တကယ့်ကိုအံ့သြသင့်စရာကောင်းတဲ့ထူးခြားမှုပါ။ ဟားဗက်စာကြည့်တိုက်ကို ၁၆၃၈ ခုနှစ်က စတင်ခဲ့တာဆိုတော့ အခုဆိုရင် နှစ်ပေါင်း ၃၈၀ ကျော်သက်တမ်းရှိခဲ့ပါပြီ။ ဟားဗက်စာကြည့်တိုက်က အမေရိကန်ပြည်ထောင်စုရဲ့ သက်တမ်းအရင့်ဆုံးတက္ကသိုလ်စာကြည့်တိုက်ဖြစ်ပြီးတော့ ကမ္ဘာ့အကြီးဆုံး Academic စာကြည့်တိုက်ကြီးလည်းဖြစ်ပါတယ်။ တခြားစာကြည့်တိုက်တွေလိုပဲ ဟားဗက်စာကြည့်တိုက်တွေမှာလည်း အွန်လိုင်း ဒါမှမဟုတ် ဌားရမ်းဖတ်ရှု့လေ့လာလို့ရတဲ့ ပညာရပ်ဆိုင်ရာစာအုပ်တွေလည်း အများကြီးပါ။ စာကြည့်တိုက်ရဲ့တရားဝင်ထုတ်ပြန်ချက်အရဆိုရင် သူတို့ဆီမှာ Digitized လုပ်ထားတဲ့ item ပေါင်း … Continue reading ကမ္ဘာ့အကောင်းဆုံး စာကြည့်တိုက်ကြီးများရှိတဲ့ တက္ကသိုလ်ကြီးများ_အပိုင်း (၂)