Chevening Scholarship လျှောက်လွှာတွေ လာမယ့်သြဂုတ် (၂) ရက်နေ့မှာ ပြန်လက်ခံပြီ

ဗြိတိန်အစိုးရက လာမယ့်နှစ်အတွက် Chevening Scholarship လျှောက်လွှာတွေကို သြဂုတ်လ (၂) ရက်နေ့မှာ စတင်လက်ခံပါတော့မယ်။ အစိုးရပညာသင်ဆုဖြစ်တဲ့အတွက် ပညာသင်ဆုရရှိတဲ့သူတွေက လေယာဉ်စရိတ်၊ ကျောင်းစရိတ်၊ အာမခံကြေး၊ နေထိုင်စရိတ်အားလုံး အကျိုးခံစားခွင့်ရှိမှာပါ။ ဒီပညာသင်ဆုက လူငယ်၊ လူလတ်ပိုင်းထဲက သက်ဆိုင်ရာနယ်ပယ်မှာကျွမ်းကျင်ဦးဆောင်နေတဲ့ လူငယ်ခေါင်းဆောင်တွေအတွက် ထောက်ပံ့တဲ့အစီအစဉ်ဖြစ်ပါတယ်။ လုပ်ငန်းအတွေ့အကြုံ၊ လူမှုအကျိုးပြုလုပ်ငန်းတွေမှာ ဦးဆောင်နိုင်မှုစွမ်းရည်မြင့်မားမှသာ အဆင်ပြေနိုင်မယ့် ပညာသင်ဆုတစ်ခုဖြစ်ပါတယ်။ Chevening scholarship က Postgraduate program(Master Program) အတွက် လက်ခံပေးတဲ့ အစီအစဉ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံကလည်း နှစ်စဉ်ပညာသင်ဆုရရှိတဲ့သူတွေ ရှိပါတယ်။ ၂၀၂၂-၂၀၂၃ အတွက်ကတော့ လျှောက်လွှာပိတ်သွားပါပြီ။ ၂၀၂၃-၂၀၂၄ အတွက်ကိုတော့ ဒီလာမယ့် သြဂုတ်လ (၂) ရက်ကနေ နိုဝင်ဘာလ (၁) ရက်နေ့အထိ လက်ခံသွားမှာပါ။အသေးစိတ်ကို သက်ဆိုင်ရာဝက်ဆိုက်ကနေ ဆက်လက်ဖတ်ရှု့နိုင်ပါပြီ။ Website: … Continue reading Chevening Scholarship လျှောက်လွှာတွေ လာမယ့်သြဂုတ် (၂) ရက်နေ့မှာ ပြန်လက်ခံပြီ